ၿဖိဳးျပည့္စံုလို ႀကံဳဖူးတဲ့ သာသနာႏြယ္ဆရာေတာ္ႏွင့္ ျမန္မာျပည္ကရဲမ်ား ဆိုသည္မွာ

Posted on

ၿဖိဳးျပည့္စုံလို ႀကဳံဖူးတယ္…

တစ္ႏွစ္က ေတာင္ဝိုင္းမွာ တရားပြဲမ႑ပ္ ေဆာက္ေနတုန္း ညေန အခ်ိန္မွာ ရဲနဲ႔ နယ္ထိန္းေတြ ဝုန္းဒိုင္း ေရာက္ခ်လာၿပီး မ႑ပ္ေဆာက္ေနတဲ့ေက်ာင္းသားကို အတင္း နားရင္းေတြ ဝင္အုပ္ၿပီး လက္ကိုဖမ္းခ်ဳပ္ လက္ထိပ္ခတ္ၿပီး ပုံစံ ထိုင္ခိုင္းထားတယ္။ အလုပ္လုပ္ေနတဲ့ ေက်ာင္းသားကေတာ့ ဘာျဖစ္သြားမွန္းမသိဘဲ သတိပါလြတ္သြားၿပီး ေၾကာင္ ၾကည့္ေနေလရဲ႕။

မိမိ ေက်ာင္းထဲ ခနဝင္သြားတုန္းျဖစ္တာဆိုေတာ့ တရားပြဲကြင္းကို ျပန္ထြက္လာေတာ့ စု႐ုံး စု႐ုံးနဲ႔ ေက်ာင္းသားကိုၾကည့္လိုက္ေတာ့ လက္ထိပ္တန္းလန္းနဲ႔ ငုတ္တုတ္ေလး။ ဘာျဖစ္တာလဲ ေမးၾကည့္ေတာ့ မူးယစ္ေဆးေရာင္းလို႔ဖမ္းတာတဲ့။

ဟာ- တစ္ေနကုန္ မိမိနဲ႔ရွိေနတဲ့ ႐ိုးသားၿပီး အလုပ္ႀကိဳးစားၿပီးလုပ္ေနတဲ့ ေက်ာင္းသားက မူးယစ္ေဆး ေရာင္းစရာလားကြ ဆိုေတာ့မွ ေသခ်ာၾကည့္ၿပီး ဆံပင္ပုံစံ တူေနလို႔ တဲ့။

အဲ့ဒါနဲ႔ ရာအိမ္မႈးေခၚၿပီး ရွင္းခိုင္းရတယ္။ ခဏေနေတာ့ မိမိနဲ႔သိတဲ့ ဒုရဲအုပ္ေရာက္လာမွ ဒကာႀကီး ဒီမွာၾကည့္ဦး ဘယ္လိုလုပ္မွာလဲ။ ဒါ ဦးဇင္းနဲ႔ တစ္ေနကုန္ အလုပ္လုပ္ေနတဲ့ ေက်ာင္းသားပဲ ဆိုေတာ့မွ ျပန္ေတာင္းပန္တယ္။ အဲ့ေတာ့မွ သူ႔ေအာက္ကရဲေတြက ေဆးေရာင္းတဲ့သတင္းရလို႔ လိုက္ဖမ္းတာ ထြက္ေျပးသြားတဲ့ သူနဲ႔ ဆံပင္ပုံခ်င္း တူေနလို႔တဲ့။

ဟာ- ဒကာတို႔က ဒါ မွားစရာလား၊ ေတာ္ေသးတာေပါ့ တရားခံက ကတုံးသားဆို ဘုန္းႀကီးပါ ပါေလာက္တယ္ လို႔ေျပာၿပီး ေက်ာင္းသားကိုၾကည့္လိုက္ေတာ့ ေက်ာင္းသားမွာေတာ့ ေတာ္ေတာ္အေကြၽးခံလိုက္ရပုံရတယ္ ထူပူၿပီး ဘာသံမွေတာင္ မထြက္ေတာ့ဘူး။

လက္ထိပ္ျပန္ျဖဳတ္ခိုင္းေတာ့ ေသာ့က ဘယ္သူ႔ဆီပါသြားမွန္းမသိဘူး။ ရဲတစ္ဖြဲ႕လုံးလည္း အနံ႔ေတြတထာင္းေထာင္းကိုထလို႔။ လက္ထိပ္ျဖဳတ္ၿပီးေတာ့မွ ေတာင္းပန္ပါတယ္ဆိုတာနဲ႔ ၿပီးသြားတယ္။ ခံလိုက္ရတဲ့ေက်ာင္းသားကေတာ့ အီစလံေဝၿပီး သူ႔တစ္သက္ မဝတ္ဘူးတဲ့ စတီးလက္ေကာက္ပါ ဝတ္လိုက္ရတယ္။ ေတာ္ေသးတာေပါ့ တျခားသူဆိုရင္ေတာ့ မေတြးဝံ့စရာပဲ။

ေက်ာင္းသားက မေက်နပ္ေပမယ့္ ဘုန္းႀကီးကၾကားထဲက ေတာင္းပန္လို႔ ေက်ေအးလိုက္တယ္။ ဒကာေလး က်ိန္းေက်သြားၿပီ ဘာ ညာနဲ႔ ေခ်ာ့ရတာေပါ့။ ေတာ္ေသးတာေပါ့ မိမိ အခ်ိန္မီေရာက္လာလို႔။ အခ်ိန္မီသာေရာက္မလာလို႔ကေတာ့ ကားေပၚေခၚတင္သြားၿပီး စခန္းေခၚသြားလို႔ကေတာ့ လမ္းမွာတင္ သြားကြၽတ္ေလာက္တယ္။

ေျပာခ်င္တာက သၾကားလုံးစားမွ အေကြၽးခံ အဖမ္းခံရတာ မဟုတ္ဘူး။ တရားခံနဲ႔ ဆံပင္ပုံဆံတူလည္း အေကြၽးခံ၊ အဖမ္းခံရတတ္တယ္ဆိုတာကိုပါ ေျပာျပၿပီးသတိေပးခ်င္တာ။ေမာ္လၿမိဳင္မွာ မူးယစ္ေဆးဝါးကိစၥေတြလည္း အထိန္းအသိမ္းေကာင္းလို႔နဲ႔တူတယ္ လမ္းမထြက္မေရာင္းေတာ့ဘူး။ ေက်ာင္းအေဆာင္ေတြထဲမွာပဲ ထိုင္ျဖန႔္ေနၾကေလရဲ႕။ မယုံမရွိနဲ႔ ကိုယ္ေတြ႕မို႔ ေျပာျပတာ။

Ashin Sanda Zawti – သာသနာႏြယ္ဆရာေတာ္

Unicode

ဖြိုးပြည့်စုံလို ကြုံဖူးတယ်…

တစ်နှစ်က တောင်ဝိုင်းမှာ တရားပွဲမဏ္ဍပ် ဆောက်နေတုန်း ညနေ အချိန်မှာ ရဲနဲ့ နယ်ထိန်းတွေ ဝုန်းဒိုင်း ရောက်ချလာပြီး မဏ္ဍပ်ဆောက်နေတဲ့ကျောင်းသားကို အတင်း နားရင်းတွေ ဝင်အုပ်ပြီး လက်ကိုဖမ်းချုပ် လက်ထိပ်ခတ်ပြီး ပုံစံ ထိုင်ခိုင်းထားတယ်။ အလုပ်လုပ်နေတဲ့ ကျောင်းသားကတော့ ဘာဖြစ်သွားမှန်းမသိဘဲ သတိပါလွတ်သွားပြီး ကြောင် ကြည့်နေလေရဲ့။

မိမိ ကျောင်းထဲ ခနဝင်သွားတုန်းဖြစ်တာဆိုတော့ တရားပွဲကွင်းကို ပြန်ထွက်လာတော့ စုရုံး စုရုံးနဲ့ ကျောင်းသားကိုကြည့်လိုက်တော့ လက်ထိပ်တန်းလန်းနဲ့ ငုတ်တုတ်လေး။ ဘာဖြစ်တာလဲ မေးကြည့်တော့ မူးယစ်ဆေးရောင်းလို့ဖမ်းတာတဲ့။

ဟာ- တစ်နေကုန် မိမိနဲ့ရှိနေတဲ့ ရိုးသားပြီး အလုပ်ကြိုးစားပြီးလုပ်နေတဲ့ ကျောင်းသားက မူးယစ်ဆေး ရောင်းစရာလားကွ ဆိုတော့မှ သေချာကြည့်ပြီး ဆံပင်ပုံစံ တူနေလို့ တဲ့။

အဲ့ဒါနဲ့ ရာအိမ်မှုးခေါ်ပြီး ရှင်းခိုင်းရတယ်။ ခဏနေတော့ မိမိနဲ့သိတဲ့ ဒုရဲအုပ်ရောက်လာမှ ဒကာကြီး ဒီမှာကြည့်ဦး ဘယ်လိုလုပ်မှာလဲ။ ဒါ ဦးဇင်းနဲ့ တစ်နေကုန် အလုပ်လုပ်နေတဲ့ ကျောင်းသားပဲ ဆိုတော့မှ ပြန်တောင်းပန်တယ်။ အဲ့တော့မှ သူ့အောက်ကရဲတွေက ဆေးရောင်းတဲ့သတင်းရလို့ လိုက်ဖမ်းတာ ထွက်ပြေးသွားတဲ့ သူနဲ့ ဆံပင်ပုံချင်း တူနေလို့တဲ့။ဟာ- ဒကာတို့က ဒါ မှားစရာလား၊ တော်သေးတာပေါ့ တရားခံက ကတုံးသားဆို ဘုန်းကြီးပါ ပါလောက်တယ် လို့ပြောပြီး ကျောင်းသားကိုကြည့်လိုက်တော့ ကျောင်းသားမှာတော့ တော်တော်အကျွေးခံလိုက်ရပုံရတယ် ထူပူပြီး ဘာသံမှတောင် မထွက်တော့ဘူး။

လက်ထိပ်ပြန်ဖြုတ်ခိုင်းတော့ သော့က ဘယ်သူ့ဆီပါသွားမှန်းမသိဘူး။ ရဲတစ်ဖွဲ့လုံးလည်း အနံ့တွေတထာင်းထောင်းကိုထလို့။ လက်ထိပ်ဖြုတ်ပြီးတော့မှ တောင်းပန်ပါတယ်ဆိုတာနဲ့ ပြီးသွားတယ်။ ခံလိုက်ရတဲ့ကျောင်းသားကတော့ အီစလံဝေပြီး သူ့တစ်သက် မဝတ်ဘူးတဲ့ စတီးလက်ကောက်ပါ ဝတ်လိုက်ရတယ်။ တော်သေးတာပေါ့ တခြားသူဆိုရင်တော့ မတွေးဝံ့စရာပဲ။

ကျောင်းသားက မကျေနပ်ပေမယ့် ဘုန်းကြီးကကြားထဲက တောင်းပန်လို့ ကျေအေးလိုက်တယ်။ ဒကာလေး ကျိန်းကျေသွားပြီ ဘာ ညာနဲ့ ချော့ရတာပေါ့။ တော်သေးတာပေါ့ မိမိ အချိန်မီရောက်လာလို့။ အချိန်မီသာရောက်မလာလို့ကတော့ ကားပေါ်ခေါ်တင်သွားပြီး စခန်းခေါ်သွားလို့ကတော့ လမ်းမှာတင် သွားကျွတ်လောက်တယ်။ပြောချင်တာက သကြားလုံးစားမှ အကျွေးခံ အဖမ်းခံရတာ မဟုတ်ဘူး။ တရားခံနဲ့ ဆံပင်ပုံဆံတူလည်း အကျွေးခံ၊ အဖမ်းခံရတတ်တယ်ဆိုတာကိုပါ ပြောပြပြီးသတိပေးချင်တာ။

မော်လမြိုင်မှာ မူးယစ်ဆေးဝါးကိစ္စတွေလည်း အထိန်းအသိမ်းကောင်းလို့နဲ့တူတယ် လမ်းမထွက်မရောင်းတော့ဘူး။ ကျောင်းအဆောင်တွေထဲမှာပဲ ထိုင်ဖြန့်နေကြလေရဲ့။ မယုံမရှိနဲ့ ကိုယ်တွေ့မို့ ပြောပြတာ။

Ashin Sanda Zawti – သာသနာနွယ်ဆရာတော်

Leave a Reply

Your email address will not be published. Required fields are marked *