ပရိသတ်တွေလူသိနည်းစွာနဲ့ လူ့လောကထဲက ထွက်ခွာသွားခဲ့ရတဲ့ F4 ဇာတ်ကားထဲက မင်းသမီးလေး

(၂၀၁၀) ခုနှစ်မှာ ထွက်ရှိခဲ့ပြီးအရမ်းကို ခေတ်စားအောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Boy Over Flowers (F4 ချစ်သူ) ဇာတ်လမ်းတွဲကို ပရိသတ်များ ယနေ့အချိန်ထိ အမှတ်ရနေဆဲဖြစ်မှာပါ။ နှစ်ပေါင်း(၉) နှစ်ဝန်းကျင် ကြာခဲ့ပြီ ဆိုပေမဲ့လည်း ယနေ့ တိုင် မှတ်မိနေဦးမယ်ဖြစ်တဲ့ ဒီဇာတ်လမ်းတွဲလေးထဲက ပရိသတ်တွေလူသိနည်းစွာ လူ့လောက ထွက်ခွာခဲ့ရတဲ့ အရံမင်းသမီးတစ်ယောက် ဖြစ်တဲ့ မင်းသမီးလေး Jang Ja-Yeon ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

မင်းသမီးလေး Jang Ja-Yeon တစ်ယောက် သူမ လူ့လောကကနေ ထွက်ခွာသွားတာ ဒီမတ်လ(၇) ရက်နေ့မှာ နှစ်ပေါင်း (၁၀) နှစ်ရှိခဲ့ပြီဖြစ်ပြီး အနုပညာလောက မှာ အောင်မြင်ဖို့ အရမ်းကို ခက်ခဲလွန်းတဲ့ အခြေအနေတစ်ခုကြောင့် သူမကို သူမသတ်သေခဲ့တာဖြစ်ပါတယ်။ သူမကို လူ့လောကကနေ ထွက်သွားချင်စိတ်ပေါက်အောင် ဖိအားနဲ့ စိတ်ကျရောဂါတွေကို ပေးခဲ့တဲ့ အကြောင်းရင်းကတော့ သူမရဲ့ စီစဉ်သူတွေက Korean entertainment လောကရဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ ပရိုဂျူဆာ၊ မန်နေဂျာ၊ မန်နေဂျာ ၊ CEO စသဖြင့် စုစုပေါင်း လူ(၃၁) ယောက်နဲ့ ကာမဆက်ဆံဖို့ အတွက် ဖိအားပေးခံခဲ့ရခြင်းဖြစ်ကြောင်း သူမနောက်ဆုံးထားရှိခဲ့တဲ့ သေတမ်းစာတွေက နေ သိရှိခဲ့ရတာဖြစ်ပါတယ်။

ဒါအပြင် သူမကို စိတ်ရောကိုယ်ပါ ထိခိုက်ဒဏ်ရာ ရအောင် စော်ကားမော်ကားပြုလုပ်ခြင်းတွေကို ခံစားခဲ့ရပြီး သူမရဲ့ အရှက်သိက္ခာတစ်ခုတည်းအတွက်နဲ့ တဖက်မှာ သူမလိုချင်တဲ့ အောင်မြင်မှုကို စွန့်လွတ်ကာ သူမရဲ့ အသက်ကို စတေးသွားခဲ့ခြင်းဖြစ်ပါတယ်။Boy Over Flowers (F4 ချစ်သူ) ဇာတ်လမ်းမအောင်မြင်ခင်အချိန်ခါမှာပဲ မင်းသမီးလေး Jang Ja-Yeon ဟာ (၂၀၀၉) ခုနှစ် ၊ မတ်လ(၇)၇က်နေ့မှာ လူ့လောကကနေ ထွက်ခွာသွားခဲ့ရပြီး သူမရဲ့ ဇာပနအခမ်းအနားကို Boy Over Flowersသရုပ်ဆောင် အားလုံးဝမ်းနည်းစွာ တက်ရောက်ခဲ့ကြသလို လက်ရှိမှာတော့ သူမ ကွယ်လွန်ခဲ့တာ (၁၀) နှစ် ၀န်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

source: Wikipedia & koreabo ;
Khin Mi [email protected] Celegabar