COVID-19 ကာလမှာ အလုပ်တွေရပ်လိုက်ရလို့ ငို လိုက်၊ ရယ် လိုက်ဖြစ်ပြီး စိတ်ဓာတ် ကျခဲ့ရတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ ဖွေးဖွေး

သရုပ်ဆောင်မင်သမီးချောဖွေးဖွေးကတော့ လက်ရှိ အကယ်ဒမီ ရွှေစင်ရုပ်ထု ၃ ဆုပိုင်ရှင် ပရိသတ်အင်အားတောင့်တင်းစွာနဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေသူတစ်ဦးပါ။Covid 19 ကာလအတွင်းမှာ အနုပညာရှင်အားလုံး ရိုက်ကူးရေးတွေရပ်နားခဲ့ရတာကြောင့်ဖွေးဖွေးတစ်ယောက်လည်း အနားရနေခဲ့တာဖြစ်ပါတယ်။

ဖွေးဖွေးက Covid 19 ကာလမှာ Stay Home နေရင်း တစ်သက်လုံးဒီလိုမျိုးကြီးပဲ ဖြစ်သွားတော့မလားဆိုတဲ့စိတ်နဲ့ ငိုလိုက် ရယ်လိုက်ဖြစ်ကာ စိတ်ဓာတ်ကျခဲ့ရတယ်လို့ဆိုလာခဲ့တာပါ။

“COVID-19 ကာလမှာ တစ်သက်လုံး ဒီလိုမျိုး ဖြစ်သွားမလား လို့ စိတ်ပူပြီး စိတ်ဓာတ် ကျခဲ့ရတယ်။ ငို လိုက်၊ ရယ် လိုက် တောင် ဖြစ်သွားတယ်။အမေ စု Facebook အကောင့်ဖွင့် လိုက်တဲ့ အချိန်မှာ အမေစု ကို အားယူပြီး၊ ပုံမှန် ပြန်ဖြစ်အောင် ပြန်ကြိုးစားခဲ့တယ်။ လောကကြီး အကြောင်းကို ပိုလေ့လာဖို့ အချိန်တွေ ပိုရခဲ့ပါတယ်”လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

“ကိုယ့်အလုပ်ကကျတော့ Professinal ကရုပ်ရှင်လေ…. အဓိကက ရုပ်ရှင်ရုံတွေရှိမှရမှာပေါ့…..ပြီးရင် ကြော်ငြာတွေပေါ့…ဖွေးကကျတော့ Social Media တွေမှာ သိပ်တက်တဲ့လူမျိုးမဟုတ်ဘူးလေ…Live လွှင့်တာလည်း သိပ်မလုပ်ဖြစ်ဘူး..ဖွေးကသရုပ်ဆောင်ဆိုတော့ ရုပ်ရှင်ရိုက်ရတာကို ပိုပျော်တယ်… ဆိုတော့ စိတ်ဓာတ်ကျမိတဲ့ အကြောင်းဖွင့်ဟလာခဲ့တာပါ။ တနည်းအားဖြင့်တော့ အရင်က မလုပ်ဖြစ်တာတွေလည်း လုပ်ဖြစ်ခဲ့တယ်လို့ သိရပြီး အခုတော့ အေးဆေးစွာဖြတ်ကျော်နိုင်နေပြီလို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ဒါကတော့ Stay Home ကာလမှာ ကိုဗစ် ၁၉ ကြောင့် စိတ်ဓာတ်ကျနေခဲ့ရတဲ့ဖွေးဖွေးရဲ့ အကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။အားလုံးပဲ ကိုဗစ်ကြောင့် အမြန်ဆုံး လုပ်ငန်းတွေပြန်လည်အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*