၅ ေပ သာသာပဲရွိတဲ့ ပုပုေသးေသးေကာင္မေလးေတြနဲ႔လိုက္ဖက္မယ့္ဖက္ရွင္

Posted on

အရပ္ပုပုေသးေသးနဲ႔ ေကာင္မေလးေတြက ခ်စ္စရာေကာင္းေပမယ့္ မလိုက္ဖက္တဲ့ ဖက္ရွင္ေတြလည္း ရွိပါတယ္။ ကိုယ္နဲ႔မလိုက္တဲ့ဖက္ရွင္မ်ိဳးကိုဝတ္မိရင္ ၾကည့္ရဆိုးေစတယ္ေလ။

ဒါေၾကာင့္ ၅ ေပ သာသာပဲရွိတဲ့ ပုပုေသးေသးေကာင္မေလးေတြနဲ႔ လိုက္ဖက္မယ့္ဖက္ရွင္ေလးေတြကို ေျပာျပေပးလိုက္ပါတယ္။

Hoodie အပြေလးေတြကို ေဘာင္းဘီတိုေလးေတြနဲ႔ တဲြဖက္ဝတ္ဆင္တာက ပုပုေသးေသးေလးေတြနဲ႔ အရမ္းလိုက္ဖက္ၿပီး ခ်စ္စရာေကာင္းပါတယ္။တီရွပ္အပြေလးေတြကို ေဘာင္းဘီတိုနဲ႔တဲြဝတ္ၿပီး Sneakers ေလးေတြစီးတာက ပုပုေသးေသးေလးေတြနဲ႔ အလိုက္ဖက္ဆံုးဖက္ရွင္ပါပဲ။

စကပ္ဝတ္တာက ပုပုေသးေသးေလးေတြနဲ႔ အရမ္းလိုက္ပါတယ္။ ဒါေပမယ့္ ကေလးဆန္လြန္းတဲ့ စကပ္အကားေတြနဲ႔ဆိုရင္ လူေကာင္ေသးတာကို ပိုသိသာေစလို႔ ဝတ္မယ္ဆိုရင္ေတာင္ ဂ်င္းစကပ္ေလးေတြနဲ႔ စကပ္အက်ပ္ေလးေတြ၊ သိပ္မကားတဲ့စကပ္ေလးေတြကိုပဲ ေရြးခ်ယ္ပါ။

အရပ္ပုလို႔ အတိုပဲဝတ္မယ္၊ အရွည္မဝတ္ဘူး မလုပ္ပါနဲ႔။ ဂ်င္းေဘာင္းဘီအရွည္ကလဲ ပုပုေသးေသးေလးေတြနဲ႔ လိုက္ဖက္ပါတယ္။

Crop Top အကၤီ်အပြေလးေတြနဲ႔ Crop Top အကၤီ်ကိုယ္က်ပ္ေလးေတြက ပုပုေသးေသးေလးေတြနဲ႔ အရမ္းလိုက္ဖက္ၿပီး ခ်စ္စရာေကာင္းေစတဲ့ ဖက္ရွင္ေလးမို႔ ဒီလိုအကၤီ်ေတြ ဝယ္ထားသင့္တယ္ေနာ္။

ဂါဝန္ေလးေတြကလည္း ပုပုေသးေသးေလးေတြနဲ႔ အလုိက္ဖက္ဆံုးပါပဲ။ ကေလးဆန္လြန္းတဲ့ ဂါဝန္ေတြကိုေတာ့ ေရွာင္ေပးပါ။

ဂ်င္းကုတ္အပြေလးေတြနဲ႔ Jacket အပြေလးေတြက ပုပုေသးေသးေလးေတြနဲ႔ အလိုက္ဖက္ဆံုးပဲမို႔ ဝယ္ထားသင့္တယ္ေနာ္။

Photo Source: www.pinterest.com
Credit mystyle myanmar

Unicode

အရပ်ပုပုသေးသေးနဲ့ ကောင်မလေးတွေက ချစ်စရာကောင်းပေမယ့် မလိုက်ဖက်တဲ့ ဖက်ရှင်တွေလည်း ရှိပါတယ်။ ကိုယ်နဲ့မလိုက်တဲ့ဖက်ရှင်မျိုးကိုဝတ်မိရင် ကြည့်ရဆိုးစေတယ်လေ။

ဒါကြောင့် ၅ ပေ သာသာပဲရှိတဲ့ ပုပုသေးသေးကောင်မလေးတွေနဲ့ လိုက်ဖက်မယ့်ဖက်ရှင်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

Hoodie အပွလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းပါတယ်။တီရှပ်အပွလေးတွေကို ဘောင်းဘီတိုနဲ့တွဲဝတ်ပြီး Sneakers လေးတွေစီးတာက ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်ပါပဲ။

စကပ်ဝတ်တာက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဒါပေမယ့် ကလေးဆန်လွန်းတဲ့ စကပ်အကားတွေနဲ့ဆိုရင် လူကောင်သေးတာကို ပိုသိသာစေလို့ ဝတ်မယ်ဆိုရင်တောင် ဂျင်းစကပ်လေးတွေနဲ့ စကပ်အကျပ်လေးတွေ၊ သိပ်မကားတဲ့စကပ်လေးတွေကိုပဲ ရွေးချယ်ပါ။

အရပ်ပုလို့ အတိုပဲဝတ်မယ်၊ အရှည်မဝတ်ဘူး မလုပ်ပါနဲ့။ ဂျင်းဘောင်းဘီအရှည်ကလဲ ပုပုသေးသေးလေးတွေနဲ့ လိုက်ဖက်ပါတယ်။

Crop Top အင်္ကျီအပွလေးတွေနဲ့ Crop Top အင်္ကျီကိုယ်ကျပ်လေးတွေက ပုပုသေးသေးလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းစေတဲ့ ဖက်ရှင်လေးမို့ ဒီလိုအင်္ကျီတွေ ဝယ်ထားသင့်တယ်နော်။

ဂါဝန်လေးတွေကလည်း ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ကလေးဆန်လွန်းတဲ့ ဂါဝန်တွေကိုတော့ ရှောင်ပေးပါ။

ဂျင်းကုတ်အပွလေးတွေနဲ့ Jacket အပွလေးတွေက ပုပုသေးသေးလေးတွေနဲ့ အလိုက်ဖက်ဆုံးပဲမို့ ဝယ်ထားသင့်တယ်နော်။

Photo Source: www.pinterest.com
Credit mystyle myanmar