“ဘြဲ႕ရရင္ ဘာအလုပ္လုပ္ၾကမလဲ?” – ခင္ေမာင္ညိဳ (ေဘာဂေဗဒ)

Posted on

“ဘြဲ႕ရရင္ ဘာအလုပ္လုပ္ၾကမလဲ?” – ခင္ေမာင္ညိဳ (ေဘာဂေဗဒ)

(၁) ေဟာေျပာပြဲေတြမွာ လူငယ္ေတြနဲ႔ေတြ႕ရင္၊ ဝါသနာပါတဲ့အလုပ္ကို ေအာင္ျမင္ေအာင္လုပ္ပါ။ “ေအာင္ျမင္တဲ့အလုပ္ကို ဝါသနာပါပါလို႔ အၿမဲေျပာေလ့ရွိတယ္။ ဒီအခါ၊ ကြၽန္ေတာ္တို႔ ကြၽန္မတို႔ ဘာဝါသနာပါသလဲ” ဆိုတဲ့ အေမးနဲ႔ႀကဳံရျပန္တယ္။ ဆယ္တန္းေအာင္ကာစကေလးေတြနဲ႔ေတြ႕ေတာ့ သူတို႔ကိုယ္သူတို႔ဘာဝါသနာပါလို႔ပါမွန္းမသိ။ မိတ္ေဆြတစ္ေယာက္ကက်ေတာ့ သူေပ်ာ္တာေ႐ြဳးလုပ္သတဲ့။ စာေရးဆရာတစ္ေယာက္ေျပာတဲ့ “ဝါသနာပါတာကို ပိုက္ဆံရေအာင္လုပ္၊ ပိုက္ဆံရတာကို ဝါသနာပါေအာင္လုပ္” လို႔ေျပာျပန္ေတာ့၊ ပိုက္ဆံရေအာင္ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ကိုယ္ပဲပိုက္ဆံရွာေပးရမလိုလို။ လစာေတြအမ်ားႀကီးလိုခ်င္တဲ့သူကို ဘာေတြလုပ္ေပးႏိုင္သလဲ ျပန္ေမးေတာ့ အေျဖကမရ။ ဘားအံဘက္ေရာက္တုန္းက မဟာဘြဲ႕ရ အလုပ္လက္မဲ့ကေလးတစ္ေယာက္၊ ေနာက္ဆုံးမွာ ဒီဇိုင္နာဘ၀နဲ႔၀င္ေငြေတြရ၊ အလုပ္ေတြျဖစ္ေနတာၾကားခဲ့ရရဲ႕။ တကယ္ေတာ့ ဒီျပႆနာေတြဟာ ကိုယ့္ဆီမွာပဲရွိေနတာမ်ိဳးမဟုတ္။

(၂) ဖက္ရွင္နဲ႔အေရာင္းစီမံခန္႔ခြဲမႈမွာ မဟာဘြဲ႕ရတဲ့ ၂၆ ႏွစ္အ႐ြယ္ကေလးမတစ္ေယာက္၊ အလုပ္ခြင္၀င္ဖို႔ အလြန္တက္ႂကြေနတယ္။ ဂ်ာမနီက ဖက္ရွင္လက္လီလုပ္ငန္းတစ္ခုမွာ အလုပ္ရဖို႔မွန္းထားတယ္။ ဒါေပမယ့္ ေလွ်ာက္လႊာ ၂၅ ေစာင္၊ လူေတြ႕ေလးခုေျဖၿပီးတဲ့အထိ အလုပ္လက္မဲ့ပဲျဖစ္ေနေတာ့ စိတ္ဓါတ္ေတြက်။

ဘြဲ႕ရေတြကို အႀကံဉာဏ္ေတြ တေလွႀကီး ဝိုင္းေပးၾကေလ့ရွိတယ္။ အိပ္မက္ေနာက္ကလိုက္ပါ၊ စြဲလမ္းတာကိုလုပ္ပါ၊ ျမတ္ႏိုးတာကိုလုပ္ပါ၊ သူမ်ားနဲ႔အတူေအာင္လုပ္ပါ၊ ထူးထူးျခားျခားလုပ္ပါ။ အဲဒါေတြလုပ္ရင္းနဲ႔ ပိုက္ဆံရဖို႔လည္းလိုေသး၊ ေျပာရတာသိပ္ေကာင္းေပါ့။ နားေထာင္ရတဲ့သူေတြအတြက္က ေႂကြးေတြတပုံႀကီးတင္လာ။ အိပ္မက္ေတြေနာက္လိုက္၊ ကိုယ္ဝါသနာပါတာေတြေနာက္လိုက္၊ ျမတ္ႏိုးတဲ့အလုပ္ေနာက္လိုက္ရင္းနဲ႔ ဘာမွ်ျဖစ္မလာတဲ့ သာဓကေတြက အမ်ားႀကီး။ တကယ္ကို ကိုယ္လုပ္ခ်င္တဲ့ အလုပ္ရတဲ့အထိ ထိုင္ေစာင့္ေနရမလား? ဘယ္အလုပ္ျဖစ္ျဖစ္ လုပ္ရမလားဆိုတာေတြက စဥ္းစားစရာ၊ ေ႐ြးခ်ယ္စရာေတြ ျဖစ္လာၾကတယ္။

ကိုယ္လုပ္ခ်င္တဲ့အလုပ္ကိုပဲလိုက္ရွာမေနပဲ၊ ေရရွည္မွာ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကိုလုပ္ဖို႔ ေလာေလာဆယ္ ဘာေတြလုပ္ႏိုင္သလဲ၊ ကိုယ္ဟာဘယ္ေနရာမွာ ကြၽမ္းက်င္သလဲဆိုတာေတြ စဥ္းစားသင့္တယ္။ အသက္ ၂၀ ေက်ာ္ ဘြဲ႕ရကာစမွာ ကိုယ္ဘာလုပ္ခ်င္တယ္၊ ဘာျဖစ္ခ်င္တယ္ဆိုတာ၊ ေသေသခ်ာခ်ာသိဖို႔ ခက္တယ္။ ဘြဲ႕ရကတည္းက ကိုယ္လုပ္ခ်င္တာေတြလုပ္၊ ေနာင္အႏွစ္ႏွစ္ဆယ္သုံးဆယ္အထိ အဲဒီေလာကထဲမွာပဲ ဆက္ရွိေနတဲ့လူမ်ိဳးေတြ႕ဖို႔ဆိုတာ အေတာ္ခက္တာ။ တမ်ိဳးၿပီးတမ်ိဳး၊ တဆင့္ၿပီးတဆင့္ ေျပာင္းေနတဲ့သူေတြကို ေတြ႕ရတာမ်ားတယ္။ အခုေရာက္ေနတဲ့ ေနရာေတြဟာ လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္သုံးဆယ္ေလာက္တုန္းက လုံးဝေတြးမထားတဲ့ ေနရာေတြျဖစ္ေနတတ္တယ္။ ဒီလိုေျပာတဲ့အတြက္ ကိုယ့္စိတ္ကူးေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို လႊင့္ပစ္လိုက္ရမယ္ဆိုတဲ့ အဓိပၸါယ္လည္း မဟုတ္ပါဘူး။ ကိုယ့္ရဲ႕အျမင္ေတြ ခ်ဲ႕ၾကည့္ဖို႔ အလုပ္ဟူသမွ် ဂုဏ္ရွိစြဆိုတာ၊ တန္ဖိုးရွိတယ္ဆိုတာ လက္ခံဖို႔လိုပါတယ္။

အခြင့္အလမ္းေတြနဲ႔ႀကဳံႀကိဳက္တဲ့အခါ၊ ကိုယ့္ေရရွည္ရည္မွန္းခ်က္ေတြနဲ႔ ကိုက္-မကိုက္ လိုက္တိုင္းမၾကည့္ပါနဲ႔။ ေနာက္အခါမွာ အသုံး၀င္မယ့္ တစုံတစ္ရာရ-မရ ဆိုတာနဲ႔ တိုင္းၾကည့္ပါ။ သုေတသီတစ္ေယာက္ကေတာ့ တိုင္းၾကည့္စရာ သုံးခုေပးပါတယ္။ အေတြ႕အႀကဳံရတာလား? ဂုဏ္သိကၡာရွိတာလား? ၀င္ေငြရတာလား? တဲ့

“အေတြ႕အႀကဳံ”

အမ်ားအားျဖင့္ေတာ့ ဒိတ္ဒိတ္က်ဲကုမၸဏီႀကီးေတြ၊ အေကာင္းဆုံးဆိုတဲ့ ကုမၸဏီႀကီးေတြကို မ်က္ေစ့က်တတ္ၾကတယ္။ ဒါေပမယ့္ ဘယ္ကုမၸဏီက ဘာအလုပ္ပဲျဖစ္ျဖစ္၊ ေလ့လာစရာေတြ အမ်ားႀကီးရွိတယ္။ ကိုယ့္ကိုယ္ကိုဘာသိခ်င္၊ ဘာတတ္ခ်င္သလဲလို႔ ေမးၾကည့္ပါ။ ကုမၸဏီအႀကီးႀကီးမွာ ကိုယ္လုပ္ခြင့္မရေပမယ့္၊ ကုမၸဏီအေသးမွာ လုပ္ခြင့္ရတာမ်ိဳးနဲ႔ ႀကဳံႀကိဳက္ႏိုင္ပါတယ္။ ကိုယ္လုပ္ခ်င္တာ ကြက္ကြက္ေလးကိုပဲ မၾကည့္ပါနဲ႔။ အဲဒီအလုပ္ေတြလုပ္ဖို႔၊ ဘယ္လိုအရည္အခ်င္းေတြရွိဖို႔၊ ျဖည့္စြက္ထားဖို႔လိုမလဲဆိုတာ ၾကည့္ပါ။ ကိုယ့္အဆင့္မွာ တာ၀န္မယူရေသးေပမယ့္၊ ကိုယ့္အထက္က ၀န္ထမ္းေတြလုပ္ေနတဲ့ အလုပ္ေတြကို တာ၀န္ယူႏိုင္ေအာင္ ျပင္ဆင္ထားပါ။ ဘယ္ကုမၸဏီဆိုတာထက္၊ တစ္ေန႔တစ္ေန႔ ကိုယ္ဘာေတြလုပ္ေနတယ္၊ ဘာေတြလုပ္ခြင့္ရေနတယ္ဆိုတာက ပိုၿပီးအေရးႀကီးပါတယ္။

တစ္ေန႔မွာ ကိုယ္ပိုင္ကုမၸဏီတစ္ခုတည္ေထာင္ဖို႔ ရည္႐ြယ္ထားရင္လည္း၊ တည္ေထာင္ကာစလုပ္ငန္းတစ္ခုမွာ အလုပ္သင္အေနနဲ႔ ၀င္လုပ္ရင္း၊ ေလ့လာဆည္းပူးႏိုင္တယ္။ လုပ္ငန္းတစ္ခုတိုးတက္လာေအာင္ လုပ္စရာေတြကို ဟိုစပ္စပ္ဒီစပ္စပ္ ေလ့လာခြင့္ရတာလည္း ေကာင္းတယ္။ ဒီအေတြ႕အႀကဳံေတြဟာ ကုမၸဏီကို ဘယ္သူက ပိုင္တယ္၊ ပိုက္ဆံဘယ္ေလာက္ရွိတယ္ဆိုတာထက္ အေရးပါပါတယ္။

“ဂုဏ္သိကၡာ”

တခ်ိဳ႕လုပ္ငန္းေတြ (အလွကုန္၊ စားသုံးကုန္၊ ေဆးဝါး၊ ဘဏ္ဆိုတာမ်ိဳး)မွာ ဂုဏ္သိကၡာက အေရးႀကီးပါတယ္။ နာမည္ၾကားလိုက္႐ုံနဲ႔၊ အထူးေျပာစရာမလိုတဲ့ ကုမၸဏီေတြမွာ လုပ္ခြင့္ရရင္ ဧရာမအခြင့္အေရးပဲ ။ကိုယ့္ကိုယ္ကို အေထြအထူးမိတ္ဆက္ေနစရာမလိုဘူး။ ေျပာင္းျပန္စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ မထင္ရွားတဲ့၊ အထူးသျဖင့္ နာမည္ပ်က္ရွိတဲ့ လုပ္ငန္းမ်ိဳးဆိုရင္၊ အေတာ္စဥ္းစားရမယ္။ ကိုယ့္ရဲ႕ကိုယ္ေရးရာဇ၀င္ထဲမွာ နာမည္ရကုမၸဏီႀကီးေတြပါေနရင္ ေနာင္အလုပ္ေလွ်ာက္ရတာ ပိုလြယ္ေစႏိုင္တယ္။

“၀င္ေငြ”

အလုပ္ေကာင္းေကာင္းရဖို႔ ထိုင္ေစာင့္မေနဘဲ၊ ေလာေလာဆယ္မွာ ၀င္ေငြရတဲ့ အလုပ္လုပ္ေနဖို႔လည္း လိုတယ္။ တစ္ခါတစ္ခါ ေလွ်ာက္လႊာတင္တာနဲ႔ တကယ္ခန္႔တာနဲ႔ၾကားမွာ အၾကာႀကီး ေစာင့္ေနရတတ္တယ္။

၀န္ထမ္းေလာက လုပ္ငန္းခြင္ေလာကဆိုတာမ်ိဳးကလည္း တသမတ္တည္း သြားတာမ်ိဳးမဟုတ္ဘူး။ အလွည့္အေျပာင္းေတြ ရွိတတ္တယ္။ အတက္အက်ေတြ ရွိတတ္တယ္။ စိန္ေခၚမႈေတြရွိတယ္။ စိတ္၀င္စားစရာေကာင္းတာေတြရွိတယ္။ ထိုက္ထိုက္တန္တန္ ခံစားရတာေတြလည္း ေတြ႕ႀကဳံရတတ္တယ္။ ကိုယ့္ရဲ႕အမွားေတြကလည္း သင္ခန္းစာရႏိုင္တယ္။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ဟာ ထင္သေလာက္မလြယ္မွန္း သိသြားႏိုင္တယ္။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ဟာ ကိုယ္နဲ႔မကိုက္တဲ့ အလုပ္လည္း ျဖစ္ေနႏိုင္တယ္။ ကိုယ္နဲ႔ထိုက္တန္တဲ့အလုပ္ကို ရရမယ္။ ဒါမွမဟုတ္၊ ထိုက္တန္တဲ့အလုပ္က ကိုယ့္ကိုရွာေတြ႕လိမ့္မယ္လို႔ ယုံၾကည္ပါ။

ခင္ေမာင္ညိဳ (ေဘာဂေဗဒ) , ၫႊန္း(Harvard Business Review)

Unicode

“ဘွဲ့ရရင် ဘာအလုပ်လုပ်ကြမလဲ?” – ခင်မောင်ညို (ဘောဂဗေဒ)

(၁) ဟောပြောပွဲတွေမှာ လူငယ်တွေနဲ့တွေ့ရင်၊ ဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်ပါ။ “အောင်မြင်တဲ့အလုပ်ကို ဝါသနာပါပါလို့ အမြဲပြောလေ့ရှိတယ်။ ဒီအခါ၊ ကျွန်တော်တို့ ကျွန်မတို့ ဘာဝါသနာပါသလဲ” ဆိုတဲ့ အမေးနဲ့ကြုံရပြန်တယ်။ ဆယ်တန်းအောင်ကာစကလေးတွေနဲ့တွေ့တော့ သူတို့ကိုယ်သူတို့ဘာဝါသနာပါလို့ပါမှန်းမသိ။ မိတ်ဆွေတစ်ယောက်ကကျတော့ သူပျော်တာရွေုးလုပ်သတဲ့။ စာရေးဆရာတစ်ယောက်ပြောတဲ့ “ဝါသနာပါတာကို ပိုက်ဆံရအောင်လုပ်၊ ပိုက်ဆံရတာကို ဝါသနာပါအောင်လုပ်” လို့ပြောပြန်တော့၊ ပိုက်ဆံရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ်ပဲပိုက်ဆံရှာပေးရမလိုလို။ လစာတွေအများကြီးလိုချင်တဲ့သူကို ဘာတွေလုပ်ပေးနိုင်သလဲ ပြန်မေးတော့ အဖြေကမရ။ ဘားအံဘက်ရောက်တုန်းက မဟာဘွဲ့ရ အလုပ်လက်မဲ့ကလေးတစ်ယောက်၊ နောက်ဆုံးမှာ ဒီဇိုင်နာဘဝနဲ့ဝင်ငွေတွေရ၊ အလုပ်တွေဖြစ်နေတာကြားခဲ့ရရဲ့။ တကယ်တော့ ဒီပြဿနာတွေဟာ ကိုယ့်ဆီမှာပဲရှိနေတာမျိုးမဟုတ်။

(၂) ဖက်ရှင်နဲ့အရောင်းစီမံခန့်ခွဲမှုမှာ မဟာဘွဲ့ရတဲ့ ၂၆ နှစ်အရွယ်ကလေးမတစ်ယောက်၊ အလုပ်ခွင်ဝင်ဖို့ အလွန်တက်ကြွနေတယ်။ ဂျာမနီက ဖက်ရှင်လက်လီလုပ်ငန်းတစ်ခုမှာ အလုပ်ရဖို့မှန်းထားတယ်။ ဒါပေမယ့် လျှောက်လွှာ ၂၅ စောင်၊ လူတွေ့လေးခုဖြေပြီးတဲ့အထိ အလုပ်လက်မဲ့ပဲဖြစ်နေတော့ စိတ်ဓါတ်တွေကျ။

ဘွဲ့ရတွေကို အကြံဉာဏ်တွေ တလှေကြီး ဝိုင်းပေးကြလေ့ရှိတယ်။ အိပ်မက်နောက်ကလိုက်ပါ၊ စွဲလမ်းတာကိုလုပ်ပါ၊ မြတ်နိုးတာကိုလုပ်ပါ၊ သူများနဲ့အတူအောင်လုပ်ပါ၊ ထူးထူးခြားခြားလုပ်ပါ။ အဲဒါတွေလုပ်ရင်းနဲ့ ပိုက်ဆံရဖို့လည်းလိုသေး၊ ပြောရတာသိပ်ကောင်းပေါ့။ နားထောင်ရတဲ့သူတွေအတွက်က ကြွေးတွေတပုံကြီးတင်လာ။ အိပ်မက်တွေနောက်လိုက်၊ ကိုယ်ဝါသနာပါတာတွေနောက်လိုက်၊ မြတ်နိုးတဲ့အလုပ်နောက်လိုက်ရင်းနဲ့ ဘာမျှဖြစ်မလာတဲ့ သာဓကတွေက အများကြီး။ တကယ်ကို ကိုယ်လုပ်ချင်တဲ့ အလုပ်ရတဲ့အထိ ထိုင်စောင့်နေရမလား? ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ရမလားဆိုတာတွေက စဉ်းစားစရာ၊ ရွေးချယ်စရာတွေ ဖြစ်လာကြတယ်။

ကိုယ်လုပ်ချင်တဲ့အလုပ်ကိုပဲလိုက်ရှာမနေပဲ၊ ရေရှည်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့ လောလောဆယ် ဘာတွေလုပ်နိုင်သလဲ၊ ကိုယ်ဟာဘယ်နေရာမှာ ကျွမ်းကျင်သလဲဆိုတာတွေ စဉ်းစားသင့်တယ်။ အသက် ၂၀ ကျော် ဘွဲ့ရကာစမှာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ၊ သေသေချာချာသိဖို့ ခက်တယ်။ ဘွဲ့ရကတည်းက ကိုယ်လုပ်ချင်တာတွေလုပ်၊ နောင်အနှစ်နှစ်ဆယ်သုံးဆယ်အထိ အဲဒီလောကထဲမှာပဲ ဆက်ရှိနေတဲ့လူမျိုးတွေ့ဖို့ဆိုတာ အတော်ခက်တာ။ တမျိုးပြီးတမျိုး၊ တဆင့်ပြီးတဆင့် ပြောင်းနေတဲ့သူတွေကို တွေ့ရတာများတယ်။ အခုရောက်နေတဲ့ နေရာတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်သုံးဆယ်လောက်တုန်းက လုံးဝတွေးမထားတဲ့ နေရာတွေဖြစ်နေတတ်တယ်။ ဒီလိုပြောတဲ့အတွက် ကိုယ့်စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေကို လွှင့်ပစ်လိုက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့အမြင်တွေ ချဲ့ကြည့်ဖို့ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာ၊ တန်ဖိုးရှိတယ်ဆိုတာ လက်ခံဖို့လိုပါတယ်။

အခွင့်အလမ်းတွေနဲ့ကြုံကြိုက်တဲ့အခါ၊ ကိုယ့်ရေရှည်ရည်မှန်းချက်တွေနဲ့ ကိုက်-မကိုက် လိုက်တိုင်းမကြည့်ပါနဲ့။ နောက်အခါမှာ အသုံးဝင်မယ့် တစုံတစ်ရာရ-မရ ဆိုတာနဲ့ တိုင်းကြည့်ပါ။ သုတေသီတစ်ယောက်ကတော့ တိုင်းကြည့်စရာ သုံးခုပေးပါတယ်။ အတွေ့အကြုံရတာလား? ဂုဏ်သိက္ခာရှိတာလား? ဝင်ငွေရတာလား? တဲ့

“အတွေ့အကြုံ”

အများအားဖြင့်တော့ ဒိတ်ဒိတ်ကျဲကုမ္ပဏီကြီးတွေ၊ အကောင်းဆုံးဆိုတဲ့ ကုမ္ပဏီကြီးတွေကို မျက်စေ့ကျတတ်ကြတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီက ဘာအလုပ်ပဲဖြစ်ဖြစ်၊ လေ့လာစရာတွေ အများကြီးရှိတယ်။ ကိုယ့်ကိုယ်ကိုဘာသိချင်၊ ဘာတတ်ချင်သလဲလို့ မေးကြည့်ပါ။ ကုမ္ပဏီအကြီးကြီးမှာ ကိုယ်လုပ်ခွင့်မရပေမယ့်၊ ကုမ္ပဏီအသေးမှာ လုပ်ခွင့်ရတာမျိုးနဲ့ ကြုံကြိုက်နိုင်ပါတယ်။ ကိုယ်လုပ်ချင်တာ ကွက်ကွက်လေးကိုပဲ မကြည့်ပါနဲ့။ အဲဒီအလုပ်တွေလုပ်ဖို့၊ ဘယ်လိုအရည်အချင်းတွေရှိဖို့၊ ဖြည့်စွက်ထားဖို့လိုမလဲဆိုတာ ကြည့်ပါ။ ကိုယ့်အဆင့်မှာ တာဝန်မယူရသေးပေမယ့်၊ ကိုယ့်အထက်က ဝန်ထမ်းတွေလုပ်နေတဲ့ အလုပ်တွေကို တာဝန်ယူနိုင်အောင် ပြင်ဆင်ထားပါ။ ဘယ်ကုမ္ပဏီဆိုတာထက်၊ တစ်နေ့တစ်နေ့ ကိုယ်ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ခွင့်ရနေတယ်ဆိုတာက ပိုပြီးအရေးကြီးပါတယ်။

တစ်နေ့မှာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ရည်ရွယ်ထားရင်လည်း၊ တည်ထောင်ကာစလုပ်ငန်းတစ်ခုမှာ အလုပ်သင်အနေနဲ့ ဝင်လုပ်ရင်း၊ လေ့လာဆည်းပူးနိုင်တယ်။ လုပ်ငန်းတစ်ခုတိုးတက်လာအောင် လုပ်စရာတွေကို ဟိုစပ်စပ်ဒီစပ်စပ် လေ့လာခွင့်ရတာလည်း ကောင်းတယ်။ ဒီအတွေ့အကြုံတွေဟာ ကုမ္ပဏီကို ဘယ်သူက ပိုင်တယ်၊ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာထက် အရေးပါပါတယ်။

“ဂုဏ်သိက္ခာ”

တချို့လုပ်ငန်းတွေ (အလှကုန်၊ စားသုံးကုန်၊ ဆေးဝါး၊ ဘဏ်ဆိုတာမျိုး)မှာ ဂုဏ်သိက္ခာက အရေးကြီးပါတယ်။ နာမည်ကြားလိုက်ရုံနဲ့၊ အထူးပြောစရာမလိုတဲ့ ကုမ္ပဏီတွေမှာ လုပ်ခွင့်ရရင် ဧရာမအခွင့်အရေးပဲ ။ကိုယ့်ကိုယ်ကို အထွေအထူးမိတ်ဆက်နေစရာမလိုဘူး။ ပြောင်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ မထင်ရှားတဲ့၊ အထူးသဖြင့် နာမည်ပျက်ရှိတဲ့ လုပ်ငန်းမျိုးဆိုရင်၊ အတော်စဉ်းစားရမယ်။ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်ထဲမှာ နာမည်ရကုမ္ပဏီကြီးတွေပါနေရင် နောင်အလုပ်လျှောက်ရတာ ပိုလွယ်စေနိုင်တယ်။

“ဝင်ငွေ”

အလုပ်ကောင်းကောင်းရဖို့ ထိုင်စောင့်မနေဘဲ၊ လောလောဆယ်မှာ ဝင်ငွေရတဲ့ အလုပ်လုပ်နေဖို့လည်း လိုတယ်။ တစ်ခါတစ်ခါ လျှောက်လွှာတင်တာနဲ့ တကယ်ခန့်တာနဲ့ကြားမှာ အကြာကြီး စောင့်နေရတတ်တယ်။

ဝန်ထမ်းလောက လုပ်ငန်းခွင်လောကဆိုတာမျိုးကလည်း တသမတ်တည်း သွားတာမျိုးမဟုတ်ဘူး။ အလှည့်အပြောင်းတွေ ရှိတတ်တယ်။ အတက်အကျတွေ ရှိတတ်တယ်။ စိန်ခေါ်မှုတွေရှိတယ်။ စိတ်ဝင်စားစရာကောင်းတာတွေရှိတယ်။ ထိုက်ထိုက်တန်တန် ခံစားရတာတွေလည်း တွေ့ကြုံရတတ်တယ်။ ကိုယ့်ရဲ့အမှားတွေကလည်း သင်ခန်းစာရနိုင်တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်ဟာ ထင်သလောက်မလွယ်မှန်း သိသွားနိုင်တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်ဟာ ကိုယ်နဲ့မကိုက်တဲ့ အလုပ်လည်း ဖြစ်နေနိုင်တယ်။ ကိုယ်နဲ့ထိုက်တန်တဲ့အလုပ်ကို ရရမယ်။ ဒါမှမဟုတ်၊ ထိုက်တန်တဲ့အလုပ်က ကိုယ့်ကိုရှာတွေ့လိမ့်မယ်လို့ ယုံကြည်ပါ။

ခင်မောင်ညို (ဘောဂဗေဒ) , ညွှန်း(Harvard Business Review)

Leave a Reply

Your email address will not be published. Required fields are marked *