သဝန်တိုတတ်တဲ့ချစ်သူကြောင့် အောင်မြင်မှု ကျဆင်းသွားရကိန်းရှိနေတဲ့ စွမ်းဇာနည်

Posted on

ပရိသတ်ကြီးရေအကြင်နာမင်းသားချောလေးစွမ်းကတော့တတ်ကျွမ်းထားတဲ့သဘင်ပညာ၊သရုပ်ဆောင်ပညာ၊အဆိုပညာတွေနဲ့မိဘပြည်သူတွေရဲ့အသည်းကိုသိမ်းပိုက်နိုင်ခဲ့တာဆယ်စုနှစ်တစ်ခုကိုတောင်ရောက်ရှိတော့မှာဖြစ်ပါတယ်။နှစ်ပေါင်းများစွာပရိသတ်တွေကယုယုယယအားပေးချစ်ခင်ခံရတဲ့စွမ်းတစ်ယောက်လက်ရှိမှာသဝန်တိုတတ်တဲ့ချစ်သူတစ်ဦးကိုရရှိထားတယ်လို့လည်းသိရပါတယ်။

ဇာတ်သဘင်လောကမှာ ပရိသတ်တွေကြဲတဲ့ ချီးမြှင့်တဲ့ ချိုချဉ်၊ အချဉ်ထုတ် ကအစ တခြားစားကောင်းသောက်ဖွယ်တွေကို မင်းသားတွေကပရိသတ်တွေစိတ်ကျေနပ်သွားအောင်စားပြရတာမျိုးတွေရှိပေမယ့်လက်ရှိစွမ်းရဲ့ချစ်သူကသ၀န်တိုတတ်ကြောင်း၊ဒ့ါအပြင်ပရိသတ်တွေကျွေးတဲ့မုန့်တွေကိုမစားခိုင်းကြောင်းသိရပါတယ်။ဒီလိုကိစ္စရပ်တွေကြောင့်အမာခံပရိသတ်တော်တော်များများဒေါသတွေထွက်နေကြရကြောင်းနဲ့ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရေရှည်မှာစွမ်းရဲ့အောင်မြင်မှုကိုထိခိုက်နိုင်တယ်လို့လည်းပရိသတ်အများစုကသုံးသပ်နေကြပါတယ်။

ယခင်ကစွမ်းရဲ့အချစ်ဦးဖြစ်တဲ့ဇွန်ဇွန်ဟာအင်မတန်သဘောထားကြီးပေးခဲ့တာ၊ပရိသတ်တွေကိုလေးလေးစားစားဆက်ဆံပေးခဲ့တာတွေကြောင့်ပရိသတ်တွေကတော့ဇွန်ပွင့်နဲ့ပြန်လည်အဆင်ပြေသွားနိုင်ဖို့လည်းမျှော်လင့်နေကြပါသေးတယ်။ ပရိသတ်ကြီးရောစွမ်းတစ်ယောက်ချစ်သူအတွက်အောင်မြင်မှုကို လက်လွှတ်ရတော့မှာလားဆိုတာ မှတ်ချက်ကနေ သုံးသပ်ပေးခဲ့ကြပါဦး။

Source – We love idol Swan Zarni,CRD-Cele Gabar