“ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးပွဲအပြီးမှာ မရှုံးသင့်ဘဲ ရှုံးခဲ့ရတဲ့အတွက် ခံစားခဲ့ရတဲ့ နေမင်း”

Posted on




Source – Nay Min,crd-Rainbow- Cele Gabar

Unicode

နေမင်းကတော့ လက်ရှိဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အကြိမ်(၃၀)မြောက် SEA Games ပြိုင်ပွဲကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးနေတာပဲဖြစ်ပါတယ်။ ပွဲစဉ်တွေမစခင်ကတည်းက ကစားသမားတွေအနားမှာနေကာ အင်တိုက်အားတိုက် ဝန်းရံအားပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်အားပေးမှုအများဆုံးဖြစ်တဲ့ ဘောလုံးအားကစားမှာတော့ မြန်မာယူ(၂၂)အသင်းနဲ့ မြန်မာအမျိုးသမီးအသင်းကတော့ ဆီမီးဖိုင်နယ်အထိတက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့မျှော်လင့်ရောင်ခြည်တွေကို တစ်ဖန်ပြန်လည်နိုးကြားလာစေခဲ့သူတွေ ဖြစ်ပါတယ်။ မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ထိုင်းအသင်းနဲ့အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကံတရားရဲ့မျက်နှာသာမပေးမှုကြောင့် ပွဲပြီးခါနီးမှ တစ်ဂိုး-ဂိုးမရှိနဲ့ ထိုင်းအသင်းကို ရှုံးခဲ့ရတာဖြစ်ပါတယ်။

မရှုံးသင့်ဘဲ ရှုံးခဲ့ရတာကြောင့်ပရိသတ်တွေကတော့ အားရကျေနပ်မှုမရှိခဲ့ပေမယ့် မြန်မာအမျိုးသမီးအသင်းရဲ့ ဘောလုံးစွမ်းဆောင်ရည်ကိုတော့ ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ နေမင်းကတော့ “ငါတို့ရှုံးတယ်…ဘာဖြစ်လဲ…တတိယရှိသေးတယ်…#အေး..မရှုံးသင့်ဘဲ ရှုံးတာတော့ ငါ့ညီလေးတွေအတွက် ခံစားရတယ်” လို့သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ တတိယဗိုလ်လုပွဲကိုတော့ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာမို့ အကောင်းဆုံးကစားပြီး တတိယဆုရရှိနိုင်ဖို့ ပရိသတ်ကြီးအားပေးကြပါဦးနော်။