ဆေးခတ် မုဒိမ်းကျင့်ခံရပြီး ဆေးဆိပ်တက်ပီး ထိုင်လျှက်သေဆုံးခဲ့ရတဲ့ အထက်တန်း ကျောင်းသူလေးးမှာအလှဆုံးမိန်းကလေး ကြယ်စင်
ကြယ်စင်ကြွေတဲ့နေ့
SAW
28June 2020
Unicode
ကြယ်စင်ကြွေတဲ့နေ့
ဆေးခတ် မုဒိမ်းကျင့်ခံရပြီး ဆေးဆိပ်တက် သေဆုံးခဲ့ရတဲ့ အထက်တန်း ကျောင်းသူလေးပါ သူမဟာ အထက်ကျောင်းမှာအလှဆုံးမိန်းကလေးလို့သတ်မှတ်ခံထားရသူပါ။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အတွင်းက အထက်တန်း ကျောင်းသူ အသက် ၁၈ နှစ်အရွယ်နောင်းဒေါင် (ကြယ်စင်) ဇွန်လ ၁၆ရက်နေ့က သူငယ်ချင်းက ကားနဲ့ လာခေါ်သွားခဲ့ကြတာပါ၊
နောက်တနေ့ ဇွန်လ၁၇ ရက်နေ့မှာတော့ ကြယ်စင်ဟာ သူမနေအိမ်ရှေ့က ထိုင်းခုံမှာ အိပ်နေတဲ့ပုံစံနဲ့ သေဆုံးနေတာ ကို သူမ မိဘတွေက တွေ့ မြင်သွားခဲ့ကြပါတယ်၊
နှာခေါင်းနဲ့ပါးစပ်ကနေ သွေးတွေယိုစိမ့်ထွက်ပြီး သေဆုံးနေတဲ့ ကြယ်စင် အလောင်းကို ဆေးရုံပို့ပြီး ဆေးစစ်တဲ့အခါမှာတော့ သူမသေဆုံးရတာဟာ မူးယစ်ဆေးဝါးနဲ့ လိင်စိတ်ကြွဆေးတွေ အလွန်ကျွံ သုံးစွဲထားတာတွေ့ရတယ် နောက်ပြီး သူမ သတိမေ့ သေဆုံးမသွားခင် အုပ်စုလိုက် ကာမဆက်ဆံခံထားခံရတယ်လို့ ဆေးမှတ်တမ်းထွက်လာပါတယ်။
ကြယ်စင် မိဘတွေကတော့ ကြယ်စင်ကို ခေါ်သွားတဲ့ လူငယ်တွေကို အမှုစစ်ဆေးပေးဘို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
ကြယ်စင်ကိုခေါ်သွားခဲ့ ယောက်ကျားလေး သူငယ်ချင်း( ချစ်သူ)နဲ့ နောက်ထပ်အမျိုးသားနှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။
ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ ကြယ်စင်နဲ့အတူ မိန်းကလေးတစ်ဦးဟာ သတိလက်လွတ်ကခုန်နေတာတွေရပြီး အနီးမှာ လူငယ်သုံးဦးက ဝိုင်းအားပေးနေကြတာတွေ့ရပါတယ်။
မိန်းကလေးတွေကို ဘိန်းဖြူနဲ့ လိင်စိတ်ကြွဆေးတွေကို ဝိုင်အရက်ထဲမှာ ထည့်တိုက်ပြီးသူ့ရီးစား ငါ့ရီးစား အလဲအလှယ်လုပ် အုပ်စုလိုက်ကာမ ဆက်ဆံကြတဲ့ ပါတီလို့ သိရပါတယ်။
ကြယ်စင်ဟာ ဘိန်းဖြူနဲ့ လိင်စိတ်ကြွဆေး ဆေးခတ်ခံရလို့ အမူးလွန် သတိလစ်နေပြီး ကာမပါတီပွဲအပြီးမှာတော့ သူငယ်ချင်းတွေက လူကြီးတွေမသိခင် အိမ်ရှေ့မှာ တိတ်တဆိတ် လာချသွားခဲ့ကြတာဖြစ်ပါတယ်။
ဘယ်လောက်အချိန်ကြာကြာသတိလစ်နေလဲမသိ ဘယ်အချိန်မှာဆုံးပါးသွားသလဲမသိတဲ့သမီးရဲ့အဖြစ်ကို မိဘတွေက ရင်ကျိုးလုမတတ် နာကျင်နေကြပါတယ်
မိန်းကလေးငယ်တွေ သတိထားကြပါ။ ချစ်သူရည်စားဆိုတိုင်းလည်းမယုံရပါဘူး။ ငယ်ရွယ်တဲ့ မိန်းကလေးတွေ အတွက် စဉ်းစားမဆင်ခြင်နိုင်သေးတဲ့အရွယ်မှာ ချစ်သူရည်းစားဆိုတာကိုလည်း အယုံမလွယ်ဖို့နဲ့ မူးယစ်စေတဲ့ အရက်တွေ ဝိုင်တွေလည်းမသောက်ဖို့လိုပါတယ်။ သတိထားသင့်တဲ့အရာပါ ။
အုပ်စုလိုက်မုဒိမ်းကျင့်မူတွေက ယဉ်ကျေးမူလိုဖြစ်လာတဲ့ကာလမှာ မိန်းကလေးတွေအတွက် ပိုပြီးသတိထားသင့်သလို မုဒိမ်းမူကျုးလွန်သူ ဘယ်သူကိုပဲဖြစ်ဖြစ် အသက်မပြည့်သေးသူပဲဖြစ်ဖြစ် ထိရောက်တဲ့အရေးယူမူ့ပညာပေးမူတွေလိုအပ်ပါတယ်။
ကြယ်စင်လေးတွေ နောက်ထပ် မကြွေပါစေနဲ့တော့!!!
SAW
28June 2020
Be the first to comment
Leave a Reply
Your email address will not be published.
*