လူတစ္ဖက္သားကုိ လုံး၀ မေျပာသင့္တဲ့ စကားမ်ား

Posted on

စကားဆိုတာ ေျပာလိုက္တဲ့လူအတြက္ေတာ့ ဘာမွမဟုတ္ေပမယ့္ နားေထာင္ရတဲ့လူအတြက္ေတာ့ စိတ္ဆင္းရဲစရာျဖစ္တယ္..

တစ္ဖက္မွာ စိတ္အေျခအေနမေကာင္းတဲ့အခါ ကိုယ္ေျပာလိုက္တဲ့စကားေၾကာင့္ သူတို႔အတြက္ စိတ္တိုစရာ၊ ေဒါသထြက္စရာ ၊ ခံျပင္းစရာေတြျဖစ္ရတယ္။

ဒါေၾကာင့္ မေျပာခင္ေသခ်ာစဥ္းစားဖို႔ နဲ႔ စိတ္ထဲမွာ႐ွိတဲ့အတိုင္း စကားကိုလႊတ္ခနဲမေျပာလိုက္သင့္ဘူး။ကိုယ့္စကားေၾကာင့္ တစ္ဖက္လူေပ်ာ္ရႊင္ရေတာ့ မေကာင္းဘူးလား ?

ဒီေတာ့ ေ႐ွာင္ရွားသင့္တဲ့စကားလံုးေလးေတြကို သတိထားနုိင္ေအာင္ေဖာ္ျပေပးလိုက္ပါတယ္..

ငါနင့္ကိုေျပာသားပဲ../ ငါသိတယ္..

လူတစ္ေယာက္က အမွားလုပ္မိတဲ့အခါ အဲ့ဒီအမွားကို သင့္အေနနဲ႔ ႏွစ္သိမ့္ေပးဖို႔လိုတယ္လို႔ ခံစားရတယ္မလား?

ခ်က္ခ်င္း သင့္စိတ္ထဲေပၚလာတာက ” ငါနင့္ကိုေျပာသားပဲ.. ငါ့စကားမွနားမေထာင္တာ ” ဆိုတဲ့ စကားမ်ဳိးေတြကို အရင္ဆီးျပီး ေျပာဖို႔စဥ္းစားေနျပီလား ?

သူတို႔ဘာသာ အသိတရားရပါေစ…သင္ေျပာတာမွန္ကန္ေၾကာင္း ၊ သင္ဟာ သူ႔ထက္အရာရာမွာေ႐ွ႔ၾကိဳျမင္ႏိုင္ေၾကာင္းေပါ့။ ခုနကတိုင္းသင္ေျပာလိုက္မယ္ဆိုရင္ သူ႔ဆီက သင့္ကုိခ်ီးက်ဳးစကား ၾကားခ်င္မွၾကားရလိမ့္မယ္..

အုိေက

ဘယ္လိုေတာင္းဆိုမႈမ်ဳိးမဆို သင့္ဘက္က အိုေက တစ္လံုးတည္းသာတံု႔ျပန္ရင္ အကူညီေတာင္းတဲ့လူရဲ ႔မ်က္လံုးမွာ သင့္ကိုေက်းဇူးတင္မယ့္ အျငိမ္ေယာင္ေတြ ျမင္ေနရမယ္လို႔မထင္ပါနဲ႔။

အိုေကရဲ ႔အဓိပၸာယ္က ငါေနာက္မွလုပ္လုိက္မယ္ လို႔သက္ေရာက္ပါတယ္။

ဒီလိုေျပာရတာ စိတ္မေကာင္းပါဘူး.. ဒါေပမယ့္

ဒီစကားစုဟာ မခ်ဳိသာတဲ့စကားလံုးေတြကိုေျပာဖို႔ ေ႐ွ ႔ၾကိဳကာထားတဲ့သေဘာသက္ေရာက္ပါတယ္။ ေတာင္းပန္စကားေျပာရင္ပဲျဖစ္ျဖစ္၊တစ္ေယာက္ေယာက္ရဲ႕အသြင္ျပင္ကို ႐ႈ႔ံခ်ခ်င္ရင္ပဲျဖစ္ျဖစ္ ဒီလိုအျမဲေျပာၾကပါတယ္။

ကုိယ့္ကို မလွဘူးလို႔ ေျပာရင္ဘယ္သူမွမၾကိဳက္ဘူး။ တျခားဟာေလး ေျပာင္းဝတ္ၾကည့္ပါလားလို႔ ေျပာလို႔ရပါတယ္။

နင္နားမလည္ပါဘူး.. နင္စိတ္ဝင္စားမွာမဟုတ္ပါဘူး..

တစ္ခုခုကို စိတ္၀င္စားလို႔ သင္က ”အဲ့ဒါ ဘာလဲ ” ဘာညာလွမ္းေမးၾကည့္ရင္ နင္သိမွမဟုတ္ပါဘူး… နားလည္မွမဟုတ္ပါဘူးလို႔ ေျပာရင္ ဘယ္လိုခံစားရလဲ?

ဒီလိုပါပဲ။ ဘယ္သူမွကိုယ့္ကို အသံုးမ၀င္သလိုု လာျပဳမူရင္ မၾကိဳက္ၾကပါဘူး။ အသိမွတ္ျပဳေပးပါ.. လူတစ္ေယာက္ရဲ ႔စိတ္ခံစားခ်က္ကို။

ကိုယ့္ဘက္က စသလို၊ ေနာက္သလိုေျပာေပမယ့္ တစ္ဖက္အတြက္ အတည္ခံစားသြားရတာမ်ဳိးျဖစ္တတ္တယ္။

နင္ငါ့ကိုမေျပာပါဘူး…

တစ္ဖက္က ေျပာတာကို သင္ေမ့ေကာင္ေမ့လိမ့္မယ္။ အခုေခတ္က ကေလးပိစိေလးေတြကအစ မွတ္ဥာဏ္သိပ္ေကာင္းေတာ့တာမဟုတ္ဘူး။

လူငယ္ေတြဆို ပိုဆိုးေပါ့။ အာ႐ံုေတြက ေထြျပားေတာ့ ကိုယ္ေျပာတဲ့စကား ၊သူေျပာတဲ့စကား မွတ္မိခ်င္မွ မွတ္မိမယ္။ တစ္ဖက္က သူေျပာျပီးသြားျပီလို႔

ေျပာရင္ သင္မျငင္းပါနဲ႔။ ”ေၾသာ္ ဟုတ္လား.. အခုအဆင္ေျပေအာင္လုပ္လိုက္မယ္…” စသျဖင့္ နားေထာင္ေကာင္းတဲ့ စကားမ်ဳိးေတြ သံုးလို႔ရတယ္ေနာ္။

ဟာ.. လာျပန္ျပီ!

ကိုယ္မၾကားခ်င္တဲ့ စကားကို ထပ္တလဲလဲလာေျပာေနတဲ့အခါ စိတ္ညစ္ၾကပါတယ္ လူတိုင္း။ ဒါေပမယ့္ အျပဳအမူ ၊မ်က္ႏွာ အေနထားေတြ… ။

အရမ္းအေရးၾကီးပါတယ္.. ကိုယ့္ရဲ႕မ်က္ႏွာအေနထား တစ္ခ်က္ပ်က္တာနဲ႔ ဟိုဘက္က ေျပာရမယ့္စကားေတြတန္႔သြားတာမ်ဳိးေတြ႐ွိတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တစ္ဖက္ေျပာစကားကုိ တေလးတစားနားေထာင္ေပးပါ။ ၾကားျဖတ္ျပီး စိတ္ပ်က္သလိုပံုုစံမ်ဳိး မျပဳမူပါနဲ႔။

Credit : Trend

Unicode >>>

စကားဆိုတာ ပြောလိုက်တဲ့လူအတွက်တော့ ဘာမှမဟုတ်ပေမယ့် နားထောင်ရတဲ့လူအတွက်တော့ စိတ်ဆင်းရဲစရာဖြစ်တယ်..

တစ်ဖက်မှာ စိတ်အခြေအနေမကောင်းတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားကြောင့် သူတို့အတွက် စိတ်တိုစရာ၊ ဒေါသထွက်စရာ ၊ ခံပြင်းစရာတွေဖြစ်ရတယ်။

ဒါကြောင့် မပြောခင်သေချာစဉ်းစားဖို့ နဲ့ စိတ်ထဲမှာရှိတဲ့အတိုင်း စကားကိုလွှတ်ခနဲမပြောလိုက်သင့်ဘူး။ကိုယ့်စကားကြောင့် တစ်ဖက်လူပျော်ရွှင်ရတော့ မကောင်းဘူးလား ?

ဒီတော့ ရှောင်ရှားသင့်တဲ့စကားလုံးလေးတွေကို သတိထားနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်..

ငါနင့်ကိုပြောသားပဲ../ ငါသိတယ်..

လူတစ်ယောက်က အမှားလုပ်မိတဲ့အခါ အဲ့ဒီအမှားကို သင့်အနေနဲ့ နှစ်သိမ့်ပေးဖို့လိုတယ်လို့ ခံစားရတယ်မလား?

ချက်ချင်း သင့်စိတ်ထဲပေါ်လာတာက ” ငါနင့်ကိုပြောသားပဲ.. ငါ့စကားမှနားမထောင်တာ ” ဆိုတဲ့ စကားမျိုးတွေကို အရင်ဆီးပြီး ပြောဖို့စဉ်းစားနေပြီလား ?

သူတို့ဘာသာ အသိတရားရပါစေ…သင်ပြောတာမှန်ကန်ကြောင်း ၊ သင်ဟာ သူ့ထက်အရာရာမှာရှေ့ကြိုမြင်နိုင်ကြောင်းပေါ့။ ခုနကတိုင်းသင်ပြောလိုက်မယ်ဆိုရင် သူ့ဆီက သင့်ကိုချီးကျုးစကား ကြားချင်မှကြားရလိမ့်မယ်..

အိုကေ

ဘယ်လိုတောင်းဆိုမှုမျိုးမဆို သင့်ဘက်က အိုကေ တစ်လုံးတည်းသာတုံ့ပြန်ရင် အကူညီတောင်းတဲ့လူရဲ့မျက်လုံးမှာ သင့်ကိုကျေးဇူးတင်မယ့် အငြိမ်ယောင်တွေ မြင်နေရမယ်လို့မထင်ပါနဲ့။

အိုကေရဲ့အဓိပ္ပာယ်က ငါနောက်မှလုပ်လိုက်မယ် လို့သက်ရောက်ပါတယ်။

ဒီလိုပြောရတာ စိတ်မကောင်းပါဘူး.. ဒါပေမယ့်

ဒီစကားစုဟာ မချိုသာတဲ့စကားလုံးတွေကိုပြောဖို့ ရှေ့ကြိုကာထားတဲ့သဘောသက်ရောက်ပါတယ်။ တောင်းပန်စကားပြောရင်ပဲဖြစ်ဖြစ်၊တစ်ယောက်ယောက်ရဲ့အသွင်ပြင်ကို ရှုံ့ချချင်ရင်ပဲဖြစ်ဖြစ် ဒီလိုအမြဲပြောကြပါတယ်။

ကိုယ့်ကို မလှဘူးလို့ ပြောရင်ဘယ်သူမှမကြိုက်ဘူး။ တခြားဟာလေး ပြောင်းဝတ်ကြည့်ပါလားလို့ ပြောလို့ရပါတယ်။

နင်နားမလည်ပါဘူး.. နင်စိတ်ဝင်စားမှာမဟုတ်ပါဘူး..

တစ်ခုခုကို စိတ်ဝင်စားလို့ သင်က ”အဲ့ဒါ ဘာလဲ ” ဘာညာလှမ်းမေးကြည့်ရင် နင်သိမှမဟုတ်ပါဘူး… နားလည်မှမဟုတ်ပါဘူးလို့ ပြောရင် ဘယ်လိုခံစားရလဲ?

ဒီလိုပါပဲ။ ဘယ်သူမှကိုယ့်ကို အသုံးမဝင်သလို လာပြုမူရင် မကြိုက်ကြပါဘူး။ အသိမှတ်ပြုပေးပါ.. လူတစ်ယောက်ရဲ့စိတ်ခံစားချက်ကို။

ကိုယ့်ဘက်က စသလို၊ နောက်သလိုပြောပေမယ့် တစ်ဖက်အတွက် အတည်ခံစားသွားရတာမျိုးဖြစ်တတ်တယ်။

နင်ငါ့ကိုမပြောပါဘူး…

တစ်ဖက်က ပြောတာကို သင်မေ့ကောင်မေ့လိမ့်မယ်။ အခုခေတ်က ကလေးပိစိလေးတွေကအစ မှတ်ဉာဏ်သိပ်ကောင်းတော့တာမဟုတ်ဘူး။

လူငယ်တွေဆို ပိုဆိုးပေါ့။ အာရုံတွေက ထွေပြားတော့ ကိုယ်ပြောတဲ့စကား ၊သူပြောတဲ့စကား မှတ်မိချင်မှ မှတ်မိမယ်။ တစ်ဖက်က သူပြောပြီးသွားပြီလို့

ပြောရင် သင်မငြင်းပါနဲ့။ ”သြော် ဟုတ်လား.. အခုအဆင်ပြေအောင်လုပ်လိုက်မယ်…” စသဖြင့် နားထောင်ကောင်းတဲ့ စကားမျိုးတွေ သုံးလို့ရတယ်နော်။

ဟာ.. လာပြန်ပြီ!

ကိုယ်မကြားချင်တဲ့ စကားကို ထပ်တလဲလဲလာပြောနေတဲ့အခါ စိတ်ညစ်ကြပါတယ် လူတိုင်း။ ဒါပေမယ့် အပြုအမူ ၊မျက်နှာ အနေထားတွေ… ။

အရမ်းအရေးကြီးပါတယ်.. ကိုယ့်ရဲ့မျက်နှာအနေထား တစ်ချက်ပျက်တာနဲ့ ဟိုဘက်က ပြောရမယ့်စကားတွေတန့်သွားတာမျိုးတွေရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်ပြောစကားကို တလေးတစားနားထောင်ပေးပါ။ ကြားဖြတ်ပြီး စိတ်ပျက်သလိုပုံစံမျိုး မပြုမူပါနဲ့။

Credit : Trend