မိဘနဲ႔ခြဲေနတဲ့ သားသမီးေတြက အတူေနသူေတြထက္ ပုိေအာင္ျမင္နုိင္

Posted on

တခ်ိဳ႕ေတြကေတာ့ ပညာစုံေနေပမယ့္လည္း မိဘနဲ႔အတူ လက္ငုတ္လက္ရင္းကုိပဲ လုပ္ကုိင္ရင္း ဇာတိခ်က္ေၾကြေမြးရပ္ေျမမွာ အေျခက်တတ္ပါတယ္။ စြန္႔စားလုိစိတ္ရွိတဲ့ လူငယ္ေတြက ပညာစုံၿပီဆုိတာနဲ႔ ဇာတိေျမကုိ ခြဲခြာၿပီး ေရၾကည္ရာ ျမက္ႏုရာ ေျပာင္းေရႊ႕ေနတတ္ၾကတယ္။ “ေပ်ာ္ရာမွာ မေန ေတာ္ရာမွာ ေန” တဲ့သေဘာပါ။ “ဘြဲ႕ရတာနဲ႔ မိဘနဲ႔ခြဲေနသင့္ၿပီလား”လုိ႔ ေမးလာရင္ Akhayar အေနနဲ႔ကေတာ့ “ေနသင့္ပါတယ္” လုိ႔ေျဖရမွာပဲ။ ဘာျဖစ္လုိ႔ေနသင့္တာလဲ ၾကည့္ရေအာင္။

၁။ အသိအျမင္ၾကြယ္ဝလာတယ္။

ကုိယ့္နယ္ကုိယ့္ရြာမွာဆုိရင္ ေရတြင္းထဲက ဖားလုိပဲ ေနထုိင္ရာပတ္ဝန္းက်င္ေလာက္ပဲ အက်ယ္ဆုံးလုိ႔ထင္ခဲ့ဖူးတယ္။ လူ႕ေလာက အျပင္ကုိေရာက္လာမွ အသိအျမင္ေတြ၊ ဗဟုသုတေတြဟာ က်ယ္ျပန္႔လာတယ္။ မေရာက္ဖူးတဲ့ေနရာ၊ စိန္ေခၚမႈအသစ္ေတြကုိ ရင္ဆုိင္ရၿပီးေတာ့ တျဖည္းျဖည္းရင့္က်က္လာတတ္ပါတယ္။

၂။ သူငယ္ခ်င္းအသစ္ေတြနဲ႔ ေတြ႕ၾကံဳႏုိင္တယ္။

ပတ္ဝန္းက်င္နယ္ပယ္အသစ္မွာ သူငယ္ခ်င္းအသစ္ေတြနဲ႔ ေတြ႕ဆုံၿပီး ဘဝတိုးတက္ရာလမ္းေၾကာင္းရွာေဖြႏုိင္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ေကာင္းအတူဆုိးအတူ ရင္ဆုိင္ေျဖရွင္းတတ္မယ္ဆုိရင္ ေနာင္တစ္ခ်ိန္မွာ လုပ္ေဖာ္ကုိင္ဖက္ေကာင္းေတြ ျဖစ္လာႏုိင္ပါတယ္။

၃။ မိဘေက်းဇူးဆပ္ဖူးပါေစ။

မိဘေတြအေနနဲ႔ သားသမီးေတြကုိ မူႀကိဳဘဝကေန ဘြဲ႕ရတစ္ေယာက္ျဖစ္ဖုိ႔အတြက္ ပညာသင္ေပးရတဲ့ ကုန္က်စရိတ္ကလည္း ျမင့္မားပါေပတယ္။ ပညာစုံလာတာနဲ႔ မိဘေတြကုိ တဖန္လုပ္ေကြ်းရမယ့္ တာဝန္ကလည္း ရွိလာပါတယ္။ ဘဝတုိးတက္ဖုိ႔ တစ္နယ္တစ္ေက်းမွာ အလုပ္လုပ္ရင္း မိဘေက်းဇူးဆပ္ႏုိင္ပါတယ္။

၄။ ကုိယ့္ကုိယ္ကုိ အားကုိးစိတ္ျဖစ္ေစတယ္။

မိဘအိမ္တုန္းကဆုိ အဝတ္လည္း ေလ်ွာ္စရာမလုိသလုိ ထမင္းလည္း ခ်က္စရာမလုိဘူးေလ။ ကုိယ္တုိင္ရပ္တည္ၿပီဆုိေတာ့ ကုိယ့္အဝတ္ကုိ ကုိယ္တုိင္ေလွ်ာ္၊ ကုိယ့္ထမင္းကုိ ကုိယ္တုိင္ခ်က္ၿပီး ရုန္းကန္လႈပ္ရွားၾကရပါတယ္။ ရႈံးနိမ့္မႈေတြၾကံဳလာတုိင္း အေမ့ရင္ခြင္ကုိ ေခါင္းေဝွ႔ငုိေၾကြးခဲ့ေပမယ့္ လူ႕ေလာကထဲမွာေတာ့ ကုိယ္တုိင္ပဲ ႀကိဳးစားအားထုတ္ၾကရပါတယ္။

၅။ ရင့္က်က္လာတယ္။

မိဘရင္ခြင္မွာေနတုန္းက ႏြဲ႕ဆုိးဆုိးခဲ့ေပမယ့္ တစ္ေယာက္တည္းရပ္တည္ရတဲ့အခါ လူႀကီးတစ္ေယာက္လုိ ရင္ဆုိင္လာၾကရတယ္။ ျပႆနာေပါင္းစုံကုိ တစ္ေယာက္တည္းေျဖရွင္းတတ္လာၾကတယ္။ လမ္းမွန္ေပၚမွာ တေရြ႕ေရြ႕ေလ်ွာက္ရင္း ေအာင္ျမင္မႈပန္းတုိင္ဆီကုိ ေလ်ွာက္ၾကစုိ႔လားဗ်ာ။

Credit ; Akhayar

Unicode

တချို့တွေကတော့ ပညာစုံနေပေမယ့်လည်း မိဘနဲ့အတူ လက်ငုတ်လက်ရင်းကိုပဲ လုပ်ကိုင်ရင်း ဇာတိချက်ကြွေမွေးရပ်မြေမှာ အခြေကျတတ်ပါတယ်။ စွန့်စားလိုစိတ်ရှိတဲ့ လူငယ်တွေက ပညာစုံပြီဆိုတာနဲ့ ဇာတိမြေကို ခွဲခွာပြီး ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေတတ်ကြတယ်။ “ပျော်ရာမှာ မနေ တော်ရာမှာ နေ” တဲ့သဘောပါ။ “ဘွဲ့ရတာနဲ့ မိဘနဲ့ခွဲနေသင့်ပြီလား”လို့ မေးလာရင် Akhayar အနေနဲ့ကတော့ “နေသင့်ပါတယ်” လို့ဖြေရမှာပဲ။ ဘာဖြစ်လို့နေသင့်တာလဲ ကြည့်ရအောင်။

၁။ အသိအမြင်ကြွယ်ဝလာတယ်။

ကိုယ့်နယ်ကိုယ့်ရွာမှာဆိုရင် ရေတွင်းထဲက ဖားလိုပဲ နေထိုင်ရာပတ်ဝန်းကျင်လောက်ပဲ အကျယ်ဆုံးလို့ထင်ခဲ့ဖူးတယ်။ လူ့လောက အပြင်ကိုရောက်လာမှ အသိအမြင်တွေ၊ ဗဟုသုတတွေဟာ ကျယ်ပြန့်လာတယ်။ မရောက်ဖူးတဲ့နေရာ၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရပြီးတော့ တဖြည်းဖြည်းရင့်ကျက်လာတတ်ပါတယ်။

၂။ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ကြုံနိုင်တယ်။

ပတ်ဝန်းကျင်နယ်ပယ်အသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံပြီး ဘဝတိုးတက်ရာလမ်းကြောင်းရှာဖွေနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကောင်းအတူဆိုးအတူ ရင်ဆိုင်ဖြေရှင်းတတ်မယ်ဆိုရင် နောင်တစ်ချိန်မှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

၃။ မိဘကျေးဇူးဆပ်ဖူးပါစေ။

မိဘတွေအနေနဲ့ သားသမီးတွေကို မူကြိုဘဝကနေ ဘွဲ့ရတစ်ယောက်ဖြစ်ဖို့အတွက် ပညာသင်ပေးရတဲ့ ကုန်ကျစရိတ်ကလည်း မြင့်မားပါပေတယ်။ ပညာစုံလာတာနဲ့ မိဘတွေကို တဖန်လုပ်ကျွေးရမယ့် တာဝန်ကလည်း ရှိလာပါတယ်။ ဘဝတိုးတက်ဖို့ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်ရင်း မိဘကျေးဇူးဆပ်နိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကို အားကိုးစိတ်ဖြစ်စေတယ်။

မိဘအိမ်တုန်းကဆို အဝတ်လည်း လျှော်စရာမလိုသလို ထမင်းလည်း ချက်စရာမလိုဘူးလေ။ ကိုယ်တိုင်ရပ်တည်ပြီဆိုတော့ ကိုယ့်အဝတ်ကို ကိုယ်တိုင်လျှော်၊ ကိုယ့်ထမင်းကို ကိုယ်တိုင်ချက်ပြီး ရုန်းကန်လှုပ်ရှားကြရပါတယ်။ ရှုံးနိမ့်မှုတွေကြုံလာတိုင်း အမေ့ရင်ခွင်ကို ခေါင်းဝှေ့ငိုကြွေးခဲ့ပေမယ့် လူ့လောကထဲမှာတော့ ကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ကြရပါတယ်။

၅။ ရင့်ကျက်လာတယ်။

မိဘရင်ခွင်မှာနေတုန်းက နွဲ့ဆိုးဆိုးခဲ့ပေမယ့် တစ်ယောက်တည်းရပ်တည်ရတဲ့အခါ လူကြီးတစ်ယောက်လို ရင်ဆိုင်လာကြရတယ်။ ပြဿနာပေါင်းစုံကို တစ်ယောက်တည်းဖြေရှင်းတတ်လာကြတယ်။ လမ်းမှန်ပေါ်မှာ တရွေ့ရွေ့လျှောက်ရင်း အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်ကြစို့လားဗျာ။

Credit ; Akhayar

Leave a Reply

Your email address will not be published. Required fields are marked *