လာမယ့္ ၁၅ ရက္ေန႔မွာ Myanmarsat2 ၿဂဳိဟ္တုကုိ တႏုိင္ငံလံုး စသံုးႏုိင္ေတာ့မည္

Posted on

ျမန္မာႏိုင္ငံပိုင္ MyanmarSat-2 ၿဂိဳဟ္တုခ်န္နယ္မ်ား သုံးစြဲႏိုင္ေတာ့မည္

Myanmarsat-2 ၿဂိဳဟ္တုသည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅)ရက္တြင္ စတင္အသုံးျပဳႏိုင္ၿပီ ျဖစ္၍ စမ္းသပ္မႈမ်ား ေဆာင္႐ြက္လ်က္ရွိပါသည္။ Myanmarsat-2 တြင္ C-Band ထရန္စပြန္ဒါ (၆)ခု 432 MHz ႏွင့္ Ku-Band ထရန္စပြန္ဒါ (၆)ခု 432 MHz. စုစုေပါင္း 864 MHz ကို အသုံးျပဳႏိုင္ေတာ့မည္ျဖစ္သည္။

အဆိုပါ ထရန္စပြန္ဒါမ်ားကို ထိန္းခ်ဳပ္ႏုိင္ရန္ စက္ပစၥည္းမ်ားကိုလည္း သန္လ်င္ ၿဂိဳဟ္တုစခန္းတြင္ Intelsat မွ ကြၽမ္းက်င္ပညာရွင္မ်ား လာေရာက္စမ္းသပ္တပ္ဆင္ၿပီးျဖစ္သည္။ အဆိုပါသန္လ်င္စခန္းရွိ ထိန္းခ်ဳပ္စက္မ်ားကိုလည္း Intelsat ႏွင့္ ခ်ိတ္ဆက္စမ္းသပ္ၿပီးျဖစ္သည္။ သန္လ်င္စခန္း၏ စက္ပစၥည္းမ်ားအဆင့္ဆင့္ကိုလည္း Sensor မ်ား တပ္ဆင္ထားျခင္းျဖင့္ စက္မ်ားဖမ္းယူရရွိသည့္ Level မ်ားကိုလည္း အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္း ေပးပို႔ႏိုင္ပါသည္။

သန္လ်င္စခန္းမွ တာဝန္က်အင္ဂ်င္နီယာမ်ားကလည္း ထရန္စပြန္ဒါမ်ားကို ထိန္းညႇိေစာင့္ၾကည့္ႏိုင္မည္ ျဖစ္သည္။ အဆိုပါ ၿဂိဳဟ္တုခ်န္နယ္မ်ားကို ဝန္ႀကီးဌာနမ်ားႏွင့္ ပုဂၢလိကကုမၸဏီမ်ား Application အမ်ိဳးမ်ိဳး အသုံး ျပဳႏိုင္ရန္လည္း Satellite Hub System မ်ားကို တပ္ဆင္ထားျခင္းျဖင့္ ၿဂိဳဟ္တုခ်န္နယ္မ်ားကို နည္း လမ္းမ်ိဳးစုံျဖင့္ အသုံးျပဳႏိုင္မည္ျဖစ္သည္။

MyanmarSat-1 အသုံးျပဳေနေသာ Operator ႏွင့္ အသုံးျပဳသူမ်ားကို MyanmarSat-2 သို႔ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလတို႔တြင္ ေျပာင္းေ႐ႊ႕ၾကရေပမည္။ ထိုသို႔ ေျပာင္းေ႐ႊ႕အသုံးျပဳျခင္းျဖင့္ ေနာက္ဆုံးေပၚနည္းပညာမ်ားျဖင့္ တည္ေဆာက္ထားေသာ MyanmarSat-2 ၏ စြမ္းေဆာင္မႈမ်ားကို သိရွိရေတာ့မည္ျဖစ္သည္။

MyanmarSat-2 ၏ ၿဂိဳဟ္တုလႈိင္းမ်ားသည္လည္း ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းသို႔က်ေရာက္သျဖင့္ ပင္လယ္ေရေၾကာင္းဆက္သြယ္ေရးစနစ္ကိုလည္း ေကာင္းစြာအသုံးျပဳႏိုင္မည္ျဖစ္သည္။ မီဒီယာက႑တြင္လည္း DTH မ်ားကို Quality ေကာင္းေကာင္းဖမ္းယူၾကည့္ရႈႏိုင္ေတာ့မည္ျဖစ္သည္။

ဆက္သြယ္ေရးေကာင္းစြာမရရွိေသာေနရာမ်ားတြင္လည္း e-Education ႏွင့္ e-Health လုပ္ငန္းမ်ား၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား၊ သဘာဝေဘးအႏၲရာယ္မ်ား က်ေရာက္သည့္အခါတြင္လည္း အခ်ိန္ႏွင့္ တစ္ေျပးညီ ဆက္သြယ္မႈရရွိေစႏိုင္ရန္အတြက္ ျပည္ပႏိုင္ငံမ်ားတြင္ Intelsat က အသုံးျပဳခဲ့သည့္ Intelsat Kiosk ႐ုံေလးမ်ားျဖင့္ ေဆာင္႐ြက္ခဲ့ပုံမ်ားကို ေလ့လာတင္ျပအပ္ပါသည္။

ဝင္းေအာင္ (အင္ဂ်င္နီယာခ်ဳပ္)

Unicode

မြန်မာနိုင်ငံပိုင် MyanmarSat-2 ဂြိုဟ်တုချန်နယ်များ သုံးစွဲနိုင်တော့မည်

Myanmarsat-2 ဂြိုဟ်တုသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်၍ စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ Myanmarsat-2 တွင် C-Band ထရန်စပွန်ဒါ (၆)ခု 432 MHz နှင့် Ku-Band ထရန်စပွန်ဒါ (၆)ခု 432 MHz. စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အဆိုပါ ထရန်စပွန်ဒါများကို ထိန်းချုပ်နိုင်ရန် စက်ပစ္စည်းများကိုလည်း သန်လျင် ဂြိုဟ်တုစခန်းတွင် Intelsat မှ ကျွမ်းကျင်ပညာရှင်များ လာရောက်စမ်းသပ်တပ်ဆင်ပြီးဖြစ်သည်။ အဆိုပါသန်လျင်စခန်းရှိ ထိန်းချုပ်စက်များကိုလည်း Intelsat နှင့် ချိတ်ဆက်စမ်းသပ်ပြီးဖြစ်သည်။ သန်လျင်စခန်း၏ စက်ပစ္စည်းများအဆင့်ဆင့်ကိုလည်း Sensor များ တပ်ဆင်ထားခြင်းဖြင့် စက်များဖမ်းယူရရှိသည့် Level များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်း ပေးပို့နိုင်ပါသည်။

သန်လျင်စခန်းမှ တာဝန်ကျအင်ဂျင်နီယာများကလည်း ထရန်စပွန်ဒါများကို ထိန်းညှိစောင့်ကြည့်နိုင်မည် ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုချန်နယ်များကို ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများ Application အမျိုးမျိုး အသုံး ပြုနိုင်ရန်လည်း Satellite Hub System များကို တပ်ဆင်ထားခြင်းဖြင့် ဂြိုဟ်တုချန်နယ်များကို နည်း လမ်းမျိုးစုံဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

MyanmarSat-1 အသုံးပြုနေသော Operator နှင့် အသုံးပြုသူများကို MyanmarSat-2 သို့ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပြောင်းရွှေ့ကြရပေမည်။ ထိုသို့ ပြောင်းရွှေ့အသုံးပြုခြင်းဖြင့် နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်ထားသော MyanmarSat-2 ၏ စွမ်းဆောင်မှုများကို သိရှိရတော့မည်ဖြစ်သည်။

MyanmarSat-2 ၏ ဂြိုဟ်တုလှိုင်းများသည်လည်း မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ကျရောက်သဖြင့် ပင်လယ်ရေကြောင်းဆက်သွယ်ရေးစနစ်ကိုလည်း ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်သည်။ မီဒီယာကဏ္ဍတွင်လည်း DTH များကို Quality ကောင်းကောင်းဖမ်းယူကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

ဆက်သွယ်ရေးကောင်းစွာမရရှိသောနေရာများတွင်လည်း e-Education နှင့် e-Health လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါတွင်လည်း အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်မှုရရှိစေနိုင်ရန်အတွက် ပြည်ပနိုင်ငံများတွင် Intelsat က အသုံးပြုခဲ့သည့် Intelsat Kiosk ရုံလေးများဖြင့် ဆောင်ရွက်ခဲ့ပုံများကို လေ့လာတင်ပြအပ်ပါသည်။

ဝင်းအောင် (အင်ဂျင်နီယာချုပ်)