ေခါင္းေဆာင္မင္းသမီးအေနနဲ႔ ပရိသတ္လက္မခံမွာကုိ စုိးရိမ္ေနတဲ႔ ယြန္းယြန္း

ကေလးသ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ပရိသတ္ခ်စ္ခင္အား ေပးမႈ ရရွိလာတဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္းကေတာ့ လက္ရွိ ဆယ္ေက်ာ္သက္အရြယ္မွာလည္း အႏုပညာအလုပ္ေတြ ဆက္ တုိက္လုပ္ကုိင္ေနဆဲပါပဲ။ သူကေတာ့ ပညာေရးတစ္ဖက္နဲ႔ အႏုပညာအလုပ္ေတြလည္း လုပ္ကိုင္ေနသူပါ။ လူႀကီး သ႐ုပ္ ေဆာင္အေနနဲ႔ ေသခ်ာလုပ္သြားမယ္လုိ႔ ေျပာလာတဲ့ သ႐ုပ္ ေဆာင္ယြန္းယြန္းက …

“ညီမကေလးသ႐ုပ္ေဆာင္ၿပီး သြားကတည္းက လူႀကီး သ႐ုပ္ေဆာင္အေနနဲ႔ ေသခ်ာျပန္မလုပ္ရေသးဘူး။ လူႀကီး သ႐ုပ္ေဆာင္အေနနဲ႔လည္း ေသေသခ်ာခ်ာ ျပန္လုပ္ျဖစ္ဦးမွာ ပါ။ အခုက မလုပ္ရေသးတာပါ။ ညီမ ဇာတ္လမ္းဆုိလည္း ေသေသခ်ာခ်ာ ေရြးခ်င္တာလည္းပါတယ္။ ၿပီးေတာ့ ေစာင့္ေနတဲ့ ပရိသတ္ကုိလည္း စိတ္ မပ်က္ေစခ်င္ဘူး။ အဲ့ဒါေၾကာင့္ ညီမအခ်ိန္ယူၿပီး ေစာင့္ေနတာပါ။ ျပန္႐ုိက္လုိ႔ရွိရင္ေတာ့ ဆက္တုိက္႐ုိက္ကူးသြားပါမယ္။ ညီမကကေလး သ႐ုပ္ေဆာင္အေနနဲ႔ ကားေတြ အမ်ား ႀကီး႐ုိက္ခဲ့ေပမယ့္ လူႀကီးသ႐ုပ္ေဆာင္အေနနဲ႔ဆုိရင္ အသစ္ ဘဲေလ။ လူႀကီးသ႐ုပ္ေဆာင္အေနနဲ႔ ႐ုိက္လုိ႔ရွိရင္ နည္းနည္း စိတ္ပူတာေတြလည္း ရွိတယ္။ ပရိသတ္ရင္ထဲမေရာက္မွာ စိုးရိမ္တယ္။ လက္မခံႏုိင္မွာကိုလည္း စုိးရိမ္တယ္။ အဲ့တာေၾကာင့္လည္း အခ်ိန္နည္းနည္း ယူေနတာပါ။ ကုိယ္နဲ႔ လုိက္ဖက္တဲ့ ဇာတ္မ်ဳိးလာလုိရွိရင္ေတာ့ ႐ုိက္ျဖစ္ မွာပါ” လုိ႔ ေျပာျပခဲ့ပါတယ္။ဆက္လက္ၿပီး ကုိယ့္ကုိယ္ကုိယ္ ေရာ လူႀကီးသ႐ုပ္ေဆာင္လုပ္ဖုိ႔ အခ်ိန္တန္ ၿပီးလားလုိ႔ ဆက္လက္ေမးျမန္းျဖစ္ခဲ့ပါတယ္။

“ပရိသတ္ေတြကေတာ့ လူႀကီး သ႐ုပ္ေဆာင္အေနနဲ႔ လုပ္ေစခ်င္တာလည္း ရွိတယ္။ တခ်ဳိ႕က ေစာေသးတယ္လုိ႔ လည္း ေျပာၾကတယ္။ ညီမအေနနဲ႔ကေတာ့ ခုလာကမ္း လွမ္းတဲ့ ဇာတ္ေတြအတြက္ဆုိရင္ေတာ့ ေစာေသးတယ္လုိ႔ ထင္တယ္။ ဇာတ္အိမ္ေတြကေတာ့ တည္လုိက္လုိ႔ရွိရင္ လူႀကီးကာ႐ုိက္တာေတြမ်ားတယ္။ အိမ္ ေထာင္ေရးဇာတ္မ်ဳိး ေတြေပါ့။ ဆယ္ေက်ာ္သက္ဇာတ္မ်ဳိးဆုိလည္း အရြယ္ေရာက္ ၿပီးသား မင္းသား မင္းသမီးေတြနဲ႔ ႐ုိက္တာမ်ားတယ္။ တကယ္လုိ႔ ႏုိင္ငံတကာမွာလုိ႔ ေက်ာင္းကားေလးေတြ၊ တကၠ သုိလ္ကားေလးေတြ လူငယ္ဆန္ဆန္ ႐ုိက္မယ္ဆုိရင္ေတာ့ ညီမအရြယ္က မေစာေတာ့ပါဘူး။ အဓိကေတာ့ ညီမကုိ လာကမ္းလွမ္းတဲ့ ဇာတ္ေတြအေပၚမွာ မူတည္ပါတယ္” လုိ႔ ေျပာျပခဲ့ပါတယ္။

Source: Popular Journal

Unicode

ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်ချစ်ခင်အား ပေးမှု ရရှိလာတဲ့ သရုပ်ဆောင် ယွန်းယွန်းကတော့ လက်ရှိ ဆယ်ကျော်သက်အရွယ်မှာလည်း အနုပညာအလုပ်တွေ ဆက် တိုက်လုပ်ကိုင်နေဆဲပါပဲ။ သူကတော့ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသူပါ။ လူကြီး သရုပ် ဆောင်အနေနဲ့ သေချာလုပ်သွားမယ်လို့ ပြောလာတဲ့ သရုပ် ဆောင်ယွန်းယွန်းက …

“ညီမကလေးသရုပ်ဆောင်ပြီး သွားကတည်းက လူကြီး သရုပ်ဆောင်အနေနဲ့ သေချာပြန်မလုပ်ရသေးဘူး။ လူကြီး သရုပ်ဆောင်အနေနဲ့လည်း သေသေချာချာ ပြန်လုပ်ဖြစ်ဦးမှာ ပါ။ အခုက မလုပ်ရသေးတာပါ။ ညီမ ဇာတ်လမ်းဆိုလည်း သေသေချာချာ ရွေးချင်တာလည်းပါတယ်။ ပြီးတော့ စောင့်နေတဲ့ ပရိသတ်ကိုလည်း စိတ် မပျက်စေချင်ဘူး။ အဲ့ဒါကြောင့် ညီမအချိန်ယူပြီး စောင့်နေတာပါ။ ပြန်ရိုက်လို့ရှိရင်တော့ ဆက်တိုက်ရိုက်ကူးသွားပါမယ်။ ညီမကကလေး သရုပ်ဆောင်အနေနဲ့ ကားတွေ အများ ကြီးရိုက်ခဲ့ပေမယ့် လူကြီးသရုပ်ဆောင်အနေနဲ့ဆိုရင် အသစ် ဘဲလေ။ လူကြီးသရုပ်ဆောင်အနေနဲ့ ရိုက်လို့ရှိရင် နည်းနည်း စိတ်ပူတာတွေလည်း ရှိတယ်။ ပရိသတ်ရင်ထဲမရောက်မှာ စိုးရိမ်တယ်။ လက်မခံနိုင်မှာကိုလည်း စိုးရိမ်တယ်။ အဲ့တာကြောင့်လည်း အချိန်နည်းနည်း ယူနေတာပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်မျိုးလာလိုရှိရင်တော့ ရိုက်ဖြစ် မှာပါ” လို့ ပြောပြခဲ့ပါတယ်။ဆက်လက်ပြီး ကိုယ့်ကိုယ်ကိုယ် ရော လူကြီးသရုပ်ဆောင်လုပ်ဖို့ အချိန်တန် ပြီးလားလို့ ဆက်လက်မေးမြန်းဖြစ်ခဲ့ပါတယ်။

“ပရိသတ်တွေကတော့ လူကြီး သရုပ်ဆောင်အနေနဲ့ လုပ်စေချင်တာလည်း ရှိတယ်။ တချို့က စောသေးတယ်လို့ လည်း ပြောကြတယ်။ ညီမအနေနဲ့ကတော့ ခုလာကမ်း လှမ်းတဲ့ ဇာတ်တွေအတွက်ဆိုရင်တော့ စောသေးတယ်လို့ ထင်တယ်။ ဇာတ်အိမ်တွေကတော့ တည်လိုက်လို့ရှိရင် လူကြီးကာရိုက်တာတွေများတယ်။ အိမ် ထောင်ရေးဇာတ်မျိုး တွေပေါ့။ ဆယ်ကျော်သက်ဇာတ်မျိုးဆိုလည်း အရွယ်ရောက် ပြီးသား မင်းသား မင်းသမီးတွေနဲ့ ရိုက်တာများတယ်။ တကယ်လို့ နိုင်ငံတကာမှာလို့ ကျောင်းကားလေးတွေ၊ တက္က သိုလ်ကားလေးတွေ လူငယ်ဆန်ဆန် ရိုက်မယ်ဆိုရင်တော့ ညီမအရွယ်က မစောတော့ပါဘူး။ အဓိကတော့ ညီမကို လာကမ်းလှမ်းတဲ့ ဇာတ်တွေအပေါ်မှာ မူတည်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Source: Popular Journal