မိခင္ျဖစ္သူရဲ႕ေလးစားစရာေကာင္းတဲ့ စိတ္ဓာတ္ေတြကို ေျပာျပခဲ့တဲ့ ေျပတီဦး

ျမန္မာႏိုင္ငံရဲ႕ အႏုပညာေလာကမွာ ထိပ္တန္း မင္းသားတစ္ဦးျဖစ္တဲ့ ေျပတီဦးကေတာ့ ယေန႔ခ်ိန္ထိ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ မင္းသားတစ္ေယာက္ျဖစ္ပါတယ္။႐ုပ္ရွင္ ဗီဒီယို ဇာတ္ကားမ်ားစြာကို ႐ိုက္ကူးၿပီး က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အကယ္ဒမီဆုေတြအမ်ားၾကီး ကို ဆြတ္ခူးရရွိထားသူလည္းျဖစ္ပါတယ္။ ေျပတီဦးဟာ မင္းသားတစ္ေယာက္ျဖစ္ေပမယ့္ မာန္မာနေတြမရွိပဲ အျမဲေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေဖာ္ေရြတဲ့ စိတ္ထားေလးရွိတယ္ဆိုတာကေတာ့ ပရိသတ္ေတြသိျပီးျဖစ္မွာပါ ။

ေျပတီဦးရဲ႕ မိခင္ဟာ သူ႕ကိုအရမ္းနားလည္ျပီး အခုအရြယ္ထိ တစ္ခါမွ မဆူဖူးသလို ဒီကမၻာအေပၚမွာ သူ႕အေပၚနားလည္ေပးနုိင္ဆံုးလူျဖစ္တယ္လုိ႔ေျပာျပခဲ့ပါတယ္ ။ အေမက သူလုပ္သမွ်အကုန္အားေပးသလို ဘာပဲလုပ္လုပ္ သားအေပၚယံုၾကည္မႈအျပည္႕၀ေပးတဲ့မိခင္တစ္ေယာက္ျဖစ္တယ္လို႔သိရပါတယ္ ။ အေမ့ရဲ႕ဆံုးမစကားေတြထက္ အေမကေပးတဲ့ယံုၾကည္မႈေတြက သူ႕ဘ၀ကိုေလွ်ာက္လွမ္းတဲ့အခါမွာ အရမ္းကိုအားျဖစ္ေစခဲ့တယ္လို႔လည္း ေျပတီဦးကေျပာျပခဲ့ပါတယ္ ။ ငါ့သားကျဖစ္ေအာင္လုပ္နုိင္တယ္ အေမယံုၾကည္တယ္လို႔ ေျပာလုိက္တာနဲ႔တင္ ဒီတုိက္ပြဲတစ္ခုကို နုိင္ေအာင္တိုက္နုိင္ေတာ့မယ္လို႔ ကိုယ့္ကိုယ္ကို ယံုၾကည္လာခဲ့တယ္တဲ့ ။

အနည္းဆံုးေတာ့ လူတုိင္းမွာ ကိုယ့္ကိုယံုၾကည္ေပးနိုင္မယ့္ လူတစ္ေယာက္ေတာ့ အနညး္ဆံုးလိုအပ္ပါတယ္ ။ အဲဒါေၾကာင့္ ေျပတီဦးက သူ႕အေမရဲ႕ ယံုၾကည္မႈဟာ သူ႕အတြက္အရမ္းကိုအားျဖစ္ေစပါတယ္တဲ့ ။ ” ကိုယ္ကသူမ်ားကို ဟန္ေဆာင္မႈမပါဘဲ တကယ္ကိုခ်စ္မွ သူမ်ားကလည္းကိုယ့္ကို ျပန္ခ်စ္မယ္ သူမ်ားဆီက ဂရုစိုက္တာ ခ်စ္တာ လိုခ်င္ရင္ ကိုယ္႔ကလဲ ခ်စ္တတ္ရမယ္ ဂရုစိုက္တတ္ရမယ္ ကိုယ္ကသူမ်ားကိုမေကာင္းတဲ့စိတ္ေပးရင္ ကိုယ့္ဆီလဲမေကာင္းတာေတြပဲ ျပန္လာတတ္တယ္ ” လို႕ဆံုးမခဲ့လို႕ ကြ်န္ေတာ့ရဲ႕ေကာင္းတဲ့စိတ္ေတာ္ေတာ္မ်ားမ်ားက ေမေမဆီကရခဲ့တာ ျဖစ္လုိ႕ ေမေမ့ကိုအရမ္းေက်းဇူးတင္တယ္လို႔ ေျပာျပခဲ့ပါတယ္ ။ ေမေမဆီက ေကာင္းမြန္တဲ့စိတ္ဓာတ္ေလးေတြရတဲ့အတြက္ေရာ အူ၀ဲကို သမီးတစ္ေယာက္လိုသေဘာထားတဲ့အတြက္ေရာ အရမ္းကို ေက်းဇူးတင္ပါတယ္လို႕ မီဒီယာေတြကို ေျဖၾကားခဲ့ပါတယ္ ။ ဒီေန႕က ျပာသိုလျပည္႕ေန႕ျဖစ္သလို ျမန္မာနုိင္ငံရဲ႕ အေမမ်ားေန႕ျဖစ္လို႕ ပရိသတ္ၾကီးလည္း အိမ္ကမိဘေတြကို ကန္ေတာ့ဖို႕မေမ့ၾကနဲ႔ေနာ္ ။

Source : Skynet UptoDate

Unicode

မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်း မင်းသားတစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ ယနေ့ချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေအများကြီး ကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ မင်းသားတစ်ယောက်ဖြစ်ပေမယ့် မာန်မာနတွေမရှိပဲ အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ ဖော်ရွေတဲ့ စိတ်ထားလေးရှိတယ်ဆိုတာကတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။

ပြေတီဦးရဲ့ မိခင်ဟာ သူ့ကိုအရမ်းနားလည်ပြီး အခုအရွယ်ထိ တစ်ခါမှ မဆူဖူးသလို ဒီကမ္ဘာအပေါ်မှာ သူ့အပေါ်နားလည်ပေးနိုင်ဆုံးလူဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ။ အမေက သူလုပ်သမျှအကုန်အားပေးသလို ဘာပဲလုပ်လုပ် သားအပေါ်ယုံကြည်မှုအပြည့်ဝပေးတဲ့မိခင်တစ်ယောက်ဖြစ်တယ်လို့သိရပါတယ် ။ အမေ့ရဲ့ဆုံးမစကားတွေထက် အမေကပေးတဲ့ယုံကြည်မှုတွေက သူ့ဘဝကိုလျှောက်လှမ်းတဲ့အခါမှာ အရမ်းကိုအားဖြစ်စေခဲ့တယ်လို့လည်း ပြေတီဦးကပြောပြခဲ့ပါတယ် ။ ငါ့သားကဖြစ်အောင်လုပ်နိုင်တယ် အမေယုံကြည်တယ်လို့ ပြောလိုက်တာနဲ့တင် ဒီတိုက်ပွဲတစ်ခုကို နိုင်အောင်တိုက်နိုင်တော့မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်လာခဲ့တယ်တဲ့ ။

အနည်းဆုံးတော့ လူတိုင်းမှာ ကိုယ့်ကိုယုံကြည်ပေးနိုင်မယ့် လူတစ်ယောက်တော့ အနည်းဆုံးလိုအပ်ပါတယ် ။ အဲဒါကြောင့် ပြေတီဦးက သူ့အမေရဲ့ ယုံကြည်မှုဟာ သူ့အတွက်အရမ်းကိုအားဖြစ်စေပါတယ်တဲ့ ။ ” ကိုယ်ကသူများကို ဟန်ဆောင်မှုမပါဘဲ တကယ်ကိုချစ်မှ သူများကလည်းကိုယ့်ကို ပြန်ချစ်မယ် သူများဆီက ဂရုစိုက်တာ ချစ်တာ လိုချင်ရင် ကိုယ့်ကလဲ ချစ်တတ်ရမယ် ဂရုစိုက်တတ်ရမယ် ကိုယ်ကသူများကိုမကောင်းတဲ့စိတ်ပေးရင် ကိုယ့်ဆီလဲမကောင်းတာတွေပဲ ပြန်လာတတ်တယ် ” လို့ဆုံးမခဲ့လို့ ကျွန်တော့ရဲ့ကောင်းတဲ့စိတ်တော်တော်များများက မေမေဆီကရခဲ့တာ ဖြစ်လို့ မေမေ့ကိုအရမ်းကျေးဇူးတင်တယ်လို့ ပြောပြခဲ့ပါတယ် ။ မေမေဆီက ကောင်းမွန်တဲ့စိတ်ဓာတ်လေးတွေရတဲ့အတွက်ရော အူဝဲကို သမီးတစ်ယောက်လိုသဘောထားတဲ့အတွက်ရော အရမ်းကို ကျေးဇူးတင်ပါတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ် ။ ဒီနေ့က ပြာသိုလပြည့်နေ့ဖြစ်သလို မြန်မာနိုင်ငံရဲ့ အမေများနေ့ဖြစ်လို့ ပရိသတ်ကြီးလည်း အိမ်ကမိဘတွေကို ကန်တော့ဖို့မမေ့ကြနဲ့နော် ။

Source : Skynet UptoDate