လူရႊင္ေတာ္ၾကီး ဦးတိုင္​း​ေက်ာ္​ကို ကူညီေစာင့္ေရွာက္သြားမယ္လို႔ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ထုတ္ျပန္

တစ္ခ်ိန္က ဇာတ္သဘင္ေလာကမွာ နာမည္ၾကီး ဟာသလူရႊင္ေတာ္တစ္ဦးအျဖစ္ ရပ္တည္ခဲ့တဲ့ ဦးတိုင္းေက်ာ္ကေတာ့ သူခ်စ္ရတဲ့ အႏုပညာနဲ႔ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ရေအာင္ ဖန္တီးေပးခဲ့တဲ့ လူရႊင္ေတာ္ျကီးတစ္ဦးပဲ ျဖစ္ပါတယ္။ လက္တေလာမွာေတာ့ ဦးတိုင္းေက်ာ္တစ္ေယာက္ မႏၱေလးမွာ ေတာင္းရမ္းစားေသာက္ေနရတဲ့ အေျခအေနေရာက္ေနတယ္ဆိုတဲ့ သတင္းေတြက လူမႈကြန္ယက္မွာ ျပန္႔နွံ႔လာတာေၾကာင့္ ပရိသတ္ေတြအားလံုး စိတ္မေကာင္းျဖစ္ေနၾကတာပါ။

သတင္းေတြက တစ္စထက္တစ္စ ျပန္႔နွံ႔လာခဲ့ျပီးေနာက္ပိုင္းမွာေတာ့ ျမန္မာႏိုင္ငံသဘင္အစည္းအရံုးက ကူညီေစာင့္ေရွာက္သြားမယ္လို႔ ထုတ္ျပန္လာတာ ေတြ႔ရပါတယ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ဦးတိုင္းေက်ာ္ကို လိုအပ္တာေတြ ကူညီေစာင့္ေရွာက္သြားမယ္ဆိုတဲ့ ျမန္မာႏိုင္ငံသဘင္အစည္းအရံုး ဗဟို ရဲ႕အေၾကာင္းကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္။


Social media မ်ားတြင္ ေဖာ္ျပေနၾကသည့္ မႏၲေလးမွ လူရႊင္ေတာ္ႀကီး ဦးတိုင္းေက်ာ္ အား ကူညီေစာင့္ေရွာက္မႈမ်ား ေပးႏိုင္ရန္အတြက္ ဗဟိုသဘင္ မွ လမ္းၫႊန္မႈေပး၍ မႏၲေလးတိုင္း သဘင္အစည္းအ႐ုံး ႏွင့္ မႏၲေလး သဘင္လူမႈကူညီေစာင့္ေရွာက္ေရးေကာ္မတီ တို႔မွ ယမန္ေန႔ ညေနမွစ၍ အခ်ိန္ႏွင့္တစ္ေျပးညီ စံုစမ္းရွာေဖြခဲ့ရာ ယခုအခါ အဆက္အသြယ္ရရွိၿပီ ျဖစ္ေသာေၾကာင့္ လိုအပ္ေသာ ေစာင့္ေရွာက္မႈမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ သဘင္အဖြဲ႕အစည္းမွ တာဝန္ရွိသူမ်ားအား ယံုၾကည္စြာ ကူညီ သတင္းေပးပို႔ၾကသည့္ သဘင္ခ်စ္သူပရိသတ္မ်ား၊ မီဒီယာမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္း ထုတ္ျပန္ေၾကျငာအပ္ပါသည္။ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) ၁၅.၃.၂၀၁၉” ဆိုျပီး ပရိသတ္ေတြကို သတင္းပါးထားတာပါ။

ပရိသတ္ေတြကို ေပ်ာ္ရႊင္ရယ္ေမာေစခဲ့တဲ့ အႏုပညာရွင္ၾကီး အခုလိုမ်ိဳးအေျခအေနနဲ႔ ေတြ႔ျမင္လိုက္ရတာ တကယ့္ကို စိတ္မေကာင္းစရာပါပဲေနာ္။ လက္ရွိမွာေတာ့ လူရႊင္ေတာ္ၾကီး ဦးတိုင္းေက်ာ္ကို အႏုပညာအသိုင္းအဝိုင္းကသူတစ္ခ်ိဳ႕လည္း ကူညီဖို႔ ရွာေဖြေနၾကတယ္လို႔ သိရပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း လူရႊင္ေတာ္ၾကီး ဦးတိုင္းေက်ာ္တစ္ေယာက္ အျမန္ဆံုး အစစအရာရာ အဆင္ေျပသြားပါေစလို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။credit-momolay

တစ်ချိန်က ဇာတ်သဘင်လောကမှာ နာမည်ကြီး ဟာသလူရွှင်တော်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ ဦးတိုင်းကျော်ကတော့ သူချစ်ရတဲ့ အနုပညာနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တဲ့ လူရွှင်တော်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ ဦးတိုင်းကျော်တစ်ယောက် မန္တလေးမှာ တောင်းရမ်းစားသောက်နေရတဲ့ အခြေအနေရောက်နေတယ်ဆိုတဲ့ သတင်းတွေက လူမှုကွန်ယက်မှာ ပြန့်နှံ့လာတာကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတာပါ။

သတင်းတွေက တစ်စထက်တစ်စ ပြန့်နှံ့လာခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ကူညီစောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဦးတိုင်းကျော်ကို လိုအပ်တာတွေ ကူညီစောင့်ရှောက်သွားမယ်ဆိုတဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟို ရဲ့အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

Social media များတွင် ဖော်ပြနေကြသည့် မန္တလေးမှ လူရွှင်တော်ကြီး ဦးတိုင်းကျော် အား ကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ဗဟိုသဘင် မှ လမ်းညွှန်မှုပေး၍ မန္တလေးတိုင်း သဘင်အစည်းအရုံး နှင့် မန္တလေး သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ တို့မှ ယမန်နေ့ ညနေမှစ၍ အချိန်နှင့်တစ်ပြေးညီ စုံစမ်းရှာဖွေခဲ့ရာ ယခုအခါ အဆက်အသွယ်ရရှိပြီ ဖြစ်သောကြောင့် လိုအပ်သော စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သဘင်အဖွဲ့အစည်းမှ တာဝန်ရှိသူများအား ယုံကြည်စွာ ကူညီ သတင်းပေးပို့ကြသည့် သဘင်ချစ်သူပရိသတ်များ၊ မီဒီယာများအား ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၁၅.၃.၂၀၁၉” ဆိုပြီး ပရိသတ်တွေကို သတင်းပါးထားတာပါ။

ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တဲ့ အနုပညာရှင်ကြီး အခုလိုမျိုးအခြေအနေနဲ့ တွေ့မြင်လိုက်ရတာ တကယ့်ကို စိတ်မကောင်းစရာပါပဲနော်။ လက်ရှိမှာတော့ လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို အနုပညာအသိုင်းအဝိုင်းကသူတစ်ချို့လည်း ကူညီဖို့ ရှာဖွေနေကြတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူရွှင်တော်ကြီး ဦးတိုင်းကျော်တစ်ယောက် အမြန်ဆုံး အစစအရာရာ အဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။credit-momolay