ေငြထုပ္ႀကီးေပၚမွာ ထုိင္ေနရၿပီး ထမင္းငတ္ေနတဲ့ ျမန္မာလူမ်ဳိးေတြ

Posted on

ရခိုင္မွာထြက္ရွိတဲ့သဘာဝဓာတ္​​ေငြ႔ကို​ေရာင္းဖို႔ ၂၀၀၈-ခုႏွစ္​မွာ တ႐ုတ္​နဲ ႔ႏွစ္​၃၀စာခ်ဳပ္​ခ်ဳပ္​ခဲ့တယ္။ ဓာတ္​​ေငြ႔ပိုက္​လိုင္း​ဟာ(၂ – ၆-၂၀၁၃)မွာၿပီးလို႔ (၂၁ – ၁၀-၂၀၁၃)​မွာစတင္​ပို႔လႊတ္​ခဲ့တယ္ ။ ​ တစ္​ႏွစ္​မွာသဘာဝဓာတ္ေငြ႕(၁၂)ဘီလီယံကုဗ​ေပအထိေပးပို႔ႏိုင္​တယ္။

ရခိုင္ကမ္းလြန္႐ွိဓာတ္ေငြ႔သိုက္မွ ကုဗ​ေပသန္​း၁၀၀ကို ျမန္မာအတြက္ေရာင္းေပးလို႔ ေက်ာက္​ျဖဴ၊ /ေက်ာက္​ဆည္​/​ေတာင္​သာျမိဳ႕ေတြမွာ စက္​ရံုသံုးရံုတည္​​ေဆာက္​ၿပီးလ်ွပ္​စစ္​ထုတ္​ယူတယ္.။ ဓာတ္ေငြ႕ပိုက္လိုင္းႏွင့္ အတူတည္ေဆာက္တဲ့ ေရနံပိုက္​လိုင္​းဟာ၂၀၁၄ခုႏွစ္မွာ ၿပီးစီးခဲ့ၿပီး (၂ – ၅ -၂၀၁၇)မွာ စတင္​​ပို႔လႊတ္​ခဲ့တယ္။ တႏွစ္မွာ ​ေရနံတန္​ခ်ိန္​ ၁၃.၆သန္​းခန္​႔ ပို႔​ေပးတယ္..။ ​ေက်ာက္​ျဖဴ​ ေရနံပိုက္​လိုင္​းႏွင္ ​့ေရႊသဘာဝဓာတ္​​ေငြ႔မွ ႏွစ္​စဥ္ အ​ေမရိကန္​​ေဒၚလာ(၂)ဘီလ်ံခန္ ​႔ရ႐ွိတယ္။

အိႏၵိယနိဳင္ငံကို ေရာင္းခ်ေပးမယ့္ Essar Group A2 နဲ႔ L လုပ္ကြက္ေတြမွ ထြက္တဲ့ သဘာဝဓာတ္ေငြ႕ ၁၃ ထရီလီယံ ကေတာ့ ပိုက္လိုင္းသြယ္တန္းမႈ မၿပီးစီးေသးလို႔ ထုတ္ယူျခင္ းမျပဳေသးတာျဖစ္တယ္…။ ၁၉၉၈/၂၀၀၀မွ စတင္လို႔ မုတၱမ ပင္လယ္ေကြ႕႐ွိ ရတနာ၊ ရဲတံခြန္လုပ္ကြက္မွ သဘာဝ ဓာတ္​​ေငြ႔ကို ထိုင္းနိဳင္ငံကိုေရာင္းတာ တစ္​ႏွစ္​ အေမရိကန္ေဒၚလာ ၂ဘီလ်ံ နီးပါးရ႐ွိတယ္။ ၂၀၁၃ခုႏွစ္မွစ၍ေန႔စဥ္ ေဇာတိကလုပ္ကြက္အသစ္္ M-9 မွ ဓာတ္ေငြ႔ သန္း၃၀၀ကို ထုတ္ယူတယ္.။ လက္႐ွိကာလမွာ ကုန္းတြင္းလုပ္ကြက္ေပါင္း( ၆၅)ခု၊ ကမ္းလြန္လုပ္ကြက္ (၅၃)ခု႐ွိသလို လုပ္ကြက္အသစ္ (၁၈)ခုမွာလည္း စမ္းသပ္႐ွာေဖြတူးေဖာ္မႈမ်ားျပဳလုပ္ေနတယ္.။

ဓာတ္ေငြ႔ေရာင္းရေငြမ်ား ေဒၚလာသန္းေထာင္ခ်ီ ေပ်ာက္ဆံုးေနတယ္။ ေၾကးနီ၊ ေရႊ၊ ေက်ာက္စိမ္း၊ ခေနာက္စိမ္း၊ ႐ွားပါးဓာတ္သတၱဳ (Rare Earth)ကြ်န္းသစ္စတဲ့ သယံဇာတမ်ားကို ဘယ္လိုအသုံးခ်သလဲ…? ပမာဏမ်ားျပားလွတဲ့ ဓာတ္ေငြ႔ေရာင္းခ်လို႔ရတဲ့ ဒီေငြေတြ ဘယ္ေနရာသို႔ ဘယ္ေျခေထာက္နဲ႔ ထြက္သြားသလဲ…? (နိင္ငံေတာ္ဘ႑ာထဲမေရာက္ပါ)

ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႔လုပ္ငန္း(MOGE)ကို တပ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားျဖစ္တဲ့ ဦးပိုင္(UMEHL)နဲ႔ျ မန္မာ့စီးပြားေရးေကာ္ပိုေရး႐ွင္း(MEC)တို႔က ႏွစ္ေပါင္းမ်ားစြာထိန္းခ်ဴ ပ္ထားပါတယ္.။ ဦးပိုင္(UMEHL) ႏွင့္ MEC လုပ္ငန္းစုမ်ားကို တပ္မေတာ္စစ္ေရးခ်ဳပ္နဲ႔ စစ္ေထာက္ခ်ဳပ္တို႔က ထိန္းခ်ဴပ္ထားပါတယ္..။ (သူ႔ရဲ႕အထက္မွာကာခ်ဳပ္ရွိပါတယ္) လုပ္ကြက္တစ္ခုကို အသုံးခ်ရုံမွ်နဲ႔ တစ္ႏိုင္ငံလံုး လွ်ပ္စစ္မီးသံုးစဲြႏိုင္သလို မီတာခကိုေစ်းႏႈန္းခ်ိဴ သာစြာသံုးစဲြႏိုင္ပါတယ္ ။

ျပည္သူလူထုအမ်ားစုမွာေကာင္းက်ဳိးမခံစားရပါ ။ သဘာဝဓာတ္ေငြ႕ေရာင္းလို႔ရတဲ့ေငြေတြနဲ႔ တိုင္းျပည္ဖံြ႔ၿဖိဳးတိုးတက္ေရးအမ်ားႀကီးလုပ္ႏိုင္ပါတယ္္။ မီတာခတက္လို႔ေအာ္ေနၾကသူေတြ ဒါေတြမ်ားမ်ားသိေအာင္လုပ္ၾကဖို႔လိုပါတယ္.… ႏိုင္​ငံ​ေတာ္​ရဲ႕ဘ႑ာ ယို​ေပါက္​ကို ဖာ​ေထးျပီး သူခိုးႀကီးမ်ားလက္မွ ျပည္သူ႔ဘ႑ာမ်ားကို ျပည္သူေတြ႐ရွိေအာင္လုပ္ရမွာျဖစ္ပါတယ္…။ ျမန္မာ့သယံဇာတေတြဟာ အမ်ားအတြက္မျဖစ္ပဲ လူယုတ္မာတစ္စုအတြက္သာျဖစ္ေနတာကို သတိပညာျဖင့္ၾကည့္ပါကျ မင္ေတြ႕နိဳင္ပါတယ္… အမိေျမမွာ သစၥာပန္းမ်ား ပြင့္လန္းနိဳင္ပါေစ။

အရွင္ေတဇနိယ(မန္းေတာင္ေျခ) ေဖ့ဘုတ္အေကာင့္မွ ကူးယူကိုးကား-ကုသသမဂၢအစီရင္ခံစာမ်ား
credit ; baganthar

Unicode

ရခိုင်မှာထွက်ရှိတဲ့သဘာဝဓာတ်ငွေ့ကိုရောင်းဖို့ ၂၀၀၈-ခုနှစ်မှာ တရုတ်နဲ့နှစ်၃၀စာချုပ်ချုပ်ခဲ့တယ်။ ဓာတ်ငွေ့ပိုက်လိုင်းဟာ(၂ – ၆-၂၀၁၃)မှာပြီးလို့ (၂၁ – ၁၀-၂၀၁၃)မှာစတင်ပို့လွှတ်ခဲ့တယ် ။ တစ်နှစ်မှာသဘာဝဓာတ်ငွေ့(၁၂)ဘီလီယံကုဗပေအထိပေးပို့နိုင်တယ်။

ရခိုင်ကမ်းလွန်ရှိဓာတ်ငွေ့သိုက်မှ ကုဗပေသန်း၁၀၀ကို မြန်မာအတွက်ရောင်းပေးလို့ ကျောက်ဖြူ၊ /ကျောက်ဆည်/တောင်သာမြို့တွေမှာ စက်ရုံသုံးရုံတည်ဆောက်ပြီးလျှပ်စစ်ထုတ်ယူတယ်.။ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အတူတည်ဆောက်တဲ့ ရေနံပိုက်လိုင်းဟာ၂၀၁၄ခုနှစ်မှာ ပြီးစီးခဲ့ပြီး (၂ – ၅ -၂၀၁၇)မှာ စတင်ပို့လွှတ်ခဲ့တယ်။ တနှစ်မှာ ရေနံတန်ချိန် ၁၃.၆သန်းခန့် ပို့ပေးတယ်..။ ကျောက်ဖြူ ရေနံပိုက်လိုင်းနှင့်ရွှေသဘာဝဓာတ်ငွေ့မှ နှစ်စဉ် အမေရိကန်ဒေါ်လာ(၂)ဘီလျံခန့်ရရှိတယ်။

အိန္ဒိယနိုင်ငံကို ရောင်းချပေးမယ့် Essar Group A2 နဲ့ L လုပ်ကွက်တွေမှ ထွက်တဲ့ သဘာဝဓာတ်ငွေ့ ၁၃ ထရီလီယံ ကတော့ ပိုက်လိုင်းသွယ်တန်းမှု မပြီးစီးသေးလို့ ထုတ်ယူခြင် းမပြုသေးတာဖြစ်တယ်…။ ၁၉၉၈/၂၀၀၀မှ စတင်လို့ မုတ္တမ ပင်လယ်ကွေ့ရှိ ရတနာ၊ ရဲတံခွန်လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ကို ထိုင်းနိုင်ငံကိုရောင်းတာ တစ်နှစ် အမေရိကန်ဒေါ်လာ ၂ဘီလျံ နီးပါးရရှိတယ်။ ၂၀၁၃ခုနှစ်မှစ၍နေ့စဉ် ဇောတိကလုပ်ကွက်အသစ် M-9 မှ ဓာတ်ငွေ့ သန်း၃၀၀ကို ထုတ်ယူတယ်.။ လက်ရှိကာလမှာ ကုန်းတွင်းလုပ်ကွက်ပေါင်း( ၆၅)ခု၊ ကမ်းလွန်လုပ်ကွက် (၅၃)ခုရှိသလို လုပ်ကွက်အသစ် (၁၈)ခုမှာလည်း စမ်းသပ်ရှာဖွေတူးဖော်မှုများပြုလုပ်နေတယ်.။

ဓာတ်ငွေ့ရောင်းရငွေများ ဒေါ်လာသန်းထောင်ချီ ပျောက်ဆုံးနေတယ်။ ကြေးနီ၊ ရွှေ၊ ကျောက်စိမ်း၊ ခနောက်စိမ်း၊ ရှားပါးဓာတ်သတ္တု (Rare Earth)ကျွန်းသစ်စတဲ့ သယံဇာတများကို ဘယ်လိုအသုံးချသလဲ…? ပမာဏများပြားလှတဲ့ ဓာတ်ငွေ့ရောင်းချလို့ရတဲ့ ဒီငွေတွေ ဘယ်နေရာသို့ ဘယ်ခြေထောက်နဲ့ ထွက်သွားသလဲ…? (နိင်ငံတော်ဘဏ္ဍာထဲမရောက်ပါ)

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ဦးပိုင်(UMEHL)နဲ့ြ မန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့က နှစ်ပေါင်းများစွာထိန်းချူ ပ်ထားပါတယ်.။ ဦးပိုင်(UMEHL) နှင့် MEC လုပ်ငန်းစုများကို တပ်မတော်စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ်တို့က ထိန်းချူပ်ထားပါတယ်..။ (သူ့ရဲ့အထက်မှာကာချုပ်ရှိပါတယ်) လုပ်ကွက်တစ်ခုကို အသုံးချရုံမျှနဲ့ တစ်နိုင်ငံလုံး လျှပ်စစ်မီးသုံးစွဲနိုင်သလို မီတာခကိုဈေးနှုန်းချိူ သာစွာသုံးစွဲနိုင်ပါတယ် ။

ပြည်သူလူထုအများစုမှာကောင်းကျိုးမခံစားရပါ ။ သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေတွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအများကြီးလုပ်နိုင်ပါတယ်။ မီတာခတက်လို့အော်နေကြသူတွေ ဒါတွေများများသိအောင်လုပ်ကြဖို့လိုပါတယ်.… နိုင်ငံတော်ရဲ့ဘဏ္ဍာ ယိုပေါက်ကို ဖာထေးပြီး သူခိုးကြီးများလက်မှ ပြည်သူ့ဘဏ္ဍာများကို ပြည်သူတွေရရှိအောင်လုပ်ရမှာဖြစ်ပါတယ်…။ မြန်မာ့သယံဇာတတွေဟာ အများအတွက်မဖြစ်ပဲ လူယုတ်မာတစ်စုအတွက်သာဖြစ်နေတာကို သတိပညာဖြင့်ကြည့်ပါကြ မင်တွေ့နိုင်ပါတယ်… အမိမြေမှာ သစ္စာပန်းများ ပွင့်လန်းနိုင်ပါစေ။

အရှင်တေဇနိယ(မန်းတောင်ခြေ) ဖေ့ဘုတ်အကောင့်မှ ကူးယူကိုးကား-ကုသသမဂ္ဂအစီရင်ခံစာများ

Leave a Reply

Your email address will not be published. Required fields are marked *