“ယေန႕ကြြာတားဖိုင္နယ္မွာ အင္ဒိုးနီး႐ွားၾကက္ေတာင္မယ္နဲ႕ ယွဥ္ၿပိဳင္ကစားသြားမည့္ သက္ထားသူဇာ”

Posted on

သက္ထားသူဇာကေတာ့ ျမန္မာနိုင္ငံရဲ႕ဂုဏ္ကိုေဆာင္ေပးမယ့္အားကစားမယ္ေလး တစ္ဦးျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဖိလစ္ပိုင္ႏိုင္ငံမွာက်င္းပေနတဲ့ အႀကိမ္(၃၀)ေျမာက္ အေ႐ွ႕ေတာင္အာ႐ွ အားကစားၿပိဳင္ပြဲမွာ ျမန္မာဂုဏ္ေဆာင္ကမၻာ့အဆင့္(၆၁)႐ွိတဲ့ သက္ထားသူဇာကကမၻာ့အဆင့္(၃၂)႐ွိတဲ့ မေလး႐ွားအားကစားမယ္soina Chean နဲ႕ယွဥ္ၿပိဳင္ကစားခဲ့တာ ျဖစ္ပါတယ္။

အဲ့ပြဲမွာေတာ့ သက္ထားသူဇာကမေလး႐ွားအားကစားမယ္ကို ၁၈.၂၁၊၂၁.၁၅၊၁၂.၅ နဲ႔ အႏိုင္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ယခုလို အႏိုင္ရ႐ွိတဲ့အတြက္ ကြာတားဖိုင္နယ္ ေနာက္တစ္ဆင့္ကို သက္ထားသူဇာတစ္ေယာက္တက္လွမ္းႏိုင္ခဲ့ၿပီး ကမၻာ့အဆင့္ (၃၇)႐ွိတဲ့ အင္ဒိုးနီး႐ွားၾကက္ေတာင္မယ္ Reslli Hatarwan နဲ႔ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။အဲဒီပြဲစဥ္ကိုေတာ့ ယေန႔(7.7.2019) ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ (၁း၃၀)မွာ ဖိလစ္ပိုင္ႏိုင္ငံ႐ွိ Muntinpula အားကစားရံုႀကီးမွာက်င္းပျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံရဲ႕ဂုဏ္ကိုေဆာင္ေပးမယ့္ သက္ထားသူဇာတစ္ေယာက္အင္ဒိုနီး႐ွား ၾကက္ေတာင္မယ္ကိုေရာဘယ္လိုေတြႏိုင္ေအာင္ႀကိဳးစားၿပီးကစားမလဲဆိုတာ ပရိသတ္ႀကီး ေစာင့္ေမ်ွာ္အားေပးၾကမယ္မဟုတ္လား……

Source; THET HTAR Thuzar, Chit Thae May

Unicode

သက်ထားသူဇာကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်ပေးမယ့် အားကစားမယ်လေး တစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာဂုဏ်ဆောင် ကမ္ဘာ့အဆင့်(၆၁)ရှိတဲ့ သက်ထားသူဇာက ကမ္ဘာ့အဆင့်(၃၂)ရှိတဲ့ မလေးရှားအားကစားမယ် soina Chean နဲ့ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

အဲ့ပွဲမှာတော့ သက်ထားသူဇာက မလေးရှားအားကစားမယ်ကို ၁၈.၂၁၊၂၁.၁၅၊၁၂.၅ နဲ့ အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလို အနိုင်ရရှိတဲ့အတွက် ကွာတားဖိုင်နယ် နောက်တစ်ဆင့်ကို သက်ထားသူဇာတစ်ယောက် တက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၃၇)ရှိတဲ့ အင်ဒိုးနီးရှားကြက်တောင်မယ် Reslli Hatarwan နဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကိုတော့ ယနေ့(7.12.2019) မြန်မာစံတော်ချိန် မွန်းလွဲ (၁း၃၀)မှာ ဖိလစ်ပိုင်နိုင်ငံရှိ Muntinpula အားကစားရုံကြီးမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်ပေးမယ့် သက်ထားသူဇာတစ်ယောက် အင်ဒိုနီးရှား ကြက်တောင်မယ်ကိုရော ဘယ်လိုတွေနိုင်အောင် ကြိုးစားပြီးကစားမလဲဆိုတာ ပရိသတ်ကြီး စောင့်မျှော်အားပေးကြမယ်မဟုတ်လား……