တစ္ခါတုန္း က အေၾကာင္းေတြ ( အေမစုကို ခ်စ္တဲ့ သားသမီးတိုင္း ဖတ္ထားသင့္ ပါတယ္ )

ႏိုင္ငံေရးႏွင့္ ပတ္သက္ေသာ မိတ္ေဆြရင္း တစ္ဦး၏ အိမ္တြင္ ေအာင္ဆန္းစုၾကည္သည္ ဦးၾကည္ေမာင္ႏွင့္ စတင္ေတြ႕ဆုံခဲ့သည္။ထို႔ေနာက္တြင္ ဦးေထြးျမင့္မွတစ္ဆင့္ ဦးၾကည္ေမာင္ကို ကမ္းလွမ္းဖိတ္ေခၚခဲ့သည္။ (၂) ႀကိမ္အထိ ဦးၾကည္ေမာင္က ျငင္းဆိုခဲ့သည္။ ႏိုင္ငံေရးမလုပ္လိုေတာ့ေသာေၾကာင့္ ျဖစ္သည္။ တတိယအႀကိမ္ ကမ္းလွမ္းမႈတြင္ ဦးၾကည္ေမာင္က လက္ခံ ခဲ့ပါသည္။ဦးၾကည္ေမာင္က ေအာင္ဆန္းစုၾကည္ကို သြားေရာက္ ေတြ႕ဆုံခဲ့သည္။ အာင္ဆန္းစုၾကည္ မွတ္မိသည္။ဦးၾကည္ေမာင္ႏွင့္ ပထမဆုံး စတင္ေတြ႕ဆုံစဥ္က ဦးၾကည္ေမာင္က ေျပာေသာစကား…`စု ျမန္မာ့ႏိုင္ငံေရး ထဲ ဝင္ၿပီဆိုရင္ေတာ့ စိတ္ရွည္သည္း ခံရမယ္ – အဆုံးထိ သြားႏိုင္ရမယ္။ အဆိုးဆုံးေတြအတြက္လည္း ျပင္ဆင္ ထားရမယ္`…NLD ပါတီကို ျပန္လည္ဖြဲ႕စည္းေသာအခါ ဦးတင္ဦးက ဥကၠ႒ – ေအာင္ဆန္းစုၾကည္က အေထြေထြ အတြင္းေရးမႈး – ဦးၾကည္ေမာင္က သုေတသနတာဝန္ကို ယူရ၏။

ဦးၾကည္ေမာင္သည္ စာဖတ္သည့္အတြက္ အသိဉာဏ္ ရွိသည္။ ခ်င့္ခ်ိန္ ေျပာဆိုတတ္သည္ဟု ေအာင္ဆန္းစုၾကည္ ခံစားမိ၏။ဦးၾကည္ေမာင္ ေျပာေသာ ေနာက္မ်ိဳးဆက္ ကို ရည္႐ြယ္သည့္စကား ရွိသည္။ ဒါကို သူမ မွတ္မိေနသည္။`ေနာက္မ်ိဳးဆက္ အတြက္ အေရးႀကီးဆုံးႏွစ္ခုကို ေျပာခ်င္တယ္။ အဲဒါကေတာ့ “ပညာေရး နဲ႔ သမိုင္းအသိႂကြယ္ဝေအာင္” လုပ္ၾကဖို႔ပါ။ အသိပညာဆိုတာ မရွိမျဖစ္ လိုအပ္ခ်က္ပါ။ ဗမာျပည္အေၾကာင္း သူတို႔ေတြ သိရမယ္ – ေလ့လာရမယ္။ ေအာင္ဆန္းစုၾကည္ မွတ္မိေန၏။`ေနာင္မ်ိဳးဆက္သစ္ လူငယ္ေတြဟာ ကြၽန္ေတာ္ တို႔ရဲ႕သမိုင္း – ကြၽန္ေတာ္တို႔ရဲ႕ျပည္သူ – ကြၽန္ေတာ္တို႔ရဲ႕ေလာကႀကီးအေၾကာင္းနဲ႔ကမာၻႀကီးရဲ႕ အေၾကာင္းကို ေလ့လာ ဆည္းပူးထားရမယ္။ ဒီလိုေလ့လာမႈဟာ သူတို႔ရဲ႕ ဘဝကို သူတို႔လြတ္လြတ္ လပ္လပ္ ပုံေဖာ္တဲ့ေနရာမွာ အေထာက္အကူ ျပဳလိမ့္မယ္။စုႏွင့္ ပတ္သက္၍ အႀကီးက်ယ္ဆုံးေသာ အခ်က္မွာ သူ႔ကို ကြၽန္ေတာ္ျမင္ေတြ႕ရသည့္အတိုင္း သူ႔အရွိအတိုင္းပင္ သူ႔ကို သိရွိရျခင္း ျဖစ္သည္။သူမ၏ ပင္ကိုယ္စ႐ိုက္မွာ ႐ိုးသားသည္ – ဘယ္ေသာအခါမွ ဟန္မေဆာင္တတ္ခဲ့ပါ။ ဟန္ေရးျပ ဝါႂကြားတတ္သူ မဟုတ္ – စိတ္ထဲ ရွိသည့္အတိုင္း ႐ိုးသားပြင့္လင္းစြာ ေျပာဆိုတတ္သည္။

သူမ၏ အလြန္ေကာင္းမြန္ေသာ အရည္အေသြး တစ္ရပ္မွာ ျပည္သူလူထုကို အ႐ိုးခံစိတ္နဲ႔ ခ်စ္တတ္ျခင္းပင္ ျဖစ္သည္။ စုမွာ ဟာသဉာဏ္ ေတာ္ေတာ္ေလးကို ရွိသည္။ သူမသည္ အၿမဲတမ္း ဟာသေျပာတတ္သည္။ ရယ္စရာ ေမာစရာ စကားမ်ားကို သူမေျပာတတ္သည္။`စုဟာ အသိတရား ေခါင္းပါး သူေတြ – မိုက္မဲသူေတြကိုေတာ့ လက္ခံတတ္ေလ့ မရွိဘူးဗ် ` ။ သတင္းစာရွင္းပြဲေတြမွာ ၾကည့္ပါလား။ စုဟာ သူ႔ကို ခပ္ရမ္းရမ္း ေမးလာတဲ့ေမးခြန္းေတြ – အဓိပၸါယ္ မရွိတဲ့ ေမးခြန္းေတြ ေမးလာရင္ ေမးလာတဲ့ သူေတြဆီကို ျပန္ပုတ္ထုတ္ေပး လိုက္တာပဲ။ တစ္ခုေတာ့ ရွိတယ္။ `စုဟာ ႐ိုးသားမႈေတြကို ခ်စ္ တတ္ ပါတယ္`…– ဦးၾကည္ေမာင္၏ စကား။ ဦးၾကည္ေမာင္၏ ေအာင္ဆန္းစုၾကည္ ခံစားမႈ ျဖစ္ပါသည္။

နိုင်ငံရေးနှင့် ပတ်သက်သော မိတ်ဆွေရင်း တစ်ဦး၏ အိမ်တွင် အောင်ဆန်းစုကြည်သည် ဦးကြည်မောင်နှင့် စတင်တွေ့ဆုံခဲ့သည်။ထို့နောက်တွင် ဦးထွေးမြင့်မှတစ်ဆင့် ဦးကြည်မောင်ကို ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ (၂) ကြိမ်အထိ ဦးကြည်မောင်က ငြင်းဆိုခဲ့သည်။ နိုင်ငံရေးမလုပ်လိုတော့သောကြောင့် ဖြစ်သည်။ တတိယအကြိမ် ကမ်းလှမ်းမှုတွင် ဦးကြည်မောင်က လက်ခံ ခဲ့ပါသည်။

ဦးကြည်မောင်က အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့သည်။ အာင်ဆန်းစုကြည် မှတ်မိသည်။ဦးကြည်မောင်နှင့် ပထမဆုံး စတင်တွေ့ဆုံစဉ်က ဦးကြည်မောင်က ပြောသောစကား…`စု မြန်မာ့နိုင်ငံရေး ထဲ ဝင်ပြီဆိုရင်တော့ စိတ်ရှည်သည်း ခံရမယ် – အဆုံးထိ သွားနိုင်ရမယ်။ အဆိုးဆုံးတွေအတွက်လည်း ပြင်ဆင် ထားရမယ်`…NLD ပါတီကို ပြန်လည်ဖွဲ့စည်းသောအခါ ဦးတင်ဦးက ဥက္ကဋ္ဌ – အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှုး – ဦးကြည်မောင်က သုတေသနတာဝန်ကို ယူရ၏။

ဦးကြည်မောင်သည် စာဖတ်သည့်အတွက် အသိဉာဏ် ရှိသည်။ ချင့်ချိန် ပြောဆိုတတ်သည်ဟု အောင်ဆန်းစုကြည် ခံစားမိ၏။ဦးကြည်မောင် ပြောသော နောက်မျိုးဆက် ကို ရည်ရွယ်သည့်စကား ရှိသည်။ ဒါကို သူမ မှတ်မိနေသည်။`နောက်မျိုးဆက် အတွက် အရေးကြီးဆုံးနှစ်ခုကို ပြောချင်တယ်။ အဲဒါကတော့ “ပညာရေး နဲ့ သမိုင်းအသိကြွယ်ဝအောင်” လုပ်ကြဖို့ပါ။ အသိပညာဆိုတာ မရှိမဖြစ် လိုအပ်ချက်ပါ။ ဗမာပြည်အကြောင်း သူတို့တွေ သိရမယ် – လေ့လာရမယ်။ အောင်ဆန်းစုကြည် မှတ်မိနေ၏။

`နောင်မျိုးဆက်သစ် လူငယ်တွေဟာ ကျွန်တော် တို့ရဲ့သမိုင်း – ကျွန်တော်တို့ရဲ့ပြည်သူ – ကျွန်တော်တို့ရဲ့လောကကြီးအကြောင်းနဲ့ကမ္ဘာကြီးရဲ့ အကြောင်းကို လေ့လာ ဆည်းပူးထားရမယ်။ ဒီလိုလေ့လာမှုဟာ သူတို့ရဲ့ ဘဝကို သူတို့လွတ်လွတ် လပ်လပ် ပုံဖော်တဲ့နေရာမှာ အထောက်အကူ ပြုလိမ့်မယ်။စုနှင့် ပတ်သက်၍ အကြီးကျယ်ဆုံးသော အချက်မှာ သူ့ကို ကျွန်တော်မြင်တွေ့ရသည့်အတိုင်း သူ့အရှိအတိုင်းပင် သူ့ကို သိရှိရခြင်း ဖြစ်သည်။သူမ၏ ပင်ကိုယ်စရိုက်မှာ ရိုးသားသည် – ဘယ်သောအခါမှ ဟန်မဆောင်တတ်ခဲ့ပါ။ ဟန်ရေးပြ ဝါကြွားတတ်သူ မဟုတ် – စိတ်ထဲ ရှိသည့်အတိုင်း ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်သည်။

သူမ၏ အလွန်ကောင်းမွန်သော အရည်အသွေး တစ်ရပ်မှာ ပြည်သူလူထုကို အရိုးခံစိတ်နဲ့ ချစ်တတ်ခြင်းပင် ဖြစ်သည်။ စုမှာ ဟာသဉာဏ် တော်တော်လေးကို ရှိသည်။ သူမသည် အမြဲတမ်း ဟာသပြောတတ်သည်။ ရယ်စရာ မောစရာ စကားများကို သူမပြောတတ်သည်။`စုဟာ အသိတရား ခေါင်းပါး သူတွေ – မိုက်မဲသူတွေကိုတော့ လက်ခံတတ်လေ့ မရှိဘူးဗျ ` ။ သတင်းစာရှင်းပွဲတွေမှာ ကြည့်ပါလား။ စုဟာ သူ့ကို ခပ်ရမ်းရမ်း မေးလာတဲ့မေးခွန်းတွေ – အဓိပ္ပါယ် မရှိတဲ့ မေးခွန်းတွေ မေးလာရင် မေးလာတဲ့ သူတွေဆီကို ပြန်ပုတ်ထုတ်ပေး လိုက်တာပဲ။ တစ်ခုတော့ ရှိတယ်။ `စုဟာ ရိုးသားမှုတွေကို ချစ် တတ် ပါတယ်`…

– ဦးကြည်မောင်၏ စကား။ ဦးကြည်မောင်၏ အောင်ဆန်းစုကြည် ခံစားမှု ဖြစ်ပါသည်။

– မောင်ကိုကို (အမရပူရ) အောင်ဆန်းစုကြည် ခံစားမှု…

Be the first to comment

Leave a Reply

Your email address will not be published.


*