
Posted on






Credit ;momolay

Unicode

မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်ထဲကမှ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ကြီးကတော့ ရောက်ရှိလို့လာပါပြီ။ သီတင်းကျွတ်အခါမယမှာ မိမိတို့ရဲ့ လူကြီးမိဘ၊ ဆရာသမားတွေကို ကန်တော့ကြတာ မင်္ဂလာတစ်ပါးပါပဲ။ လူကြီး၊ မိဘဆရာသမားတွေကလည်း ကန်တော့သူတွေကို မုန့်ဖိုးတွေပြန်ပေးကြနဲ့ အင်မတန် ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတစ်ခုပဲ ဖြစ်ပါတယ်။

မြို့ရွှေမင်းသား ဖိုးချစ်ကလည်း သီတင်းကျွတ်အခါသမယမှာ သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေကို မုန့်ဖိုးများ ပေးဝေငှရင်း ကုသိုလ်ယူခဲ့ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ဖိုးချစ်တို့ရဲ့ ပျော်ရွှင်စရာ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

သီတင်းကျွတ်မှာ ဇာတ်သဘင်အဖွဲ့သားတွေကို မုန့်ဖိုးတွေပေးဝေခဲ့တဲ့ ဖိုးချစ်

ဖိုးချစ်က သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေကို အင်မတန် ကြည့်ရှုစောင်မသူတစ်ဦးဖြစ်ပြီး ဇာတ်သဘင်ဥက္ကဌတစ်ယောက်အဖြစ် ဇာတ်သဘင်လောကကြီး တိုးတက်အာင် ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။

ဖိုးချစ်ကတော့ သီတင်းကျွတ်ကာလလေးကို ဇာတ်သဘင်အဖွဲ့သားတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

Source: Myanmar Online News