မိသားစု တစ္ပိုင္ တစ္နိုင္လုပ္စားမလားစီးပြားေရအရလုပ္စားမလား အဆင္ေျပတယ္္္

Posted on

မိသားစု တစ္ပိုင္ တစ္နိုင္လုပ္စားမလားစီးပြားေရအရလုပ္စားမလား အဆင္ေျပတယ္္္

ေက်ာက္ဖ႐ုံယိုိ ျပဳလုပ္နည္း

ပထမဆုံး ေက်ာက္ဖ႐ုံသီးကုိ အခြံခြာၿပီး အတြင္းမွ အေစ့မ်ားကုိ ဖယ္႐ွားျပစ္ပါ။

ေက်ာက္ဖ႐ုံသီးအရင့္…ႏွစ္ခ်ဳိ့ျဖစ္ရပါမယ္။ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။

အခြံခြာလုိ႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကုိ အလ်ား (၄)လကၼ အနံ(၂)လကၼခန္္႔ အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန္႔စင္ေအာင္ ေရေဆးေၾကာပါ။

ကြမ္းစားထုံးမႈန္႔ကုိ ေရသန္႔သန္႔ထဲ၌အနည္းငယ္ ထည့္ေဖ်ာ္၍ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီးအစိတ္အပုိင္းမ်ားကုိ ၃နာရီခန္႔ၾကာေအာင္ စိမ္ေပးထားရပါမယ္။

သုံးနာရီခန္႔ၾကာေသာအခါ ၎အား ဆယ္ယူ၍ ေရသန္႔စင္ေအာင္္ တဖန္ေဆးေၾကာလုိက္ပါ။

ေက်ာက္ခ်ဥ္အရည္ သုံးဇြန္းခန္႔ကုိ ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ ေက်ာက္ဖ႐ုံ အစိတ္အပိုိင္းမ်ားကုိ

တဖန္ျပန္လည္ၿပီး မီးနစ္အနည္းငယ္မွ်ၾကာေအာင္ စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံစစ္ေပးထားပါ။

သၾကားကုိ လုိသေလာက္ခ်ိန္ထည့္ျပီး..ဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပုိင္းမ်ားကုိ သမေအာင္

ေရာနယ္ၿပီး ေရသန္႔သန္႔ထည့္ကာ နာရီ၀က္ခန္႔ က်ဳိခ်က္ေပးၿပီး ပ်စ္ခဲလာခ်ိန္၌ အုိးအတြင္းမွဆယ္ယူ၍

ဇကာေပၚသုိ႔ ျဖန္႔ၾကဲေပးၿပီး ေအးခဲသြားသည္အထိ့ ထားေပးလုိက္ပါက သန္႔႐ွင္းလတ္ဆတ္ၿပီး ခ်ဳိၿမိန္ေသာ ေက်ာက္ဖ႐ုံယုိ(သုိ႔)Wintermelon candy ကုိမွီ၀ဲသုံေဆာင္ႏုိင္ပါသည္။

Credit .ဓမၼေမတၱာ အရွင္ပညာသာရ

မိသားစု တစ်ပိုင် တစ်နိုင်လုပ်စားမလားစီးပွားရေအရလုပ်စားမလား အဆင်ပြေတယ်််

ကျောက်ဖရုံယိို ပြုလုပ်နည်း

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။

ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့်် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင်် တဖန်ဆေးကြောလိုက်ပါ။

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိိုင်းများကို

တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင်

ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍

ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ့ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော

ကျောက်ဖရုံယို(သို့)Wintermelon candy ကိုမှီဝဲသုံဆောင်နိုင်ပါသည်။

Credit .ဓမ္မမေတ္တာ အရှင်ပညာသာရ