“ချစ်ရသူနဲ့ ROMATIC ဆန်ဆန်ပြောတဲ့ စကားလေးတွေကို ပြောထားတဲ့ ဖြူဖြူကျော်သိန်း”




Soure….Phyu Phyu Kyaw Thein’s Facebook,Credit;CeleConnections

Unicode

အသံပါဝါအားအကောင်းဆုံး အဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးရရှိလာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတစ်ပုဒ်” ပထမခြေလှမ်း” သီချင်းကတော့ အခုချိန်ထိ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။

ဖြူဖြူကျော်သိန်းကတော့ အိမ်မှာနေရင်း သီချင်းလေးတွေရေးရင်း အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဖြူဖြူကျော်သိန်းက”မလွမ်းဘူးလားတဲ့…အရမ်းလို့၊သတိမရဘူးလားတဲ့…ခုနကမေးခွန်းနဲ့တူတူပဲလေလို့ဒါဆို…တစ်နေ့ဘယ်နှခါလွမ်းလဲတဲ့…တစ်နေ့ကို ၆ ခါ၊ တစ်ခါလွမ်း ၄ နာရီလို့စိတ်မပူဘူးလားတဲ့…ပူတာပေါ့လို့ဘယ်လောက်ထိပူလဲတဲ့…အို…ပူတာမှနေမင်းကြီးလိုဖဲလို့စ်၊ဒါဆိုတစ်ခုခုပြောလေတဲ့…မသေရင်ပြန်တွေ့မယ်လို့”လို့ဆိုကာ သူမရဲ့ ချစ်သူနဲ့ rometic ဆန်စွာပြောဆိုနေပုံကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ပြောဆိုမှုမှာ ပုရိသပရိသတ်တွေကြွေဆင်းအောင် တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် ဖြူဖြူကျော်သိန်းရဲ့ ရိုမန့်တစ်ဆန်တဲ့ပြောဆိုပုံလေးတွေကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဖြူဖြူရဲ့ ပြောဆိုမှုမှာကြွေနေလောက်ပြီလို့ ထင်ပါတယ်။