“ဒါဖတ္ၿပီးမွ မဂၤလာေဆာင္ ဖိတ္စာ လာပုိ႔ပါ”

Posted on

ကဲ…ဝါကၽြတ္ေတာ့မယ္ဆိုေတာ့ ဒါေလးဖတ္ၿပီးမွ မဂၤလာေဆာင္ဖိတ္စာလာပို႔ပါေနာ္….

သိသိမသိသိ တစ္လမ္းလံုး တစ္ရပ္ကြက္လံုး လိုက္လိုက္မဖိတ္ပါနဲ႔ေနာ္.. သြားလို႔မွ ကိုယ့္လည္းသူမသိ သူ႔လည္းကိုယ္မသိ ေမ်ာက္အိုႀကီးလို အူေၾကာင္ေၾကာင္ထိုင္ေနရမယ့္ပြဲကို မလာႏိုင္ပါဘူး… ေနတာက ၿမိဳ႕စြန္ၿမိဳ႕ဖ်ား ေဆာင္တာက ၿမိဳ႕လည္ေခါင္ဟိုတယ္ ကားရွိလည္း ကိုယ့္ကားကိုယ္ေမာင္းသြားရမွာ ကားမရွိရင္ ကားငွားသြားရမွာ လက္ဖြဲ႕နဲ႔ဆီဖိုးနဲ႔ taxiခ နဲ႔ အရမ္းခင္လို႔ မိတ္ေဆြရင္းေတြမို႔ မ်က္ႏွာနာရလို႔သြားတာကိစၥမရွိေပမယ့္ သာမန္ေမးထူးေခၚေျပာအဆင့္နဲ႔ေတာ့ လာလာမဖိတ္ပါနဲ႔ အားနာလို႔ သံုးေလးေသာင္းအကုန္ခံရေအာင္ ေဘာစိမဟုတ္ပါ..

လက္ဖြဲ႕က်ေတာ့ယူခ်င္တယ္ ေကၽြးတာၾကေတာ့ ေပ်ာ့ျပဲဒံေပါက္ မာေၾကာၾကက္ဆီထမင္း ေရက်ဲအုန္းႏို႔ေခါက္ဆြဲနဲ႔ ေရခဲမုန္႔တစ္ခါလာခ်ဖို႔ လည္ပင္းရွည္ေအာင္ေစာင့္ေနရတဲ့ ေစတနာမပါဘဲအျဖစ္ေဆာင္တဲ့ မဂၤေဆာင္ဆိုရင္လာမဖိတ္ပါနဲ႔ မက္ဆန္ဂ်ာကေန ဖိတ္စာႀကီးကို forward နဲ႔ ရွိသမၽွလူ အကုန္ send ေနရင္လည္း မလာပါဘူးေနာ္ လူေတာင္လာမဖိတ္ႏိုင္တဲ့ပြဲကို လူကိုယ္တိုင္လည္းမလာႏိုင္ပါဘူး လက္ဖြဲ႕ကိုလည္း ဓာတ္ပံုပဲပို႔လိုက္ပါ့မယ္/

ကိုယ့္အိမ္ရဲ႕ သာေရးနာေရးတုန္းက မသိသလိုလို အရူးကြက္ေတြနင္း လာေဖာ္မရ သတင္းေမးေဖာ္မရဘဲ သူတို႔ေဆာင္ေတာ့မွ ဖုန္းနဲ႔တစ္မ်ိဳး လူကိုယ္တိုင္တစ္ဖံု မက္ဆန္ဂ်ာက တစ္သြယ္ ေသမလို အတင္းလာလာဖိတ္တဲ့လူေတြလည္း sorry ပါေနာ္… ကိုယ္လည္း အရူးကြက္ျပန္နင္းပါ့မယ္ ဖင္ယားၿပီး မအားတဲ့ရက္ ၾကားရက္ ရံုးခ်ိန္ႀကီးထေဆာင္ရင္လည္း မလာပါဘူးေနာ္ အလုပ္ျပဳတ္ရင္ လက္ဖြဲ႕ရတဲ့ေငြထဲက ၃လစာေလ်ာ္ေပးမွာလား ေလ်ာ္ေပးရင္ လာဖို႔စဥ္းစားပါ့မယ္/

“မဂၤလာေဆာင္မလာပါက fb တြင္ block မည္” လို႔ တစ္ခါထဲႀကိဳၿပီး ဖိတ္စာထဲမွာထည့္ေရးပါ။ မဂၤလာေဆာင္မလာလို႔ အႀကီးအက်ယ္စိတ္ဆိုးၿပီး block သြားတာ ၾကံဳဖူးလို႔ပါ…. စတန္႔ထြင္ၿပီး ေတာမွာျပန္ေဆာင္တာတို႔ ရြာမွာျပန္ေဆာင္တာတို႔ဆိုရင္လာမဖိတ္ပါနဲ႔ ေတာအထိ နယ္အထိဘယ္သူမွမလိုက္ႏိုင္ပါ ေဆာင္တာကေတာ့ နယ္မွာ ဒါေပမယ့္ လက္ဖြဲ႕လိုခ်င္လို႔လာဖိတ္တာပါလို႔ ပြင့္ပြင့္လင္းလင္းေျပာပါ.. လက္ဖြဲ႕ပါ့မယ္…

ရွင္းေအာင္ေျပာရရင္ ခင္လို႔ဖိတ္တာလို႔ေျပာခ်င္ရင္ သူ႔ဘက္ကိုယ့္ဘက္ေလးေလးစားစားဖိတ္ပါ ကိုယ္တိုင္လာဖိတ္ပါ သြားသာသြားရတယ္ လာႏႈတ္ဆက္မယ့္သူမရွိ ဘယ္မွာထိုင္လို႔ထိုင္ရမွန္းမသိ ဘာမွလည္းလာမခ်ဘဲ ျပန္လာရရင္ ေပးထားတဲ့လက္ဖြဲ႕ျပန္ယူပါမယ္ (သူရိုင္းလို႔ ကိုယ္ရိုင္းရတယ္မွတ္ပါ) ဟုတ္ကဲ့ လူမႈေရးဆိုတာ ကိုယ့္ကိုလူလိုသူလိုသက္မွတ္ၿပီး လူလိုသူလို respect ထားႏိုင္တဲ့လူေတြအေပၚမွာသာ လူမႈေရးဝတၱရားထားႏိုင္မွာပါ ဒါပါပဲ ဝါကၽြတ္လို႔ေဆာင္မယ္ဖိတ္မယ္ဆိုရင္ ဒါအရင္ဖတ္ၿပီးမွ လာဖိတ္ပါ… မဟားဒယား ခင္ေနရင္လာပါ့မယ္

Min Yel Kyaw Swar

Unicode

ကဲ…ဝါကျွတ်တော့မယ်ဆိုတော့ ဒါလေးဖတ်ပြီးမှ မင်္ဂလာဆောင်ဖိတ်စာလာပို့ပါနော်….

သိသိမသိသိ တစ်လမ်းလုံး တစ်ရပ်ကွက်လုံး လိုက်လိုက်မဖိတ်ပါနဲ့နော်.. သွားလို့မှ ကိုယ့်လည်းသူမသိ သူ့လည်းကိုယ်မသိ မျောက်အိုကြီးလို အူကြောင်ကြောင်ထိုင်နေရမယ့်ပွဲကို မလာနိုင်ပါဘူး… နေတာက မြို့စွန်မြို့ဖျား ဆောင်တာက မြို့လည်ခေါင်ဟိုတယ် ကားရှိလည်း ကိုယ့်ကားကိုယ်မောင်းသွားရမှာ ကားမရှိရင် ကားငှားသွားရမှာ လက်ဖွဲ့နဲ့ဆီဖိုးနဲ့ taxiခ နဲ့ အရမ်းခင်လို့ မိတ်ဆွေရင်းတွေမို့ မျက်နှာနာရလို့သွားတာကိစ္စမရှိပေမယ့် သာမန်မေးထူးခေါ်ပြောအဆင့်နဲ့တော့ လာလာမဖိတ်ပါနဲ့ အားနာလို့ သုံးလေးသောင်းအကုန်ခံရအောင် ဘောစိမဟုတ်ပါ..

လက်ဖွဲ့ကျတော့ယူချင်တယ် ကျွေးတာကြတော့ ပျော့ပြဲဒံပေါက် မာကြောကြက်ဆီထမင်း ရေကျဲအုန်းနို့ခေါက်ဆွဲနဲ့ ရေခဲမုန့်တစ်ခါလာချဖို့ လည်ပင်းရှည်အောင်စောင့်နေရတဲ့ စေတနာမပါဘဲအဖြစ်ဆောင်တဲ့ မင်္ဂဆောင်ဆိုရင်လာမဖိတ်ပါနဲ့ မက်ဆန်ဂျာကနေ ဖိတ်စာကြီးကို forward နဲ့ ရှိသမျှလူ အကုန် send နေရင်လည်း မလာပါဘူးနော် လူတောင်လာမဖိတ်နိုင်တဲ့ပွဲကို လူကိုယ်တိုင်လည်းမလာနိုင်ပါဘူး လက်ဖွဲ့ကိုလည်း ဓာတ်ပုံပဲပို့လိုက်ပါ့မယ်/

ကိုယ့်အိမ်ရဲ့ သာရေးနာရေးတုန်းက မသိသလိုလို အရူးကွက်တွေနင်း လာဖော်မရ သတင်းမေးဖော်မရဘဲ သူတို့ဆောင်တော့မှ ဖုန်းနဲ့တစ်မျိုး လူကိုယ်တိုင်တစ်ဖုံ မက်ဆန်ဂျာက တစ်သွယ် သေမလို အတင်းလာလာဖိတ်တဲ့လူတွေလည်း sorry ပါနော်… ကိုယ်လည်း အရူးကွက်ပြန်နင်းပါ့မယ် ဖင်ယားပြီး မအားတဲ့ရက် ကြားရက် ရုံးချိန်ကြီးထဆောင်ရင်လည်း မလာပါဘူးနော် အလုပ်ပြုတ်ရင် လက်ဖွဲ့ရတဲ့ငွေထဲက ၃လစာလျော်ပေးမှာလား လျော်ပေးရင် လာဖို့စဉ်းစားပါ့မယ်/

“မင်္ဂလာဆောင်မလာပါက fb တွင် block မည်” လို့ တစ်ခါထဲကြိုပြီး ဖိတ်စာထဲမှာထည့်ရေးပါ။ မင်္ဂလာဆောင်မလာလို့ အကြီးအကျယ်စိတ်ဆိုးပြီး block သွားတာ ကြုံဖူးလို့ပါ…. စတန့်ထွင်ပြီး တောမှာပြန်ဆောင်တာတို့ ရွာမှာပြန်ဆောင်တာတို့ဆိုရင်လာမဖိတ်ပါနဲ့ တောအထိ နယ်အထိဘယ်သူမှမလိုက်နိုင်ပါ ဆောင်တာကတော့ နယ်မှာ ဒါပေမယ့် လက်ဖွဲ့လိုချင်လို့လာဖိတ်တာပါလို့ ပွင့်ပွင့်လင်းလင်းပြောပါ.. လက်ဖွဲ့ပါ့မယ်…

ရှင်းအောင်ပြောရရင် ခင်လို့ဖိတ်တာလို့ပြောချင်ရင် သူ့ဘက်ကိုယ့်ဘက်လေးလေးစားစားဖိတ်ပါ ကိုယ်တိုင်လာဖိတ်ပါ သွားသာသွားရတယ် လာနှုတ်ဆက်မယ့်သူမရှိ ဘယ်မှာထိုင်လို့ထိုင်ရမှန်းမသိ ဘာမှလည်းလာမချဘဲ ပြန်လာရရင် ပေးထားတဲ့လက်ဖွဲ့ပြန်ယူပါမယ် (သူရိုင်းလို့ ကိုယ်ရိုင်းရတယ်မှတ်ပါ) ဟုတ်ကဲ့ လူမှုရေးဆိုတာ ကိုယ့်ကိုလူလိုသူလိုသက်မှတ်ပြီး လူလိုသူလို respect ထားနိုင်တဲ့လူတွေအပေါ်မှာသာ လူမှုရေးဝတ္တရားထားနိုင်မှာပါ ဒါပါပဲ ဝါကျွတ်လို့ဆောင်မယ်ဖိတ်မယ်ဆိုရင် ဒါအရင်ဖတ်ပြီးမှ လာဖိတ်ပါ… မဟားဒယား ခင်နေရင်လာပါ့မယ်

Min Yel Kyaw Swar

Leave a Reply

Your email address will not be published. Required fields are marked *