Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က အောင်ကြီးရဲ့ ရှေ့နေကို ပုဒ်မ (၂)ခုဖြင့် အမှုဖွင့်
Posted on
Unicode
နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေကို ပုဒ်မ (၂)ခုဖြင့် အမှုဖွင့်
ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှာ ပုဒ်မ(၂)ခုနဲ့ အမှုဖွင့်ထားပါတယ်။
အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမည်ဟု ဒေါ်ဥမ္မာလှိုင်ပြောကြား…… နေပြည်တော် စက်တင်ဘာ ၂၅ – “သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီချပြသွားမယ်” ဟု Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကပြောသည်။
ယနေ့နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ ပတ္တာရဲစခန်းသို့ ဒါ်ဥမ္မာလှိုင်ကလာရောက်စဉ် မီဒီယာများ၏မေးမြန်းမှုကိုပြောကြားခဲ့ခြင်းဖြစ်သည်။တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်ဥပဒေဆိုင်ရာ ပုဒ်မ ၁၀၁(က)(၂)နှင့် နိုင်၊ လွတ်၊ လုံ ဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရပြီး ယနေ့ပတ္တာ ရဲစခန်းတွင် ခံဝန်လုပ်ထားကြောင်းသိရသည်။ အေးအေးဟန်
Share from Baganthar