ခ်စ္ေၾကာက္႐ိုေသရတဲ့ စိုးျမတ္သူဇာရဲ႕ ဆုံးမသြန္သင္မႈေတြကို သတိတရေျပာလာတဲ့ စႏၵီျမင့္လြင္

အစ္မႀကီးျဖစ္သူ စိုးျမတ္သူဇာကို ခ်စ္ေၾကာက္႐ိုေသရတဲ့အေၾကာင္းေတြကို စႏၵီျမင့္လြင္က ေျပာျပလာပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္က အသက္လည္း အမ်ားႀကီးကြာၾကတယ္ေလ။

အဆိုေတာ္စႏၵီျမင့္လြင္က ခ်စ္ရတဲ့အစ္မႀကီးျဖစ္သူ အကယ္ဒမီစိုးျမတ္သူဇာရဲ႕ အေၾကာင္းေတြေျပာ ျပလာပါတယ္။ စိုးျမတ္သူဇာကိုေတာ့ ညီအစ္မေတြသာမကပဲ ေဆြမ်ိဳးအကုန္လုံးက အရမ္းခ်စ္ၾကတယ္လို႔လည္း Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

‘’ မႀကီးက ညီအစ္မေတြကိုမွမဟုတ္ဘူး တစ္မ်ိဳးလုံးကိုလႊမ္းမိုးထားတာ အေမေတြ၊ အေဒၚေတြေရာ အကုန္လုံးေပါ့ေနာ္။ မႀကီးက သူ႔အသက္ငယ္ငယ္ေလးနဲ႔အရမ္းေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္ေယာက္၊ အဲဒီေခတ္က မင္းသမီးဆိုတာလည္း အရမ္းရွားတယ္။ မႀကီးေအာင္ျမင္ေတာ့ တစ္မ်ိဳးလုံးကလည္း အရမ္းေပ်ာ္ၾကတယ္။ ကိုယ္ေတြဆိုလည္း မႀကီးနဲ႔ အသက္လည္းကြာေတာ့ ေၾကာက္လည္း ေၾကာက္ပါတယ္’’ လို႔ သီးသန႔္အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။

အဲဒီေနာက္ ညီအစ္မ ၄ ဦးစလုံးမွာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္ေတြဆိုေပမယ့္ စႏၵီျမင့္လြင္ တစ္ေယာက္လည္း ဂီတေလာကထဲကိုေရာက္ရွိျဖစ္သြားတဲ့အေၾကာင္းကိုလည္း ဆက္လက္ေျပာျပထားပါေသးတယ္။

‘’ တစ္ခါတစ္ေလက်ရင္ ကိုယ့္ကို ညီအစ္မ ၄ ေယာက္ထဲမွာ ကြဲထြက္တယ္လို႔ေျပာၾကတယ္။ အမွန္ေတာ့ သီခ်င္းဆိုတဲ့ဘက္ကို ေရာက္သြားလို႔ ျဖစ္ပါလိမ့္မယ္။ စိတ္ကေတာ့ အတူတူပါပဲ။ ဒီးဒီက အဆိုေတာ္ဘက္ကို ပိုေရာက္သြားေတာ့ ဒီဘက္ကလူေတြနဲ႔ေပါင္းတာ မ်ားသြားေတာ့ မင္းသမီးပုံစံ သိပ္မရွိဘူးေပါ့ေနာ္။ ကိုယ္တိုင္ကလည္း စိတ္ရွင္းရွင္းနဲ႔ လူငယ္ပုံစံေနရတာ ပိုႀကိဳက္တယ္’’ လို႔ ဆိုပါတယ္။

စႏၵီျမင့္လြင္က အစ္မျဖစ္သူ စိုးျမတ္သူဇာရဲ႕ အၿမဲတမ္း ဆုံးမသြန္သင္ေနၾက စကားေတြကိုလည္း အမွတ္တရ ေျပာျပလာပါေသးတယ္။

‘’ မႀကီးက ငယ္ငယ္ေလးကတည္းက အၿမဲတမ္း တစ္လုံးဆို တစ္လုံးဆိုသေလာက္ ေျပာဆိုဆုံးမေနၾက။ ဒီေန႔အတြက္ကို ေကာင္းေအာင္ေနတဲ့ သူအၿမဲေျပာတယ္။ ဒီေန႔ကို အေကာင္းဆုံးျဖစ္ေအာင္ေနရင္ ေနာက္ေန႔ေတြဆိုတာလည္း ေကာင္းလာမယ္လို႔ အၿမဲေျပာတယ္။ အမ်ားႀကီးမစဥ္းစားနဲ႔ အရမ္းမသိခ်င္နဲ႔ေပါ့ေနာ္’’ လို႔ သူကဆိုပါတယ္။

စႏၵီျမင့္လြင္ဟာ အႏုပညာေလာကထဲကို သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ စတင္ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူဝါသနာပါတဲ့ ဂီတအလုပ္ေတြကိုလုပ္ရင္း ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အျဖစ္ ေရာက္ရွိခဲ့တာပါ။ သ႐ုပ္ေဆာင္အလုပ္ကိုေတာ့ မလုပ္ျဖစ္တာ ၄ ႏွစ္ခန႔္ရွိပါၿပီ။ လက္ရွိမွာေတာ့ အစ္မႀကီး စိုးျမတ္သူဇာဦးေဆာင္ၿပီး စိုးျမတ္နႏၵာ၊ စႏၵီျမင့္လြင္နဲ႔ စိုးျပည့္သဇင္တို႔ အတူတြဲဖြင့္ထားတဲ့ ‘’မင္းသမီး ပိုးထည္တိုက္’’ ဆိုတဲ့ ပိုးထည္ဆိုင္ေလးလည္း ရွိပါတယ္။

Source : Cele Yatkwat

Unicode

အစ်မကြီးဖြစ်သူ စိုးမြတ်သူဇာကို ချစ်ကြောက်ရိုသေရတဲ့အကြောင်းတွေကို စန္ဒီမြင့်လွင်က ပြောပြလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အသက်လည်း အများကြီးကွာကြတယ်လေ။

အဆိုတော်စန္ဒီမြင့်လွင်က ချစ်ရတဲ့အစ်မကြီးဖြစ်သူ အကယ်ဒမီစိုးမြတ်သူဇာရဲ့ အကြောင်းတွေပြော ပြလာပါတယ်။ စိုးမြတ်သူဇာကိုတော့ ညီအစ်မတွေသာမကပဲ ဆွေမျိုးအကုန်လုံးက အရမ်းချစ်ကြတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မကြီးက ညီအစ်မတွေကိုမှမဟုတ်ဘူး တစ်မျိုးလုံးကိုလွှမ်းမိုးထားတာ အမေတွေ၊ အဒေါ်တွေရော အကုန်လုံးပေါ့နော်။ မကြီးက သူ့အသက်ငယ်ငယ်လေးနဲ့အရမ်းအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်၊ အဲဒီခေတ်က မင်းသမီးဆိုတာလည်း အရမ်းရှားတယ်။ မကြီးအောင်မြင်တော့ တစ်မျိုးလုံးကလည်း အရမ်းပျော်ကြတယ်။ ကိုယ်တွေဆိုလည်း မကြီးနဲ့ အသက်လည်းကွာတော့ ကြောက်လည်း ကြောက်ပါတယ်’’ လို့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် ညီအစ်မ ၄ ဦးစလုံးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေဆိုပေမယ့် စန္ဒီမြင့်လွင် တစ်ယောက်လည်း ဂီတလောကထဲကိုရောက်ရှိဖြစ်သွားတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

‘’ တစ်ခါတစ်လေကျရင် ကိုယ့်ကို ညီအစ်မ ၄ ယောက်ထဲမှာ ကွဲထွက်တယ်လို့ပြောကြတယ်။ အမှန်တော့ သီချင်းဆိုတဲ့ဘက်ကို ရောက်သွားလို့ ဖြစ်ပါလိမ့်မယ်။ စိတ်ကတော့ အတူတူပါပဲ။ ဒီးဒီက အဆိုတော်ဘက်ကို ပိုရောက်သွားတော့ ဒီဘက်ကလူတွေနဲ့ပေါင်းတာ များသွားတော့ မင်းသမီးပုံစံ သိပ်မရှိဘူးပေါ့နော်။ ကိုယ်တိုင်ကလည်း စိတ်ရှင်းရှင်းနဲ့ လူငယ်ပုံစံနေရတာ ပိုကြိုက်တယ်’’ လို့ ဆိုပါတယ်။

စန္ဒီမြင့်လွင်က အစ်မဖြစ်သူ စိုးမြတ်သူဇာရဲ့ အမြဲတမ်း ဆုံးမသွန်သင်နေကြ စကားတွေကိုလည်း အမှတ်တရ ပြောပြလာပါသေးတယ်။

‘’ မကြီးက ငယ်ငယ်လေးကတည်းက အမြဲတမ်း တစ်လုံးဆို တစ်လုံးဆိုသလောက် ပြောဆိုဆုံးမနေကြ။ ဒီနေ့အတွက်ကို ကောင်းအောင်နေတဲ့ သူအမြဲပြောတယ်။ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင်နေရင် နောက်နေ့တွေဆိုတာလည်း ကောင်းလာမယ်လို့ အမြဲပြောတယ်။ အများကြီးမစဉ်းစားနဲ့ အရမ်းမသိချင်နဲ့ပေါ့နော်’’ လို့ သူကဆိုပါတယ်။

စန္ဒီမြင့်လွင်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဝါသနာပါတဲ့ ဂီတအလုပ်တွေကိုလုပ်ရင်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရောက်ရှိခဲ့တာပါ။ သရုပ်ဆောင်အလုပ်ကိုတော့ မလုပ်ဖြစ်တာ ၄ နှစ်ခန့်ရှိပါပြီ။ လက်ရှိမှာတော့ အစ်မကြီး စိုးမြတ်သူဇာဦးဆောင်ပြီး စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ အတူတွဲဖွင့်ထားတဲ့ ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်လေးလည်း ရှိပါတယ်။

Source : Cele Yatkwat