လိပ်ပြာလေးလို လှရက်လွန်းနေတဲ့ ပန်းရောင်ခြယ်ရဲ့ပွဲတက်ပုံရိပ်တွေ

Posted on







Credit ; momolay

Unicode

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ကတော့ အများနဲ့မတူတဲ့ ဆံနွယ်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားပြီး ကျက်သရေရှိတဲ့ မဟာဆန်ဆန်အလှတရားကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပန်းရောင်လေးက “လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event ကို အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ အလှဆုံး တက်ရောက်ခဲ့တာပါ။ ဆံပင်လေးတွေကို ကဗျာဆန်ဆန်လေး ထုံးဖွဲ့ပြီး လှချင်တိုင်းလှနေတဲ့ ပန်းရောင်ရဲ့ပုံရိပ်လေးတွေက အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းလောက်အောင်လှရက်လွန်းတဲ့ အလှပိုင်ရှင်လေး ပန်းရောင်ခြယ်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ပန်းရောင်လေးကတော့ “”လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event 🦋 အောက်တိုဘာ ၁၇ က စပြီး အပတ်စဉ် ကြာသပတေးနေ့ ည ၈ နာရီ CANAL+ Zat Lenn channel မှာ စောင့်ကြည့်လို့ရပါတယ် 🦋” ဆိုပြီး သူမရဲ့ ပွဲတက်အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

ပန်းရောင်ခြယ်ကတော့ ဖခင်နဲ့တူလို့ အဆိုဝါသနာပါသူတစ်ဉီးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူတစ်ဉီးပါ။

သမီးကို အစစအရာရာ အားဖြည့်ပေးတဲ့ အဖေဖြစ်သူ ဂရေဟမ်

ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ သီချင်းတွေဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရုပ်မလေးလို လှတဲ့ ပန်းရောင်လေးကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Pann Yaung Chel’s Facebook
Photo:Phonn Photography

Leave a Reply

Your email address will not be published. Required fields are marked *