ဇွဲကပင်တောင်ပေါ်မှာ ဘ၀တစ်ပါးကူးပြောင်သွားပြီဖြစ်တဲ့ ညီမငယ်လေးအတွက် မခံစားနိုင်လွန်းလို့ ငိုခြင်လာတယ်ဆိုတဲ့ ဇေရဲထက်






Unicode

သရုပ်ဆောင် ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်ကောင်းစဉ်အခါက ပြိုင်ဘက်ကင်း ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဈေးကွက်ပျက်သွားချိန်မှာတော့ ဇေရဲထက်က အရင်ကလောက် အနုပညာအလုပ်တွေ

မလုပ်ကိုင်ဖြစ်တော့ပဲ ကုသိုလ်ရေးကိုသာ ပိုမိုလုပ်ကိုင်ပြီး သူ့ရဲ့ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အရင်ကလောက် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် ဇေရဲထက်ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေက

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဇေရဲထက်က ပြီးခဲ့တဲ့ရက်ပိုင်းက ဇွဲကပင်တောင်မှာ ဘဝတစ်ပါးကူးပြောင်းသွားတဲ့ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းကို သူ့ရဲ့

ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ဇေရဲထက် မိန်းကလေးရဲ့အဖြစ်ကိုကြည့်ပြီး “ငိုချင်လိုက်တာညီမရယ် နောက်ဘဝဆက်တိုင်းဆက်တိုင်းဒီလိုဘဝမျိုးမကြုံပါစေနဲ့” ဆိုပြီး နှမြောတသဖြစ်နေကြောင်း ပြောထားပါတယ်။

ဇေရဲထက်ကတော့ သူ့ရဲ့ညီမအရွယ်လေးဖြစ်တဲ့ မိန်းကလေးအတွက် စိတ်မကောင်းဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူမိန်းကလေးလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….။

Be the first to comment

Leave a Reply

Your email address will not be published.


*