ခ်စ္စရာေကာင္းတဲ့ ယြန္းတို႔ညီအစ္မႏွစ္ေယာက္ရဲ႕ ငယ္ဘဝပုံေလးေတြကို ထုတ္ျပလိုက္တဲ့ ေမသူ

နာမည္ေက်ာ္ မင္းသားႀကီး ဦးလြင္မိုးရဲ႕ သမီးေလးေတြျဖစ္ၾကတဲ့ ယြန္းဝတီလြင္မိုးနဲ႔ ယြန္းနဒီလြင္မိုးတို႔ ညီအစ္မႏွစ္ေယာက္ကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေလးေတြပဲ ျဖစ္ၾကပါတယ္။ ေၾကာ္ျငာမင္းသမီးေလးေတြအျဖစ္ ဖခင္ရဲ႕အႏုပညာအေမြကို ဆက္ခံခဲ့တဲ့ သူမတို႔ညီအစ္မႏွစ္ေယာက္ကေတာ့ အခုခ်ိန္ထိ ေၾကာ္ျငာေလးေတြ အတူ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္။ သမီးႀကီး ယြန္းဝတီလြင္မိုးက အိမ္ေထာင္က်သြားၿပီး သားေလးတစ္ေယာက္ေတာင္ ပိုင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ယြန္းဝတီက သားေလးကို မိဘေတြနဲ႔ထားခဲ့ရၿပီး ၾသစေတးလ်မွာ ေက်ာင္းျပန္တက္ေနရတာ ျဖစ္ပါတယ္။ စည္းစည္းလုံးလုံးနဲ႔ အရမ္းကို ခ်စ္ဖို႔ေကာင္းတဲ့ သူတို႔မိသားစုေလးကိုေတာ့ ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြအားလုံးက ဝိုင္းခ်စ္ေနရတာ ျဖစ္ပါတယ္။ အခုလည္း ေမေမ ေမသူက သမီးေလးႏွစ္ေယာက္ရဲ႕ ခ်စ္စရာ ငယ္ဘဝပုံရိပ္ေလးေတြကို အမွတ္တရ တင္ထားတာ ေတြ႕ရပါတယ္။

တစ္ခ်ိန္က မဂၤလာပြဲတစ္ခုမွာ ပန္းႀကဲေလးေတြအျဖစ္ ပါဝင္ခဲ့ၾကတဲ့ ယြန္းတို႔ညီအစ္မႏွစ္ေယာက္ရဲ႕ ပုံေလးေတြကို တင္ေပးထားတာပဲ ျဖစ္ပါတယ္။ ကေလးေလးအ႐ြယ္ကတည္းက အရမ္းခ်စ္ဖို႔ေကာင္းတဲ့ သူမတို႔ညီအစ္မက အခုခ်ိန္အထိ ငယ္႐ုပ္ေလးေတြမေပ်ာက္ဘဲ လွေနၾကတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ယြန္းဝတီလြင္မိုးနဲ႔ ယြန္းနဒီလြင္မိုးတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ငယ္ဘဝပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source: May Thu & Yun Waddy Lwin Moe

နာမည်ကျော် မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးလေးတွေဖြစ်ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။ ကြော်ငြာမင်းသမီးလေးတွေအဖြစ် ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံခဲ့တဲ့ သူမတို့ညီအစ်မနှစ်ယောက်ကတော့ အခုချိန်ထိ ကြော်ငြာလေးတွေ အတူရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ သမီးကြီး ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျသွားပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယွန်းဝတီက သားလေးကို မိဘတွေနဲ့ထားခဲ့ရပြီး သြစတေးလျမှာ ကျောင်းပြန်တက်နေရတာ ဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း မေမေ မေသူက သမီးလေးနှစ်ယောက်ရဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးတွေကို အမှတ်တရ တင်ထားတာ တွေ့ရပါတယ်။

တစ်ချိန်က မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲလေးတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ ယွန်းတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကလေးလေးအရွယ်ကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ သူမတို့ညီအစ်မက အခုချိန်အထိ ငယ်ရုပ်လေးတွေမပျောက်ဘဲ လှနေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Thu & Yun Waddy Lwin Moe;