အရက္ေသာက္ျခင္းက ႏုိင္ငံျခားဘာသာစကား ပုိမုိေကာင္းမြန္စြာေျပာႏုိင္ရန္ အေထာက္အကူျပဳဟုဆုိ

ဘာသာစကားအသစ္တစ္ခု သင္ယူျခင္းမွာ လြယ္ကူေသာကိစၥတစ္ခု မဟုတ္ေသာ္လည္း စကားေျပာဆုိျခင္းတြင္ အရက္ေသာက္၍ ေျပာျခင္းက ျပသနာပုိမ်ားဖြယ္ရွိသည္။သုေတသနျပဳ ေလ့လာမႈတစ္ခုအရ ဘာသာစကားတစ္ခု ေလ့လာေျပာဆုိေသာအခါ ဝုိင္ သို႔မဟုတ္ ဘီယာ တစ္ခြက္ ေသာက္သုံးျခင္းျဖင့္ ရွက္ေၾကာက္မႈ အဟန္႔အတား ေလ်ာ့နည္းေစသည္ဟု သိရသည္။

Psychopharmocology ဂ်ာနယ္တြင္ မတ္စ္ထရစ္ထ္တကၠသိုလ္မွ ဂ်ာမန္ဘာသာစကားေျပာသူ ၅၀ ဥိီးပါဝင္ ေသာသုေတသနျပဳမႈကုိ ထည့္သြင္းေဖာ္ျပခဲ႔သည္။ သင္တန္းသားအားလုံ ဒခ်္စကားေျပာသင္တန္းတက္ေနၾကျပီး အခါအားေလ်ာ္စြာ အရက္ေသာက္တတ္သူမ်ားျဖစ္သည္။ သူတုိ႔အားလုံးမွာ မၾကာေသးမီက ဘာသာစကားကြၽမ္းက်င္မႈသ႐ုပ္ျပ စာေမးပြဲေျဖဆိုေအာင္ျမင္ထားၾကသည္။

သင္တန္းသားအားလုံးကုိ ဒတ္ခ္်ဘာ သာစကားေျပာဆုိမႈ ႏွစ္မိနစ္ၾကာ အင္တာဗ်ဳးသူႏွင့္ ေပါ့ေပါ့ပါးပါး စကားေျပာဆုိမႈ ျပဳလုပ္ၿပီး ေလ့လာမႈစစ္တမ္း ေကာက္ယူခဲ့သည္။ ေျပာဆုိမႈမစတင္မီ သင္တန္းသား ထက္ဝက္ေက်ာ္ကုိ ေရတုိက္ခဲ႔ျပီး အျခားတစ္ဝက္က အရက္ေသာက္ထားခဲ့ၾကသည္။ အရက္ေသာက္သူ တစ္ဦးခ်င္းစီ၏ အရက္ပမာဏမွာ သူတို႔၏ ကုိယ္အေလးခ်ိန္ကုိ အေျခခံတြက္ခ်က္ထားသည္။

လူတစ္ဦးခ်င္းစီ၏ စကားေျပာဆိုမႈကုိ မွတ္တမ္းတင္ထားၿပီး စစ္ေဆးမည့္သူ ထက္ဝက္ အရက္ေသာက္ထားေၾကာင္း သိရွိမထားေသာ မူရင္းဒခ်္ဘာသာစကားေျပာသူ ဒခ်္လူမ်ဳိးႏွစ္ဦးက နားေထာင္အကဲျဖတ္ခဲ႔သည္။ အဆိုပါစကားေျပာ စြမ္းရည္စစ္ေဆးခံသူမ်ား ၏ စြမ္းေဆာင္ရည္ကုိ သူတုိ႔ကုိယ္သူတုိ႔ အမွတ္ေပးရန္ ေတာင္းဆုိခဲ႔ရာ အံ့ၾသစရာေကာင္းေလာက္ေအာင္ပင္ အရက္ေသာက္သူမ်ားကိုိယ္တုိင္အမွတ္ေပး ရမွတ္ႏွင့္ ေရေသာက္ထားသူမ်ားရမွတ္ အတူတူပင္ျဖစ္ေနသည္။

စမ္းသပ္မႈ၏ ေနာက္ဆုံးရလဒ္မ်ားတြင္ အရက္ေသာက္သူမ်ားက စကားေျပာပိုမုိ ေခ်ာေမြ႔ေကာင္းမြန္ၿပီး အသံထြက္ပိုေကာင္းသည္ကုိ ေတြ႕ရွိခဲ့သည္္။ သုိ႔ရာတြင္ ၎တုိ႔ ေသာက္ထားေသာ အရက္ပမာဏမွွာ အနည္းငယ္သာျဖစ္ၿပီး အလြန္အကြၽံပမာဏ ေသာက္သုံးပါက စကားေျပာရာတြင္ မသဲကြဲပဲ ျဖစ္ႏုိင္သည္ကုိ သတိျပဳရန္လုိသည္္။အမ်ားစုမွာ ႏႈတ္ေျဖစာေမးပြဲမ်ားအတြက္ ႐ုန္းကန္ေနၾကရရာ စိတ္အာ႐ုံတည္ၿငိမ္ရန္အတြက္ နည္းလမ္းတစ္ခုအျဖစ္ အထက္ပါအတုိင္း ျပဳမႈႏုိင္ဖြယ္ရွိသည္။

Unicode

ဘာသာစကားအသစ်တစ်ခု သင်ယူခြင်းမှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်သော်လည်း စကားပြောဆိုခြင်းတွင် အရက်သောက်၍ ပြောခြင်းက ပြသနာပိုများဖွယ်ရှိသည်။သုတေသနပြု လေ့လာမှုတစ်ခုအရ ဘာသာစကားတစ်ခု လေ့လာပြောဆိုသောအခါ ဝိုင် သို့မဟုတ် ဘီယာ တစ်ခွက် သောက်သုံးခြင်းဖြင့် ရှက်ကြောက်မှု အဟန့်အတား လျော့နည်းစေသည်ဟု သိရသည်။

Psychopharmocology ဂျာနယ်တွင် မတ်စ်ထရစ်ထ်တက္ကသိုလ်မှ ဂျာမန်ဘာသာစကားပြောသူ ၅၀ ဦးပါဝင် သောသုတေသနပြုမှုကို ထည့်သွင်းဖော်ပြခဲ့သည်။ သင်တန်းသားအားလုံ ဒချ်စကားပြောသင်တန်းတက်နေကြပြီး အခါအားလျော်စွာ အရက်သောက်တတ်သူများဖြစ်သည်။ သူတို့အားလုံးမှာ မကြာသေးမီက ဘာသာစကားကျွမ်းကျင်မှုသရုပ်ပြ စာမေးပွဲဖြေဆိုအောင်မြင်ထားကြသည်။

သင်တန်းသားအားလုံးကို ဒတ်ခ်ျဘာ သာစကားပြောဆိုမှု နှစ်မိနစ်ကြာ အင်တာဗျုးသူနှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုမှု ပြုလုပ်ပြီး လေ့လာမှုစစ်တမ်း ကောက်ယူခဲ့သည်။ ပြောဆိုမှုမစတင်မီ သင်တန်းသား ထက်ဝက်ကျော်ကို ရေတိုက်ခဲ့ပြီး အခြားတစ်ဝက်က အရက်သောက်ထားခဲ့ကြသည်။ အရက်သောက်သူ တစ်ဦးချင်းစီ၏ အရက်ပမာဏမှာ သူတို့၏ ကိုယ်အလေးချိန်ကို အခြေခံတွက်ချက်ထားသည်။

လူတစ်ဦးချင်းစီ၏ စကားပြောဆိုမှုကို မှတ်တမ်းတင်ထားပြီး စစ်ဆေးမည့်သူ ထက်ဝက် အရက်သောက်ထားကြောင်း သိရှိမထားသော မူရင်းဒချ်ဘာသာစကားပြောသူ ဒချ်လူမျိုးနှစ်ဦးက နားထောင်အကဲဖြတ်ခဲ့သည်။ အဆိုပါစကားပြော စွမ်းရည်စစ်ဆေးခံသူများ ၏ စွမ်းဆောင်ရည်ကို သူတို့ကိုယ်သူတို့ အမှတ်ပေးရန် တောင်းဆိုခဲ့ရာ အံ့သြစရာကောင်းလောက်အောင်ပင် အရက်သောက်သူများကိုယ်တိုင်အမှတ်ပေး ရမှတ်နှင့် ရေသောက်ထားသူများရမှတ် အတူတူပင်ဖြစ်နေသည်။

စမ်းသပ်မှု၏ နောက်ဆုံးရလဒ်များတွင် အရက်သောက်သူများက စကားပြောပိုမို ချောမွေ့ကောင်းမွန်ပြီး အသံထွက်ပိုကောင်းသည်ကို တွေ့ရှိခဲ့သည်။ သို့ရာတွင် ၎င်းတို့ သောက်ထားသော အရက်ပမာဏမှာ အနည်းငယ်သာဖြစ်ပြီး အလွန်အကျွံပမာဏ သောက်သုံးပါက စကားပြောရာတွင် မသဲကွဲပဲ ဖြစ်နိုင်သည်ကို သတိပြုရန်လိုသည်။အများစုမှာ နှုတ်ဖြေစာမေးပွဲများအတွက် ရုန်းကန်နေကြရရာ စိတ်အာရုံတည်ငြိမ်ရန်အတွက် နည်းလမ်းတစ်ခုအဖြစ် အထက်ပါအတိုင်း ပြုမှုနိုင်ဖွယ်ရှိသည်။