သူေဌးတစ္ဦးကို ေျခေထာက္ပုံပို႔႐ုံနဲ႔ (၃၇) သိန္း ရၿပီး သူငယ္ခ်င္း (၁၅) ဦးကို လက္ေဆာင္ဝယ္ေပးခဲ့တဲ့ သူ

Posted on

ေက်ာင္းသူတစ္ဦးဟာ သူေဌးတစ္ဦးကို ေျခေထာက္ပုံပို႔ၿပီး ေဒၚလာ (၂၅၀၀) ၊ (၃၇) သိန္း ရရွိခဲ့တာေၾကာင့္ သူ႔ရဲ႕ သူငယ္ခ်င္း (၁၅) ဦးကို အဝတ္အစား လက္ေဆာင္ ဝယ္ေပးခဲ့ပါတယ္။(၂၁) ႏွစ္အ႐ြယ္ ေအမီ ဝီလံ (Amy Williams) ဟာ သူ႔ရဲ႕ လူမႈကြန္ရက္ တြစ္တာအေကာင့္မွာ ပိုက္ဆံ မရွိေတာ့ဘူးလို႔ စာတင္ၿပီးေနာက္ ရစ္ခ်ာ (Richard) လို အမည္ရတဲ့ သူေဌးတစ္ဦးက သူ႔ကို ပိုက္ဆံေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။

Thesun သတင္းက သူေဌး ရစ္ခ်ာဟာ ေအမီကို ေျခေထာက္ပုံ ပို႔ဖို႔ ေျပာခဲ့ၿပီး ေနာက္ထပ္ အျခား ဘာကိုမွ မေတာင္းဆိုဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ ေအမီဟာ ဥေပဒ ေက်ာင္းသူ ျဖစ္ၿပီး သူေဌး ရစ္ခ်ာကို ေျခေထာက္ပုံ ပို႔ၿပီး (၃၇) သိန္း ရခဲ့ပါတယ္။ သူမက ရစ္ခ်ာကို အရင္ ပိုက္ဆံ လြဲေပးဖို႔ ေျပာခဲ့ပါတယ္။ရစ္ခ်ာက ပိုက္ဆံ အရင္ဆုံး လြဲေပးၿပီးေနာက္ ေအမီက သူ႔မရဲ႕ ေျခေထာက္ကို ဓါတ္ပုံ ႐ိုက္ၿပီး ျပန္လည္ ပို႔ခဲ့ပါတယ္။သူမက “ကြၽန္မ တြစ္တာမွာ ဘိုင္ပ်က္ေနပါၿပီ၊ သူေဌးတစ္ဦး လိုခ်င္တယ္လို႔ ေရးခဲ့ၿပီး ရစ္ခ်ာက ကြၽန္မကို တိုက္႐ိုက္ စာပို႔ခဲ့ပါတယ္။

သူက ကြၽန္မရဲ႕ ေျခေထာက္ပုံကို သူဆီ ပို႔ဖို႔ ေျပာေတာ့ ေလွ်ာက္ေျပာေနတာလို႔ ထင္ခဲ့ပါတယ္။ ဒီေတာ့ ကြၽန္မက သူ႔ကို ပိုက္ဆံ အရင္ ပို႔ေပးဖို႔ ေျပာခဲ့ပါတယ္။ သူက သူ႔ရဲ႕ေငြေခ်းကဒ္ကို ပို႔ေပးၿပီး သုံးခ်င္သေလာက္ သုံးပါလို႔ ေျပာခဲ့ပါတယ္”လို႔ TheSun သတင္းမွာ ေျပာျပသြားခဲ့ပါတယ္။

ေအမီဟာ သူေဌး ရစ္ခ်ာဆီကေန ေဒၚလာ (၂၅၀၀)၊ (၃၇) သိန္း ရခဲ့တာေၾကာင့္ သူ႔ရဲ႕ သူငယ္ခ်င္း (၁၅) ေယာက္ကို ေဒၚလာ (၁၀၀၀)၊ (၁၀) သိန္းဖိုး အဝတ္အစား ဝယ္ေပးခဲ့ပါတယ္။ ေအမီရဲ႕ သူငယ္ခ်င္းျဖစ္သူ ဆာရာ ကြန္ႏိုလီ (Sarah Connolly) က ဒီျဖစ္စဥ္ကို တြစ္တာမွာ တင္ခဲ့ပါတယ္။အခ်ိဳ႕ အမ်ိဳးသမီးေတြက အဲဒီလို သူေဌး တစ္ဦးကို ဘယ္မွာ ရွာလို႔ ရမလဲ၊ သူတို႔လည္း လိုခ်င္တယ္လို႔ ေရးသားခဲ့ၾကပါတယ္။

CRD-Ko Khant ( D Nae Khit Media )

Unicode

ကျောင်းသူတစ်ဦးဟာ သူဌေးတစ်ဦးကို ခြေထောက်ပုံပို့ပြီး ဒေါ်လာ (၂၅၀၀) ၊ (၃၇) သိန်း ရရှိခဲ့တာကြောင့် သူ့ရဲ့ သူငယ်ချင်း (၁၅) ဦးကို အဝတ်အစား လက်ဆောင် ဝယ်ပေးခဲ့ပါတယ်။(၂၁) နှစ်အရွယ် အေမီ ဝီလံ (Amy Williams) ဟာ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာအကောင့်မှာ ပိုက်ဆံ မရှိတော့ဘူးလို့ စာတင်ပြီးနောက် ရစ်ချာ (Richard) လို အမည်ရတဲ့ သူဌေးတစ်ဦးက သူ့ကို ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

Thesun သတင်းက သူဌေး ရစ်ချာဟာ အေမီကို ခြေထောက်ပုံ ပို့ဖို့ ပြောခဲ့ပြီး နောက်ထပ် အခြား ဘာကိုမှ မတောင်းဆိုဘူးလို့ ဖော်ပြခဲ့ပါတယ်။ အေမီဟာ ဥပေဒ ကျောင်းသူ ဖြစ်ပြီး သူဌေး ရစ်ချာကို ခြေထောက်ပုံ ပို့ပြီး (၃၇) သိန်း ရခဲ့ပါတယ်။ သူမက ရစ်ချာကို အရင် ပိုက်ဆံ လွဲပေးဖို့ ပြောခဲ့ပါတယ်။ရစ်ချာက ပိုက်ဆံ အရင်ဆုံး လွဲပေးပြီးနောက် အေမီက သူ့မရဲ့ ခြေထောက်ကို ဓါတ်ပုံ ရိုက်ပြီး ပြန်လည် ပို့ခဲ့ပါတယ်။သူမက “ကျွန်မ တွစ်တာမှာ ဘိုင်ပျက်နေပါပြီ၊ သူဌေးတစ်ဦး လိုချင်တယ်လို့ ရေးခဲ့ပြီး ရစ်ချာက ကျွန်မကို တိုက်ရိုက် စာပို့ခဲ့ပါတယ်။

သူက ကျွန်မရဲ့ ခြေထောက်ပုံကို သူဆီ ပို့ဖို့ ပြောတော့ လျှောက်ပြောနေတာလို့ ထင်ခဲ့ပါတယ်။ ဒီတော့ ကျွန်မက သူ့ကို ပိုက်ဆံ အရင် ပို့ပေးဖို့ ပြောခဲ့ပါတယ်။ သူက သူ့ရဲ့ငွေချေးကဒ်ကို ပို့ပေးပြီး သုံးချင်သလောက် သုံးပါလို့ ပြောခဲ့ပါတယ်”လို့ TheSun သတင်းမှာ ပြောပြသွားခဲ့ပါတယ်။

အေမီဟာ သူဌေး ရစ်ချာဆီကနေ ဒေါ်လာ (၂၅၀၀)၊ (၃၇) သိန်း ရခဲ့တာကြောင့် သူ့ရဲ့ သူငယ်ချင်း (၁၅) ယောက်ကို ဒေါ်လာ (၁၀၀၀)၊ (၁၀) သိန်းဖိုး အဝတ်အစား ဝယ်ပေးခဲ့ပါတယ်။ အေမီရဲ့ သူငယ်ချင်းဖြစ်သူ ဆာရာ ကွန်နိုလီ (Sarah Connolly) က ဒီဖြစ်စဉ်ကို တွစ်တာမှာ တင်ခဲ့ပါတယ်။အချို့ အမျိုးသမီးတွေက အဲဒီလို သူဌေး တစ်ဦးကို ဘယ်မှာ ရှာလို့ ရမလဲ၊ သူတို့လည်း လိုချင်တယ်လို့ ရေးသားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *