ဘာသာစကား(၆) မ်ိဳးတတ္ျပီး လက္ရွိကိုရီးယားမွာ အိုင္ေဒါအေသးစားအဆိုေတာ္ေလးအျဖစ္ၾကိဳးစားေနတဲ့ ကရင္မေလး ေနာ္မာသထူး၀ါး

တကယ့္ကို ပါရမီရွင္ေလးတစ္ေယာက္လို ေတာင္ တင္စားလို႕ရတဲ့ အနုပညာရွင္မေလးတစ္ေယာက္ျဖစ္တဲ့ ဆယ္ေက်ာ္သက္ သမီးေလး ေနာ္မာသထူး၀ါး ဟာ သူမရဲ႕ “အိမ္ေလးတစ္လံုး လိုခ်င္တယ္” သီခ်င္းေလးနဲ႕ ျမန္မာနို္င္ငံက ပရိသတ္ေတြကို စတင္လူသတိထားမိေစခဲ့တာပါ။ လက္ရွိ သူမဟာကိုရီးယားနို္င္ငံ၊ ဘူေခ်ာင္ျမို႕ မွာ ေနထိုင္ျပီး ကိုရီးယားနိုင္ငံသူေလးတစ္ေယာက္အျဖစ္ ခံယူကာ အဆိုေတာ္တစ္ေယာက္အေနနဲ႕ အနုပညာအလုပ္ေတြၾကိဳးစားေနသူျဖစ္ပါတယ္။

ကိုရီးယား၊ ျမန္မာ၊ တရုတ္၊ ထိုင္း ၊ အဂၤလိပ္ နဲ႕ ပိုးကရင္ ဘာသာစကား စုစုေပါင္း ဘာသာစကား(၆) မ်ိဳးတတ္ေျမာက္ျပီး ကိုရီးယားနိုင္ငံမွာ ပညာသင္ၾကားရင္း သူမရဲ႕ ၀ါသနာ အားကစားတစ္ခုျဖစ္တဲ့ တိုက္ကြမ္ဒို အားကစားမွာလည္း ပထမဆုရရွိထားသူေလးျဖစ္တာမို႕ တကယ့္ကို ဘက္စံုေတာ္တဲ့ အိုင္ေဒါ အေသးစားလို႕ ဆိုရမွာပါ။ အနုပညာရွင္မ်ိဳးရိုးအေနနဲ႕ကေတာ့ သူမရဲ႕ေဖေဖ ကရင္အဆိုေတာ္ ေစာထူး၀ါးရဲ႕ အနုပညာေသြးကို ဆက္ခံထားနိုင္သူေလးျဖစ္ျပီး စကားေျပာတတ္တဲ့ အသက္(၁) နွစ္ေက်ာ္ေလာက္ ကတည္းက သူမရဲ႕ ပါးပါးနဲ႔ အိမ္မွာ ဂစ္တာတီးၿပီး သီခ်င္းေတြဆိုခဲ့တာပါလို႕ သူမက ခုလိုပဲ ေျပာျပလာပါတယ္။

K-pop အိုင္ေဒါတစ္ေယာက္ျဖစ္ခ်င္ေပမဲ့လည္း အကပိုင္းကို အရမ္းၾကီးမတတ္ေသးဘူးလို႕ ေနာ္မာသထူး၀ါး က ဆိုထားေပမဲ့လည္း သူမဟာ ကိုရီးယားရဲ႕ ဂီတေလာကမွာ သာမက ျမန္မာနိုင္ငံရဲ႕ အနုပညာေလာကမွာပါ တကယ္ကိုေတာက္ပလာနို္င္တဲ့ ၾကယ္ပြင့္ေလးတစ္ပြင့္ျဖစ္လာနိုင္ပါတယ္။ သူမဟာလက္ရွိမွာ KBS Team ရဲ႕ TV Program ေတြမွာပါ ပါ၀င္ခြင့္ရရွိေနျပီျဖစ္သလို အိမ္ကေလးတလံုးလိုခ်င္တယ္ သီခ်င္းကို ကိုရီးယားဘာသာနဲ႕လည္း ျပန္လည္သီဆိုမွာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေနာ္မာသထူး၀ါးဟာ ျမန္မာနို္င္ငံကို အလည္ေရာက္ရွိေနျပီး ျမန္မာစကားကို ဒီထက္ပိုတိုးတက္ေအာင္ ၾကိဳးစားပါ့မယ္လို႕ ေျဖၾကားထားတာေၾကာင့္ ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။credit – celegabar

Unicode

တကယ့်ကို ပါရမီရှင်လေးတစ်ယောက်လို တောင် တင်စားလို့ရတဲ့ အနုပညာရှင်မလေးတစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက် သမီးလေး နော်မာသထူးဝါး ဟာ သူမရဲ့ “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်းလေးနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို စတင်လူသတိထားမိစေခဲ့တာပါ။ လက်ရှိ သူမဟာကိုရီးယားနိုင်ငံ၊ ဘူချောင်မြို့ မှာ နေထိုင်ပြီး ကိုရီးယားနိုင်ငံသူလေးတစ်ယောက်အဖြစ် ခံယူကာ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကြိုးစားနေသူဖြစ်ပါတယ်။

ကိုရီးယား၊ မြန်မာ၊ တရုတ်၊ ထိုင်း ၊ အင်္ဂလိပ် နဲ့ ပိုးကရင် ဘာသာစကား စုစုပေါင်း ဘာသာစကား(၆) မျိုးတတ်မြောက်ပြီး ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားရင်း သူမရဲ့ ဝါသနာ အားကစားတစ်ခုဖြစ်တဲ့ တိုက်ကွမ်ဒို အားကစားမှာလည်း ပထမဆုရရှိထားသူလေးဖြစ်တာမို့ တကယ့်ကို ဘက်စုံတော်တဲ့ အိုင်ဒေါ အသေးစားလို့ ဆိုရမှာပါ။ အနုပညာရှင်မျိုးရိုးအနေနဲ့ကတော့ သူမရဲ့ဖေဖေ ကရင်အဆိုတော် စောထူးဝါးရဲ့ အနုပညာသွေးကို ဆက်ခံထားနိုင်သူလေးဖြစ်ပြီး စကားပြောတတ်တဲ့ အသက်(၁) နှစ်ကျော်လောက် ကတည်းက သူမရဲ့ ပါးပါးနဲ့ အိမ်မှာ ဂစ်တာတီးပြီး သီချင်းတွေဆိုခဲ့တာပါလို့ သူမက ခုလိုပဲ ပြောပြလာပါတယ်။

K-pop အိုင်ဒေါတစ်ယောက်ဖြစ်ချင်ပေမဲ့လည်း အကပိုင်းကို အရမ်းကြီးမတတ်သေးဘူးလို့ နော်မာသထူးဝါး က ဆိုထားပေမဲ့လည်း သူမဟာ ကိုရီးယားရဲ့ ဂီတလောကမှာ သာမက မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာပါ တကယ်ကိုတောက်ပလာနိုင်တဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လာနိုင်ပါတယ်။ သူမဟာလက်ရှိမှာ KBS Team ရဲ့ TV Program တွေမှာပါ ပါဝင်ခွင့်ရရှိနေပြီဖြစ်သလို အိမ်ကလေးတလုံးလိုချင်တယ် သီချင်းကို ကိုရီးယားဘာသာနဲ့လည်း ပြန်လည်သီဆိုမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ နော်မာသထူးဝါးဟာ မြန်မာနိုင်ငံကို အလည်ရောက်ရှိနေပြီး မြန်မာစကားကို ဒီထက်ပိုတိုးတက်အောင် ကြိုးစားပါ့မယ်လို့ ဖြေကြားထားတာကြောင့် ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။