လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို သူ့ရဲ့ဇာတ်ထဲခေါ်ပြီး အလုပ်ခန့်လိုက်ပြီဖြစ်တဲ့ ဝင်းနောင်

Posted on





 


Source : Momolay

ပြီးခဲ့တဲ့ ရက်ပိုင်းက တက်လာတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော် တစ်ယောက် တောင်းရမ်းစားသောက်နေရတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ တော်တော်လေး စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ ထိုကဲ့သို့သော သတင်းတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာ ပရိသတ်တွေနဲ့အတူတူ သဘင်ပညာသည်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှတော့ ဘသင်အစည်းအရုံးမှ တာဝန်ရှိသူတွေက လူရွှင်တော်ကြီး ဦးတိုင်းကျော်ကို လိုအပ်တာတွေ ကူညီထောက်ပံ့ပေးဖို့အတွက် သူ့ရဲ့နေအိမ်ကို သွားရောက်ခဲ့ကြပါတယ်။

ပထမအကြိမ် သွားရောက်စဉ်က ဦးတိုင်းကျော်က အိမ်မှာမရှိပဲ သူ့ရဲ့ ဇနီးဖြစ်သူနဲ့သာ တွေ့ဆုံခဲ့ပေမယ့် ဘဘင်အစည်းအရုံးမှ တာဝန်ရှိသူတွေက ဆက်လက်စောင့်ဆိုင်းခဲ့ရာ ဦးတိုင်းကျော်နဲ့ ညနေ ၅ နာရီကျော်ခန့်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သဘင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက ဦးတိုင်းကျော်ရဲ့ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ပြီး နောက်ဆုံးမှာတော့ ဦးတိုင်းကျော်ကို ဇာတ်မင်းသားဝင်းနောင်က သူ့ရဲ့ ယဉ်ကျေးမှုသဘင်မှာ ပါဝင်သွားဖို့ အလုပ်ခန့်ခဲ့ပါတယ်။

ဦးတိုင်းကျော်နဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှု

ကြားရတဲ့ သတင်းကတော့ တကယ်ကိုဝမ်းသာစရာပဲနော်။ စိတ်ထားကောင်းပြီး ရိုသေထိုက်သူကိုရိုသေတဲ့ ဇာတ်မင်းသားဝင်းနောင်လဲ ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : Momolay