တေးရေးဝေကြီးရေးပြီး ဂျုဝယ်လ်သီဆိုထားတဲ့ “ပပဝတီစီရင်ခန်း” ဇာတ်ဝင်တေးသီချင်း

Posted on




ဘယ်တတ်နိုင်ဦးမလဲ


Credit ; momolay

Unicode

တေးရေးဝေကြီးဟာ အခုနောက်ပိုင်း တေးရေးဆရာထဲမှာဆို တော်တော်လေး နာမည်ရပြီး ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ တေးရေးဝေကြီးရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ လရိပ်၊ ကျွန်မ၊ အလကားပဲ၊ အသည်းနှလုံးမရှိတဲ့လူ၊ သင့်အတွက် မနက်ဖြန် စတဲ့ သီချင်းလေးတွေက ပရိသတ်ရင်ဘတ်နဲ့ နီးစပ်ပြီး ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ တေးရေးဝေကြီးဟာ သူ့ရဲ့ တေးသီချင်းတွေနဲ့ ဆုတံဆိပ်များစွာကို ဆွတ်ခူးရရှိထားသူလည်း ဖြစ်ပါတယ်။

တေးရေးဝေကြီးရဲ့ နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဘယ်တတ်နိုင်ဦးမလဲ”သီချင်းလေးကလည်း လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတာပဲ ဖြစ်ပါတယ်။

“ဘယ်တတ်နိုင်ဦးမလဲ” သီချင်းလေးကို ဂျူဝယ်လ်က သီဆိုထားပြီး “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်အဖြစ် တွေ့မြင်ရတာ ဖြစ်ပါတယ်။

တေးရေးဝေကြီးက “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဇာတ်ဝင်တေးသီချင်း လေးပုဒ်တိတိကို ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေလည်း ဒီ “ဘယ်တတ်နိုင်ဦးမလဲ” သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။

Source: ပပဝတီစီရင်ခန်း

Leave a Reply

Your email address will not be published. Required fields are marked *