“ဘဝမွာ ႀကီးပြားတိုးတက္ခ်င္ရင္ကံကိုခ်ည္း အႂကြင္းမဲ့ပုံယုံထားလို႔ မရဘူး”(ပါခ်ဳပ္ဆရာေတာ္ႀကီး)

လူေတာ္ေတာ္မ်ားဟာ

“ကံရွိရင္စားရမွာေပါ့ ကံရွိရင္ရမွာေပါ့”ဆိုၿပီးကံကိုခ်ည္းပဲ ပုံခ်ေနၾကတယ္..

ဒါဟာ “လူပ်င္းေတြရဲ႕ဆင္ေျခေတြပဲ”လို႔ ဆိုရမယ္

ျမန္မာစကားပုံမွာ

“က်ားရဲလာ ၾကမၼာမ႐ိုးသာ”ဆိုၿပီးရွိတယ္..

ဒါဟာ ဘာေျပာတာလဲဆိုရင္

ေတာထဲထင္းခုတ္သြားတဲ့လူတစ္ေယာက္ဟာ

က်ားရဲနဲ႔ေတြ႕တဲ့အခါ

ကံကိုယုံၿပီး ကံကို႐ိုးမယ္ဖြဲ႕ၿပီးေတာ့ မေျပးပဲေနလိုက္တာ

က်ားစားခံလိုက္ရတဲ့အျဖစ္ကို ေရာက္သြားတယ္..

ဒါေၾကာင့္

အရာရာကံကိုခ်ည္း အစြန္းေရာက္ေအာင္

အားကိုးေနလို႔မရဘူးဆိုတာကို နားလည္ထားရမယ္..

ဘာျဖစ္ျဖစ္အတိတ္ကံေၾကာင့္ပဲလို႔ ယူထားမယ္ဆိုရင္

“ပုေဗၺကတေဟတုဒိ႒ိ”ျဖစ္သြားမယ္..

ဒါေၾကာင့္

ဘဝမွာ ႀကီးပြားတိုးတက္ခ်င္ရင္

ကံကိုခ်ည္း အႂကြင္းမဲ့ ပုံယုံထားလို႔ မရပါဘူး..

ၾကဳိးစားအားထုတ္မႈဝီရိယနဲ႔ အသိဉာဏ္ကိုလည္း

ေကာင္းစြာအသုံးခ်တတ္ဖို႔လည္း လိုတယ္လို႔

နားလည္ထားရမယ္..

ပါခ်ဳပ္ဆရာေတာ္ႀကီး

ေစတနာေမတၱာအရင္းခံျဖင့္မွ်ေဝပူေဇာ္ပါသည္

ohmarshin

သမီးေလးဖတ္ဖို႔Knowledge(tameelay.com)

Unicode >>>

“ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်ကံကိုချည်း အကြွင်းမဲ့ပုံယုံထားလို့ မရဘူး”(ပါချုပ်ဆရာတော်ကြီး)

လူတော်တော်များဟာ

“ကံရှိရင်စားရမှာပေါ့ ကံရှိရင်ရမှာပေါ့”ဆိုပြီးကံကိုချည်းပဲ ပုံချနေကြတယ်..

ဒါဟာ “လူပျင်းတွေရဲ့ဆင်ခြေတွေပဲ”လို့ ဆိုရမယ်

မြန်မာစကားပုံမှာ

“ကျားရဲလာ ကြမ္မာမရိုးသာ”ဆိုပြီးရှိတယ်..

ဒါဟာ ဘာပြောတာလဲဆိုရင်

တောထဲထင်းခုတ်သွားတဲ့လူတစ်ယောက်ဟာ

ကျားရဲနဲ့တွေ့တဲ့အခါ

ကံကိုယုံပြီး ကံကိုရိုးမယ်ဖွဲ့ပြီးတော့ မပြေးပဲနေလိုက်တာ

ကျားစားခံလိုက်ရတဲ့အဖြစ်ကို ရောက်သွားတယ်..

ဒါကြောင့်

အရာရာကံကိုချည်း အစွန်းရောက်အောင်

အားကိုးနေလို့မရဘူးဆိုတာကို နားလည်ထားရမယ်..

ဘာဖြစ်ဖြစ်အတိတ်ကံကြောင့်ပဲလို့ ယူထားမယ်ဆိုရင်

“ပုဗ္ဗေကတဟေတုဒိဋ္ဌိ”ဖြစ်သွားမယ်..

ဒါကြောင့်

ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်

ကံကိုချည်း အကြွင်းမဲ့ ပုံယုံထားလို့ မရပါဘူး..

ကြိုးစားအားထုတ်မှုဝီရိယနဲ့ အသိဉာဏ်ကိုလည်း

ကောင်းစွာအသုံးချတတ်ဖို့လည်း လိုတယ်လို့

နားလည်ထားရမယ်..

ပါချုပ်ဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်

ohmarshin

သမီးလေးဖတ်ဖို့Knowledge(tameelay.com)