ပရိသတ်တွေအထင်လွဲနေကြတဲ့ နေခြည်ဦးနဲ့ ပန်းစည်းတူနေတဲ့အကြောင်းကို ရှင်းပြလာတဲ့ စိုင်းစိုင်း

Posted on






Credit ; momolay

Unicode

နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုတွေ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိအချိန်ထိ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း သူ့ပရိသတ်တွေအတွက် အမြဲတမ်း ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စိုင်းစိုင်းခမ်းလှိုင်က မန္တလေးမြို့ကို ရောက်ရှိတုန်း ပန်းစည်းတစ်စည်းကို ကိုင်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မျက်စိလျင်ကြတဲ့ ပရိသတ်တွေကလည်း စိုင်းစိုင်းခမ်းလှိုင် ကိုင်ထားတဲ့ ပန်းစည်းက နေခြည်ဦးရဲ့ဟိုတယ်ခန်းထဲက ပန်းစည်းပုံနဲ့ တစ်ပုံစံတည်း တူနေတယ်ဆိုပြီး သတိထားမိခဲ့ကြပါတယ်။

ပန်းစည်းတူနေရုံသာမကပဲ ဟိုတယ်အပြင်ဘက်မှာ မြင်နေရတဲ့ မန္တလေးကျုံးပုံစံအနေအထားကလည်း တူနေတာကြောင့် တစ်ချို့သော ပရိသတ်တွေက အမျိုးမျိုးသော ဝေဖန်မှုတွေ ပြောခဲ့ကြပါတယ်။ ထိုပန်းစည်းပြဿနာနဲ့ ပက်သတ်ပြီး စိုင်းစိုင်းခမ်းလှိုင်က အခုလိုပဲ ရှင်းပြထားပါတယ်။

“ခရီးထွက်ရင် ကြိုဆိုတဲ့သူတွေ တည်းခိုတဲ့ ဟိုတယ်တွေက ပန်းစည်းလက်ဆောင်ပေးတဲ့ အလေ့အထရှိတယ်ဆိုတာကိုလည်း …” ဆိုပြီး ပရိသတ်တွေ အမြင်ရှင်းအောင် စိုင်းစိုင်းက ပြောပြလာပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ နေခြည်ဦးတို့ကတော့ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ အထင်လွဲနေကြတဲ့ ပရိသတ်တွေလည်း အခုဆိုရင် အမြင်ရှင်းလောက်ပြီ ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Sai Sai Kham Leng’s fb

Leave a Reply

Your email address will not be published. Required fields are marked *