ရုပ်ရှင်ရိုက်ရင်း နေတိုးနဲ့အကြည့်ချင်းဆုံတိုင်း ရင်ခုန်ခဲ့ရတယ်ဆိုတဲ့ နေခြည်ဦး

Posted on




Source : MC , Molly

Unicode

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးကတော့ ” အခမ်းအနားဆုံး မေတ္တာ ” ဆိုတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။ ထူးခြားတာကတော့ ဒီကားလေးမှာ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီများရှင်နေတိုးနဲ့ Beauty Blogger မလေး နေခြည်ဦးတို့ က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ ။ ရိုက်ကွင်းပေါ်မှာတစ်ခါမှမဆုံဖူးတဲ့ သူတို့ရဲ့ပထမဆုံးတွေ့ဆုံတဲ့ကားလေးဖြစ်ပြီး ကုမ္ပဏီ CEO တစ်ယောက်နဲ့ အတွင်းရေးမှူးမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ။

ဒီဇာတ်ကားလေးက ရုံမတင်ခင်မှာပဲ Trailer နဲ့တင်ပရိသတ်တွေ စိတ်ဝင်စားမှု နှုန်းမြင့်တက်ခဲ့တဲ့ဇာတ်ကားလေးလဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားရိုက်ကူးနေစဉ်မှာ နေတိုးနဲ့အကြည့်ချင်းဆုံတဲ့အခန်းတွေမှာ ဆိုရင် ချီချီက တကယ်ကိုရင်ခုန်ခဲ့တာပါတဲ့ ပရိသတ်ကြီးရေ ..။ အကြည့်ချင်းဆုံတဲ့အခန်းတိုင်းမှာ ရင်တွေအရမ်းခုန်ပြီး မျက်လုံးတွေပါတကယ်အသက်ဝင်ကုန်တယ်လို့ ချီချီက သူမရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ် ။ အရပ်ရှည်ပြီး အရမ်းချောတဲ့မင်းသား တစ်ယောက်ဖြစ်တဲ့အတွက် သူမကိုယ်တိုင်တောင် အကြည့်ချင်းဆုံရင် မခံနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် ရုပ်ရှင်အတွက် အကောင်းဆုံးကြိုးစားနေကြတာဖြစ်တဲ့အတွက် တကယ့် Real Feeling တွေနဲ့ ရိုက်ကူးခဲ့တာလို့လည်း သိရပါတယ် ။

အရမ်းရိုးမန့်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေ မပါဝင်ပေမယ့် အကြည့်ချင်းဆုံတဲ့အခန်းလေးတောင် ဒီလောက်ရင်ခုန်နေရရင် ရိုးမန့်အကြမ်းတွေရိုက်ရင် ဘယ်လိုများနေမလဲ မသိဘူးလို့လည်း ချီချီက နေတိုးနဲပတ်သက်တဲ့သူမရဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ် ။ Cele Connection ပရိသတ်ကြီးရေချီချီကတော့ နေတိုးရဲ့ အကြည့်တွေအောက်မှာ အကြီးကျယ် ကျရှုံးသွားခဲ့ပါပြီနော် ။

Source : MC , Molly

Leave a Reply

Your email address will not be published. Required fields are marked *