ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမှု ၈၀ ရာခိုင်နှုန်းပြီးစီ

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမှု ၈၀ ရာခိုင်နှုန်းပြီးစီးသွားပြီဟု ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ရုပ်ရှင်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးနှင့်ပတ်သက်ပြီး မိမိတို့ဌာနကို သီးသန့်တာဝန်ပေးထားပါကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တာဝန်ပေးပြီးလိုအပ်သည့် ကော်မတီအရပ် ရပ်ဖွဲ့စည်းပြီး လုပ်ငန်းစတင်ခဲ့ပါကြောင်း၊ ဇာတ်လမ်းအခန်းစဉ် စုစုပေါင်း ၁၃၄ ခန်းရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့် ရိုက်ကူး ပြီးစီးပြီဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ရိုက်ကူးခဲ့ပြီး COVID-19 ကြောင့် ၂၀၂၀ပြည့်နှစ် မတ် ၂၅ ရက်မှစ၍ ခေတ္တရပ်နားထားခဲ့ရာ ယခုအချိန်အထိ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို သတ်မှတ်ကာလ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် တာဝန်ရှိအကြီးအကဲများက ကြည့်ရှုအကဲခတ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရိုက်ကူးရန် ကျန်ရှိနေသည့် ဇာတ်လမ်းအခန်းစဉ်များ ရိုက်ကူးခွင့်ရရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်သွား မည်ဖြစ်ပါကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

Ref – MOI,အောင်ဆန်းရုပ်ရှင်

Zawgyi

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ရိုက္ကူးမႈ ၈၀ ရာခိုင္ႏႈန္းၿပီးစီးသြားၿပီဟု ယေန႕ ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္သည့္ ႐ုပ္ရွင္အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာၾကားခဲ့သည္။ ျပည္ေထာင္စုဝန္ႀကီးက ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အတၳဳပၸတၱိ႐ုပ္ရွင္ ရိုက္ကူးေရးႏွင့္ပတ္သက္ၿပီး မိမိတို႔ဌာနကို သီးသန႔္တာဝန္ေပးထားပါေၾကာင္း၊ ၂၀၁၇ ခုႏွစ္ နိုဝင္ဘာ ၂၄ ရက္တြင္ တာဝန္ေပးၿပီးလိုအပ္သည့္ ေကာ္မတီအရပ္ ရပ္ဖြဲ႕စည္းၿပီး လုပ္ငန္းစတင္ခဲ့ပါေၾကာင္း၊ ဇာတ္လမ္းအခန္းစဥ္ စုစုေပါင္း ၁၃၄ ခန္းရွိသည့္အနက္ ၈၀ ရာခိုင္ႏႈန္းခန႔္ ရိုက္ကူး ၿပီးစီးၿပီျဖစ္ပါေၾကာင္း၊ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ႏွင့္ ပတ္သက္၍ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္တြင္ စတင္ရိုက္ကူးခဲ့ၿပီး COVID-19 ေၾကာင့္ ၂၀၂၀ျပည့္ႏွစ္ မတ္ ၂၅ ရက္မွစ၍ ေခတၱရပ္နားထားခဲ့ရာ ယခုအခ်ိန္အထိ ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့သည္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို သတ္မွတ္ကာလ ၂၀၂၀ ျပည့္ႏွစ္အတြင္းတြင္ တာဝန္ရွိအႀကီးအကဲမ်ားက ၾကည့္ရႈအကဲခတ္နိုင္ရန္အတြက္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ရိုက္ကူးရန္ က်န္ရွိေနသည့္ ဇာတ္လမ္းအခန္းစဥ္မ်ား ရိုက္ကူးခြင့္ရရွိပါက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားသည့္ အမိန႔္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ အေကာင္အထည္ေဖာ္သြား မည္ျဖစ္ပါေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကားခဲ့သည္။

Ref – MOI,ေအာင္ဆန္း႐ုပ္ရွင္

Be the first to comment

Leave a Reply

Your email address will not be published.


*