ချစ်ရတဲ့ကောင်မလေးကို ကားသစ်ကြီးနဲ့ တစ်နှစ်ပြည့် Surprise လုပ်ခဲ့တဲ့ကောင်းထက်ဇော်

Posted on




( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

Unicode

ယနေ့ အနုပညာလောကမှာ အဆိုတော် မဟုတ်၊ သရုပ်ဆောင် မဟုတ်ဘဲ နာမည်ကြီးနေတဲ့ အစီအစဉ်တင်ဆက်သူ (Presenter) တစ်ယောက်ရှိပါတယ်။ သူကတော့ ပရိတ်သတ်ကြီး ချစ်ခင်တဲ့ ကောင်းထက်ဇော်ဖြစ်ပါတယ်။ သူဟာ Channel 7 ‘The Money Drop Myanmar’၊ ‘ မိသားစုပြိုင်ပွဲ’ အစီစဉ်တွေမှာ Presenter တစ်ယောက် အဖြစ် တင်ဆက်သူ တစ်ဦးဖြစ်ပါတယ်။ ဒ့ါအပြင် ‘MRTV-4’ ရဲ့ ‘Galaxy Star’မှာလည်း တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ်။ ဥပဓိရုပ် ကောင်းမွန်ပြီး အသံသြဇာလည်း ပြုံစုံသူဖြစ်ပါတယ်။ ပရိတ်သတ်တွေရော၊ အဖွဲ့သားတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်ပြီး၊ ပတ်ဝန်းကျင်နဲ့သင့်တင့်အောင် နေထိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီက ကောင်းထက်ဇော်ဟာ သူ့ရဲ့ချစ်သူ ကောင်းမလေးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကောင်းမလေးကလည်း ချစ်စရာကောင်းပြီး၊ ဖော်ရွေသူ တစ်ယောက်ဖြစ်ပါတယ်။ ကောင်းထက်ဇော်ရဲ့ အစီအစဉ်တွေ တိုင်းလိုလိုမှာ လိုက်ပါခဲ့ပြီး၊ ပွဲပြီးတာနဲ့ အဖွဲ့သားတွေကို မုန့်အမြဲတမ်းကျွေးတတ်တယ်လို့လည်း သိရပါတယ်။

ကောင်းထက်ဇော်ဟာ မကြာသေးမီကလည်း ချစ်သူကောင်းမလေးရဲ့ မွေးနေ့မှာ Surprise လုပ်ခဲ့ပါသေးတယ်။ ဒီလို ဂရုတစိုက် ချစ်တတ်တဲ့ ကောင်းထက်ဇော်ကို ပရိတ်သတ်ကြီးကလည်း ချီးကျူးနေကြပါတယ်။ အခုတစ်ခါလည်း ချစ်သူသက်တမ်း တစ်နှစ်ပြည့်လေးမှာ ကောင်းထက်ဇော်တစ်ယောက် ချစ်သူကောင်းမလေးကို Surprise လုပ်ပေးခဲ့ပါသေးတယ်။ သူတို့ရဲ့ ချစ်သူ စုံတွေလေးကို ကြည့်ပြီး ကြည်နူးရပါတယ်။

ကောင်းထက်ဇော် ဘယ်လိုတွေ တောင်မှ ချစ်သူကို Surprise လုပ်ထားသလဲဆိုတာ ပရိတ်သတ်ကြီးလဲ သိချင်မှာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ရူ ခံစားပေးပါဦးနော် ပရိတ်သတ်ကြီး ………

Writer – ME( Shwe Yaung Lan )
video source-Oasis Journal

Leave a Reply

Your email address will not be published. Required fields are marked *