ကေလးမိဘတိုင္း သိထားသင့္တဲ့ ဆယ္ေက်ာ္သက္အရြယ္ စိတ္က်ေရာဂါအေၾကာင္း

Posted on

မိဘေတြအေနနဲ႕ စီးပြားေရး၊ အိမ္မႈကိစၥစတာေတြနဲ႕လံုးပန္းရတယ္၊ ေျဖရွင္းစရာကိစၥေတြမ်ားလြန္းတယ္ဆိုေပမယ့္ ဒီလိုေတြအလုပ္ရႈပ္ေနလို႕ဆိုျပီး ကေလးေတြကို ဂရုမစိုက္ဘဲ ပစ္ထားလို႕မရပါဘူး။ ကေလးေတြငယ္စဉ္က ျပဳစုေစာင့္ေရွာက္ခဲ့သလို ဆယ္ေက်ာ္သက္အရြယ္မွာလည္း သူတို႕ေလးေတြရဲ႕ စိတ္ခံစားခ်က္အေျပာင္းအလဲေလးေတြကို သတိထားေစာင့္ၾကည့္ဖို႕ အေလးထားဖို႕ လိုပါတယ္္။ ဒါေၾကာင့္ လူၾကီးမိဘေတြတိုင္း သိထားသင့္တဲ့ ကေလးေတြ ဆယ္ေက်ာ္သက္အရြယ္မွာျဖစ္ေလ့ရွိတဲ့ ဆယ္ေက်ာ္သက္စိတ္က်ေရာဂါအေၾကာင္းကိုေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ့္ကေလးေဒါသအရမ္းၾကီးတတ္ေနလား

ဆယ္္ေက်ာ္သက္အရြယ္မွာ ခႏၶာကိုယ္ဖြံ႕ျဖိဳးမႈအေျပာင္းအလဲ၊ စိတ္ခံစားခ်က္အေျပာင္းအလဲေတြ အမ်ားအျပားျဖစ္လာပါတယ္။ ဒီအရြယ္မွာ စိတ္တက္ၾကြေပ်ာ္ရႊင္ေနတာလည္းျဖစ္တတ္သလို၊ နဂိုကစကားမ်ားျပီး သြက္လက္တဲ့ကေလးက စကားနည္းျပီး တိတ္တိတ္ဆိတ္ဆိတ္္ျဖစ္သြားတာမ်ိဳးလည္းျဖစ္နုိင္ပါတယ္။ ဒါေပမယ့္ ဆတ္ဆတ္ထိမခံ စိတ္တိုတတ္တာ၊ ေဒါသၾကီးတာမ်ိဳးေတာ့ သိပ္မရွိတတ္ပါဘူး။ ဒါေၾကာင့္ သင့္ကေလး ဆယ္္ေက်ာ္သက္အရြယ္မွာ ေဒါသအရမ္းၾကီးတတ္ေနရင္ သတိထားေစာင့္ၾကည့္ဖို႕လိုပါတယ္။

သူ႕ကိုယ္သူအသံုးမက်ဘူးလို႕ခံစားေနလား

သူ႕အတြက္ ကေ်ာင္းသြားဖို႕က အရမ္းၾကီးမားတဲ့ အခက္အခဲၾကီးတစ္ခုလိုျဖစ္ေနျပီး ဘယ္ေနရာမွာမွ အသံုးမက်ဘူးလို႕ခံစားေနရတယ္၊ ဘာပဲေျပာလိုက္ေျပာလိုက္ မလုပ္နိုင္ဘူး လို႕ပဲျပန္ေျပာတယ္ဆိုရင္ ကေလးက သူ႕ကိုယ္သူ ယံုၾကည္မႈကင္းမဲ့ေနပါျပီ။

အေၾကာင္းမဲ့ဝမ္းနည္းတတ္ေနလား

ဆယ္ေက်ာ္သက္အရြယ္မွာ စာေမးပြဲရမွတ္ေတြနည္းသြားလို႕၊ သူငယ္ခ်င္းေတြက မေခၚလုိ႕၊ ကိုယ့္သူငယ္ခ်င္းေတြ သံုးတဲ့ပစၥည္းအသံုးအေဆာင္ေတြ မသံုးနိုင္လို႕ စတဲ့အေၾကာင္းအရာေတြေၾကာင့္ သူတို႕ေလးေတြ ဝမ္းနည္းအားငယ္ေနတတ္ပါတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္မဟုတ္ဘဲ ဘာေၾကာင့္ရယ္မဟုတ္ ကေလးက အျမဲလိုလို ဝမ္းနည္းအားငယ္ေနတယ္ဆိုရင္ စိတ္က်ေရာဂါအစျပဳေနတာျဖစ္နိုင္ပါတယ္။

အိပ္ခ်ိန္စားခ်ိန္မမွန္ျဖစ္ေနလား

ဆယ္ကေ်ာ္သက္အရြယ္ဆိုတာ ေက်ာင္းေနအရြယ္ျဖစ္ပါတယ္။ ေက်ာင္းသြားခ်ိန္နဲ႕ အိပ္ခ်ိန္၊ စားခ်ိန္၊ စာလုပ္ခ်ိန္္ေတြကပံုမွန္လည္ပတ္ေနျပီး အိပ္မေပ်ာ္တာ စားမဝင္တာမ်ိဳးေတြ ျဖစ္ေလ့မရွိပါဘူး။ တကယ္လို႕ အိပ္ခ်ိန္မမွန္တာမ်ိဳး၊ အစားစားခ်င္စိတ္မရွိတာမ်ိဳးျဖစ္ေနရင္ ဒါဟာ ခႏၶာကိုယ္က်န္းမာေရးေၾကာင့္ထက္ စိတ္က်န္းမာေရးေၾကာင့္ျဖစ္နိုင္ပါတယ္။

မိဘေတြနဲ႕ပတ္ဝန္းက်င္ကလူေတြအေပၚရိုင္းပ်လြန္းေနလား

ဒီအရြယ္ေတြက စကားေျပာတဲ့အခါ ရိုင္းျပတဲ့ အသံုးအႏႈန္းေတြသံုးရင္ သူတို႕ကိုယ္သူတို႕ မိုက္တယ္၊ေဂၚတယ္လို႕ထင္ေနတတ္ၾကျပီး သူတို႕အခ်င္းခ်င္းစကားေျပာရင္ ဆဲဆိုျပီးေျပာတတ္ၾကပါတယ္။ ဒါေပမယ့္္ မိဘနဲ႕ပတ္ဝန္းက်င္က လူေတြအေပၚမွာေတာ့ ရိုင္းပ်တာမ်ိဳး သိပ္လုပ္ေလ့မရွိၾကပါဘူး။ ဒါေၾကာင့္ မိဘနဲ႕ပတ္ဝန္းက်င္က လူေတြအေပၚ ရိုင္းပ်တဲ့အမူအရာေတြနဲ႕ဆက္ဆံလာရင္ သူတို႕နဲ႕ စကားစျမည္ေျပာတာ၊ ေဆြးေႏြးတာေလးေတြ လုပ္ေပးပါ။

တစ္ေယာက္တည္းပဲေနတတ္လား

တစ္ေယာက္တည္္းေနရတာၾကိဳက္တဲ့ကေလးေတြလည္းရွိပါတယ္္။ ဒါေပမယ့္ တစ္ေယာက္တည္္းေနရတာၾကိဳက္လို႕လည္းမဟုတ္ဘဲ၊ ေက်ာင္းရဲ႕လႈပ္ရွားမႈေတြမွာ မပါဝင္ခ်င္ေတာ့တာမ်ိဳး၊ ဘယ္သူနဲ႕မွ ဘာစကားမွမေျပာခ်င္ေတာ့တာမ်ိဳး၊ ဘာကိုမွ စိတ္မပါသလိုမ်ိဳးျဖစ္ေနရင္ေတာ့ သူတို႕စိတ္ဓာတ္က်ေေနတာပါ။

ေသခ်င္တယ္လို႕ေျပာေနလား

ပံုုမွန္ဆိိုရင္ ဆယ္ေက်ာ္သက္အရြယ္ဆိုတာ တက္ၾကြဖ်တ္လတ္တယ္၊ အရာရာစူးစမ္းခ်င္တယ္္၊ ေပ်ာ္ရႊင္တဲ့အရြယ္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ အသက္ရွင္ရတာမေပ်ာ္ဘူး၊ ေသခ်င္တယ္လို႕ေျပာေနျပီဆိုရင္ေတာ့ ေသခ်ာေပါက္ စိတ္က်ေရာဂါလကၡဏာျဖစ္ပါတယ္္။ ဒီလိုေျပာလာရင္ေတာ့ ဆရာဝန္ ဒါမွမဟုတ္ စိတ္ပညာအၾကံေပးေတြနဲ႕ေတြ႕ဆံုဖို႕ လိုပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေတြ ကိုယ့္ကေလးမွာျဖစ္ေနျပီဆိုရင္ ဒါေတြကျဖစ္တတ္ပါတယ္၊ အခ်ိန္တန္ရင္ ေအးေအးေဆးေဆးျဖစ္သြားမွာပါ၊ အလကားအာရံုစိုက္ခံခ်င္လို႕ လုပ္ေနတာ၊ အဲ့လိုေတြေတြးျပီး လစ္လ်ဴမရႈထားလိုက္ပါနဲ႕။ ဒီအေျခအေနအတြက္ မိဘေတြကေသေသခ်ာခ်ာေျဖရွင္းေပးပါလို႕ တိုက္တြန္းခ်င္ပါတယ္္။

Credit ; Aunty May

Unicode

မိဘတွေအနေနဲ့ စီးပွားရေး၊ အိမ်မှုကိစ္စစတာတွေနဲ့လုံးပန်းရတယ်၊ ဖြေရှင်းစရာကိစ္စတွေများလွန်းတယ်ဆိုပေမယ့် ဒီလိုတွေအလုပ်ရှုပ်နေလို့ဆိုပြီး ကလေးတွေကို ဂရုမစိုက်ဘဲ ပစ်ထားလို့မရပါဘူး။ ကလေးတွေငယ်စဉ်က ပြုစုစောင့်ရှောက်ခဲ့သလို ဆယ်ကျော်သက်အရွယ်မှာလည်း သူတို့လေးတွေရဲ့ စိတ်ခံစားချက်အပြောင်းအလဲလေးတွေကို သတိထားစောင့်ကြည့်ဖို့ အလေးထားဖို့ လိုပါတယ်။ ဒါကြောင့် လူကြီးမိဘတွေတိုင်း သိထားသင့်တဲ့ ကလေးတွေ ဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့ရှိတဲ့ ဆယ်ကျော်သက်စိတ်ကျရောဂါအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကလေးဒေါသအရမ်းကြီးတတ်နေလား

ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပြောင်းအလဲ၊ စိတ်ခံစားချက်အပြောင်းအလဲတွေ အများအပြားဖြစ်လာပါတယ်။ ဒီအရွယ်မှာ စိတ်တက်ကြွပျော်ရွှင်နေတာလည်းဖြစ်တတ်သလို၊ နဂိုကစကားများပြီး သွက်လက်တဲ့ကလေးက စကားနည်းပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်တာ၊ ဒေါသကြီးတာမျိုးတော့ သိပ်မရှိတတ်ပါဘူး။ ဒါကြောင့် သင့်ကလေး ဆယ်ကျော်သက်အရွယ်မှာ ဒေါသအရမ်းကြီးတတ်နေရင် သတိထားစောင့်ကြည့်ဖို့လိုပါတယ်။

သူ့ကိုယ်သူအသုံးမကျဘူးလို့ခံစားနေလား

သူ့အတွက် ကျောင်းသွားဖို့က အရမ်းကြီးမားတဲ့ အခက်အခဲကြီးတစ်ခုလိုဖြစ်နေပြီး ဘယ်နေရာမှာမှ အသုံးမကျဘူးလို့ခံစားနေရတယ်၊ ဘာပဲပြောလိုက်ပြောလိုက် မလုပ်နိုင်ဘူး လို့ပဲပြန်ပြောတယ်ဆိုရင် ကလေးက သူ့ကိုယ်သူ ယုံကြည်မှုကင်းမဲ့နေပါပြီ။

အကြောင်းမဲ့ဝမ်းနည်းတတ်နေလား

ဆယ်ကျော်သက်အရွယ်မှာ စာမေးပွဲရမှတ်တွေနည်းသွားလို့၊ သူငယ်ချင်းတွေက မခေါ်လို့၊ ကိုယ့်သူငယ်ချင်းတွေ သုံးတဲ့ပစ္စည်းအသုံးအဆောင်တွေ မသုံးနိုင်လို့ စတဲ့အကြောင်းအရာတွေကြောင့် သူတို့လေးတွေ ဝမ်းနည်းအားငယ်နေတတ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်မဟုတ်ဘဲ ဘာကြောင့်ရယ်မဟုတ် ကလေးက အမြဲလိုလို ဝမ်းနည်းအားငယ်နေတယ်ဆိုရင် စိတ်ကျရောဂါအစပြုနေတာဖြစ်နိုင်ပါတယ်။

အိပ်ချိန်စားချိန်မမှန်ဖြစ်နေလား

ဆယ်ကျော်သက်အရွယ်ဆိုတာ ကျောင်းနေအရွယ်ဖြစ်ပါတယ်။ ကျောင်းသွားချိန်နဲ့ အိပ်ချိန်၊ စားချိန်၊ စာလုပ်ချိန်တွေကပုံမှန်လည်ပတ်နေပြီး အိပ်မပျော်တာ စားမဝင်တာမျိုးတွေ ဖြစ်လေ့မရှိပါဘူး။ တကယ်လို့ အိပ်ချိန်မမှန်တာမျိုး၊ အစားစားချင်စိတ်မရှိတာမျိုးဖြစ်နေရင် ဒါဟာ ခန္ဓာကိုယ်ကျန်းမာရေးကြောင့်ထက် စိတ်ကျန်းမာရေးကြောင့်ဖြစ်နိုင်ပါတယ်။

မိဘတွေနဲ့ပတ်ဝန်းကျင်ကလူတွေအပေါ်ရိုင်းပျလွန်းနေလား

ဒီအရွယ်တွေက စကားပြောတဲ့အခါ ရိုင်းပြတဲ့ အသုံးအနှုန်းတွေသုံးရင် သူတို့ကိုယ်သူတို့ မိုက်တယ်၊ဂေါ်တယ်လို့ထင်နေတတ်ကြပြီး သူတို့အချင်းချင်းစကားပြောရင် ဆဲဆိုပြီးပြောတတ်ကြပါတယ်။ ဒါပေမယ့်် မိဘနဲ့ပတ်ဝန်းကျင်က လူတွေအပေါ်မှာတော့ ရိုင်းပျတာမျိုး သိပ်လုပ်လေ့မရှိကြပါဘူး။ ဒါကြောင့် မိဘနဲ့ပတ်ဝန်းကျင်က လူတွေအပေါ် ရိုင်းပျတဲ့အမူအရာတွေနဲ့ဆက်ဆံလာရင် သူတို့နဲ့ စကားစမြည်ပြောတာ၊ ဆွေးနွေးတာလေးတွေ လုပ်ပေးပါ။

တစ်ယောက်တည်းပဲနေတတ်လား

တစ်ယောက်တည်းနေရတာကြိုက်တဲ့ကလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းနေရတာကြိုက်လို့လည်းမဟုတ်ဘဲ၊ ကျောင်းရဲ့လှုပ်ရှားမှုတွေမှာ မပါဝင်ချင်တော့တာမျိုး၊ ဘယ်သူနဲ့မှ ဘာစကားမှမပြောချင်တော့တာမျိုး၊ ဘာကိုမှ စိတ်မပါသလိုမျိုးဖြစ်နေရင်တော့ သူတို့စိတ်ဓာတ်ကျေနေတာပါ။

သေချင်တယ်လို့ပြောနေလား

ပုံမှန်ဆိုရင် ဆယ်ကျော်သက်အရွယ်ဆိုတာ တက်ကြွဖျတ်လတ်တယ်၊ အရာရာစူးစမ်းချင်တယ်၊ ပျော်ရွှင်တဲ့အရွယ်ဖြစ်ပါတယ်။ ဒီအချိန်မှာ အသက်ရှင်ရတာမပျော်ဘူး၊ သေချင်တယ်လို့ပြောနေပြီဆိုရင်တော့ သေချာပေါက် စိတ်ကျရောဂါလက္ခဏာဖြစ်ပါတယ်။ ဒီလိုပြောလာရင်တော့ ဆရာဝန် ဒါမှမဟုတ် စိတ်ပညာအကြံပေးတွေနဲ့တွေ့ဆုံဖို့ လိုပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေ ကိုယ့်ကလေးမှာဖြစ်နေပြီဆိုရင် ဒါတွေကဖြစ်တတ်ပါတယ်၊ အချိန်တန်ရင် အေးအေးဆေးဆေးဖြစ်သွားမှာပါ၊ အလကားအာရုံစိုက်ခံချင်လို့ လုပ်နေတာ၊ အဲ့လိုတွေတွေးပြီး လစ်လျူမရှုထားလိုက်ပါနဲ့။ ဒီအခြေအနေအတွက် မိဘတွေကသေသေချာချာဖြေရှင်းပေးပါလို့ တိုက်တွန်းချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *