သဘင်အနုပညာလောကကိုစော်ကားသူဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရတဲ့ လူရွှင်တော် ဦးတိုင်းကျော်

ပရိသတ်ကြီးရေ တောင်းစားနေရတယ်ဆို တဲ့ ဦးတိုင်းကျော်ဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးလူရွှင်တော်ကြီးဦးတိုင်းကျော် ဆိုသူမဟုတ်ဘူးလို့မန္တလေးတိုင်းဒေသ ကြီးသဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းလိုက်တယ်လို့ သိရပါတယ်။ မကြာသေးခင်နာရီပိုင်းက မန္တလေးမြို့ကလူရွှင်တော်ကြီးတစ်ဦး လမ်းဘေးမှာတောင်းစားနေရတယ် လို့ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံနဲ့တစ်ကွသတင်းပျံ့နှံ့နေခဲ့တာပါ။ အဆိုပါ သတင်းကြောင့် မန္တလေးတိုင်းဒေသကြီးသဘင် အစည်းအရုံးက အဲဒီလူရွှင်တော်ကြီးရဲ့နေအိမ်ကို လိုက်ရှာပြီး ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ရောက်ရှိသွားခဲ့ပါတယ်။အဆိုပါအကြောင်းအရာကို သဘင်မင်းသားချော မန္တလေးဝင်းနောင် ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ ။

“အခု ကျွန်တော်တို့သူ့အိမ်သွားကြည့်တဲ့ အခါ ပေ ၄၀ ပေ ၆၀ နဲ့ ကိုယ်ပိုင်အိမ်နဲ့နေတဲ့သူဖြစ်ပါတယ်။ မြေတောင် ငှားစားထားပါတယ်။ ဒီလောက်အဆင်ပြေနေပါရဲ့နဲ့ ဒီလို ခွက်ကိုင်တောင်းစားတာဟာ သဘင်အနုပညာလောကကိုစော်ကားတာဖြစ်ပါတယ်။”လို့မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်း က Duwun ကိုပြောကြားခဲ့တယ်လို့သိရပါတယ်။” ပြည်သူချစ်သော၊ အငြိမ့်လောက ကသိခဲ့သော ဦးတိုင်းကျော်ဆိုတာ ဆုံးပါးသွားပြီဖြစ်ပါတယ်။ သူက ဒီဦးတိုင်းကျော်မဟုတ်ပါဘူး။”လို့ မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေး အတွင်းရေးမှူးဦးသောင်းထွန်း က ပြောပါတယ်။တာင်းစားနေတဲ့ သူဟာလည်း ဦးတိုင်းကျော်ဆိုပြီး လူရွင်တော်အဖြစ်လုပ်ခဲ့ဖူးသူပဲ ဖြစ်ပေမယ့် အသက် ၇၅ နှစ်မပြည့်သေးတဲ့ အတွက် အထောက်အပံ့မပေးဘူးလို့ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး ကဆုံးဖြတ်ထားပါတယ်။ လို့လည်း ဖြေကြားခဲ့ကြောင်းသိရပါတယ်။

ပရိသတ်ကြီးရေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ အမြင်တွေကို မှတ်ချက်ကနေ ပြောပြခဲ့ကြပါဦး

Video ကြည့်ရန်

Source – Duwun / Win Naung