မကြာမီ ထုတ်ဝေတော့မယ့် စာအုပ်အတွက် အမှတ်တရ လက်မှတ်များထိုးပေးခဲ့သည့် ကျော်သူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကျော်သူကတော့ တစ်ခေတ်တစ်ခါကနေ ယနေ့အချိန်အထိ အောင်မြင်မှုအခိုင်အမာရရှိထားပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူကာ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ ပြည်သူ့အကျိုးပြု ပရဟိတအလုပ်တွေလုပ်ကိုင်နေပါတယ်။လက်ရှိမှာတော့ သူဟာ “အပေးအယူ” ဆိုတဲ့ ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင်ရေးသားထားကာ ထုတ်ဝေတော့မှာလည်းဖြစ်ပါတယ်။

ကျော်သူကတော့ မင်းသားဘဝက အော်တိုထိုးပေးရသည့် စံချိန်ကို စာအုပ်ထုတ်တော့မှ ချိုးလိုက်တဲ့အကြောင်းကို “ကျွန်တော့် ပရိသတ်များအတွက် ကျွန်တော်ရေးသားထားသည့် “အပေးနဲ့အယူ” စာအုပ် ယခု ရက်ပိုင်းအတွင်း “ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး” မှ စတင်ထွက်ဝေတော့မည်ဖြစ်ရာ အားပေးသည့် ပရိသတ်များအတွက် ယနေ့ အမှတ်တရ လက်မှတ်များထိုးပေးခဲ့ရာ ယခင် မင်းသားဘဝက အော်တိုထိုးပေးရသည့် စံချိန်သစ် ချိုးခဲ့ရပါပြီ။ စာအုပ်တစ်အုပ်ကို လက်မှတ်ထိုးရင်းဖြင့် သာဓု သာဓု သာဓုဟု ဝယ်ယူ ဖတ်ရှုသူတို့အားရည်ရွယ်၍ ကျေးဇူးတင်ရှိ မေတ္တာပို့ခဲ့ပါသည်။ ကြေးအိုးတစ်ပွဲစား မည့်အစား “အပေးအယူ” ကို ဖတ်ကြည့်ပါ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပရိသတ်ကြီရေ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကျော်သူကတော့ မကြာမီ ထုတ်ဝေတော့မယ့် “အပေးနဲ့အယူ” စာအုပ် အားပေးသည့် ပရိသတ်များအတွက် အမှတ်တရ လက်မှတ်များထိုးပေးခဲ့ရာ ယခင် မင်းသားဘဝက အော်တိုထိုးပေးရသည့် စံချိန်သစ် ချိုးခဲ့ပါပြီတဲ့နော်။

credit-cele gabar

ZAWGYI

မကြာမီ ထုတ်ဝေတော့မယ့် စာအုပ်အတွက် အမှတ်တရ လက်မှတ်များထိုးပေးခဲ့ရာ မင်းသားဘဝက အော်တိုထိုးပေးရသည့် စံချိန်ကို ချိုးလိုက်ပြီဆိုတဲ့ ကျော်သူ




Be the first to comment

Leave a Reply

Your email address will not be published.


*