သတို႔သမီးဝတ္စံုေလးနဲ႔ တစ္ေယာက္တည္းအဝ႐ိုက္ထားဦးမယ္ဆိုတဲ့ ဝတ္မႈံေရႊရည္

Posted on

ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္က ဆယ္ေက်ာ္သက္အရြယ္ကတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာၿပီး အခုဆိုရင္ အကယ္ဒမီဆုႀကီးႏွစ္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွတဲ့ထိ ေအာင္ျမင္ေနသူတစ္ဦးပါပဲ။ သူမရဲ႕ ထူးျခားေျပာင္ေျမာက္လွတဲ့ အႏုပညာစြမ္းရည္ေၾကာင့္ အႏုပညာေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ ေက်ာ္ၾကားၿပီး ျပည္ပႏိုင္ငံေတြထိပါ ေအာင္ျမင္သူေလးတစ္ဦး ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္က အခုဆိုရင္ အသက္သံုးဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနၿပီး တစ္ကိ္ုယ္တည္း အပ်ိဳႀကီးဘဝနဲ႔ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ဝတ္မႈံေရႊရည္က သတို႔သမီးဝတ္စံုနဲ႔ ပံုေလးေတြတင္ရင္း “အခုေတာ့ တစ္​ေယာက္တည္း အဝ ရိုက္ထားလိုက္အံုးမယ္ 😁😬” ဆိုၿပီး သူမကိုယ္သူမ စေနာက္ထားတာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေရႊရည္က သူမရဲ႕ ပရိသတ္ေတြက အိမ္ေထာင္မျပဳေစခ်င္ေသးတဲ့အတြက္ တစ္ေယာက္တည္းေနရင္းနဲ႔ အခုဆိုရင္ အပ်ိဳႀကီးဆိုတဲ့ ဂုဏ္ပုဒ္ကို ရရိွလာတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖၾကားေလ့ရိွပါတယ္။

ဒီႏွစ္ ဝါကြၽတ္မွာလည္း အပ်ိဳႀကီး ဝတ္မႈံေရႊရည္က တစ္ကိုယ္တည္း ေပ်ာ္ရႊင္စြာ ျဖတ္သန္းမွာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝတ္မႈံေရႊရည္ရဲ႕ ပံုေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

credit – momolay

Unicode

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီး တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သတို့သမီးဝတ်စုံနဲ့ ပုံလေးတွေတင်ရင်း “အခုတော့ တစ်ယောက်တည်း အဝ ရိုက်ထားလိုက်အုံးမယ် 😁😬” ဆိုပြီး သူမကိုယ်သူမ စနောက်ထားတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က သူမရဲ့ ပရိသတ်တွေက အိမ်ထောင်မပြုစေချင်သေးတဲ့အတွက် တစ်ယောက်တည်းနေရင်းနဲ့ အခုဆိုရင် အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိလာတယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိပါတယ်။

ဒီနှစ် ဝါကျွတ်မှာလည်း အပျိုကြီး ဝတ်မှုံရွှေရည်က တစ်ကိုယ်တည်း ပျော်ရွှင်စွာ ဖြတ်သန်းမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *