
Posted on







Source;may toe khine , Credit ; momolay

Unicode

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင်က အဒေါ်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်ပြီး အိန္ဒြာကျော်ဇင်လိုပဲ လူချစ်လူခင် များပြားလှသူပါ။ ပရိသတ်တွေ ချစ်ကြတဲ့ မေတိုးခိုင်က လက်ရှိမှာ မော်ဒယ် သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့သူလေး ဖြစ်ပါတယ်။သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ” ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်အားပေးမှုများစွာ ရရှိထားသူပဲ ဖြစ်ပါတယ်။

မေတိုးခိုင်က သူမကို ချစ်တဲ့ပရိသတ်တွေအတွက် အလှပုံရိပ်လေးတွေဖော်ပြတတ်သူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သူမက စင်္ကာပူ ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေပြီး သူမရဲ့ အလှပုံရိပ်တွေကို ဖော်ပြထားပါတယ်။

မေတိုးခိုင် က “မနေ့က Viber Event လေးမှာ.. Asia က Celebrities တွေ Influencers တွေ နဲ့ တွေ့ခွင့်ရခဲ့တဲ့ပွဲလေးပေါ့.. Social Medias တွေရဲ့ safety and privacy အကြောင်း ဗဟုသုတတွေအများကြီးရခဲ့တယ်.. Myanmar ရဲ့ ကိုယ်စားပြု အနေနဲ့တက်ရောက်ခွင့်ရတဲ့အတွက်လည်းအရမ်း ဂုဏ်ယူပါတယ် ” ဆိုပြီးပြောထားပါတယ်။

ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုအပြည့်နဲ့ မြင်သူတကာငေးရလောက်အောင် လှနေတဲ့ မေတိုးခိုင်

မိုမိုလေးပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပရိသတ်ကြီးလည်း မေတိုးခိုင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ ဒီပုံလေးတွေကို သဘောကျနှစ်ခြိုက်ကြရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source;may toe khine