မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေသန့်ဗူးခွံတွေ၊ စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ စာကြည့်တိုက်

ဇူလိုင်(၃၁) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်ရဲ့ တမိုင်ခန့်အကွာက နတ်ကြိုအိုင်ကျေးရွာမှာ စာကြည့်တိုက်တခု ရှိနေပါတယ်။ အဲဒီစာကြည့်တိုက်တခုလုံးကို ပွိုင့်၆ လီတာ ရေသန့်ဗူးတွေထဲမှာ အမှိုက်တွေထည့်ကာ မြန်မာနိုင်ငံရဲ့ ပထမဆုံး စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ စာကြည့်တိုက်အဖြစ် စွန့်ပစ်အမှိုက်တွေကို အသုံးပြုပြီး တည်ဆောက်ထားတာပါ။ မိလိန္ဒစာကြည့်တိုက်လို့ နာမည်ပေးထားတဲ့ အဲဒီစာကြည့်တိုက်ကို ၂၀၁၄လောက်တည်းက ပုဂံမှာ ပလတ်စတစ်အသုံးမပြုရေးနဲ့ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး ကမ်ပိန်းလုပ်နေတဲ့ ပုဂံပလတ်စတစ်ကမ်ပိန်းက ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ပြင်သစ်သံရုံးက တာဝန်ရှိသူတဦးရဲ့ အကြံပေးမှုနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မိလိန္ဒစာကြည့်တိုက်ဟာ ပေ ၃ဝကျယ်ဝန်းပြီး၊ အမြင့် ၁ဝပေခန့်ရှိကာ သိန်း ၁၃၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

စာကြည့်တိုက်တည်ဆောက်ရာမှာ အလုပ်အကိုင်မရှိတဲ့သူတချို့အတွက်အလုပ်ပေးခဲ့ပြီး ကုန်ကျစရိတ်က သာမန်အုတ်စီအဆောက်အဦးထက် ပိုကုန်ကျမှုရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးကလည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစာကြည့်တိုက်ကို ပုဂံပလတ်စတစ်ကမ်ပိန်းက နတ်ကြိုအိုင်ကျေးရွာကို လှုဒါန်းထားပါတယ်။စာကြည့်တိုက်မှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး တဦးက ဦးဆောင်ကာ ဂျပန်နိုင်ငံသက်ကြီးအသင်းတခုက လှုဒါန်းတဲ့ကွန်ပျူတာတွေနဲ့ ကွန်ပျူတာသင်တန်း၊ အင်တာနက်အသုံးပြုနည်းနဲ့ အင်္ဂလိပ်စကားပြောသင်တန်တွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေပြီး လူငယ်တွေ ဖတ်ရှုဖို့ စာအုပ်စာတန်းတချို့တော့ ့လိုအပ်နေတယ်လို့ သိရပါတယ်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

Zawgyi

ဇူလိုင္(၃၁) AlinnMyay(အလင္းေျမ)

မႏၲေလးတိုင္းေဒသႀကီး၊ ပုဂံၿမိဳ႕သစ္ရဲ႕ တမိုင္ခန႔္အကြာက နတ္ႀကိဳအိုင္ေက်း႐ြာမွာ စာၾကည့္တိုက္တခု ရွိေနပါတယ္။ အဲဒီစာၾကည့္တိုက္တခုလုံးကို ပြိဳင့္၆ လီတာ ေရသန႔္ဗူးေတြထဲမွာ အမႈိက္ေတြထည့္ကာ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး စြန႔္ပစ္ပစၥည္းေတြနဲ႔ တည္ေဆာက္ထားတဲ့ စာၾကည့္တိုက္အျဖစ္ စြန႔္ပစ္အမႈိက္ေတြကို အသုံးျပဳၿပီး တည္ေဆာက္ထားတာပါ။ မိလိႏၵစာၾကည့္တိုက္လို႔ နာမည္ေပးထားတဲ့ အဲဒီစာၾကည့္တိုက္ကို ၂၀၁၄ေလာက္တည္းက ပုဂံမွာ ပလတ္စတစ္အသုံးမျပဳေရးနဲ႔ စည္းကမ္းတက် အမႈိက္စြန႔္ပစ္ေရး ကမ္ပိန္းလုပ္ေနတဲ့ ပုဂံပလတ္စတစ္ကမ္ပိန္းက ၂၀၁၅ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ျပင္သစ္သံ႐ုံးက တာဝန္ရွိသူတဦးရဲ႕ အႀကံေပးမႈနဲ႔ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ မိလိႏၵစာၾကည့္တိုက္ဟာ ေပ ၃ဝက်ယ္ဝန္းၿပီး၊ အျမင့္ ၁ဝေပခန႔္ရွိကာ သိန္း ၁၃၀ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

စာၾကည့္တိုက္တည္ေဆာက္ရာမွာ အလုပ္အကိုင္မရွိတဲ့သူတခ်ိဳ႕အတြက္အလုပ္ေပးခဲ့ၿပီး ကုန္က်စရိတ္က သာမန္အုတ္စီအေဆာက္အဦးထက္ ပိုကုန္က်မႈရွိခဲ့တယ္လို႔ တာဝန္ရွိသူတဦးကလည္း ဆိုပါတယ္။

လက္ရွိမွာေတာ့ အဲဒီစာၾကည့္တိုက္ကို ပုဂံပလတ္စတစ္ကမ္ပိန္းက နတ္ႀကိဳအိုင္ေက်း႐ြာကို လႈဒါန္းထားပါတယ္။စာၾကည့္တိုက္မွာ အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီး တဦးက ဦးေဆာင္ကာ ဂ်ပန္ႏိုင္ငံသက္ႀကီးအသင္းတခုက လႈဒါန္းတဲ့ကြန္ပ်ဴတာေတြနဲ႔ ကြန္ပ်ဴတာသင္တန္း၊ အင္တာနက္အသုံးျပဳနည္းနဲ႔ အဂၤလိပ္စကားေျပာသင္တန္ေတြကို ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေနၿပီး လူငယ္ေတြ ဖတ္ရႈဖို႔ စာအုပ္စာတန္းတခ်ိဳ႕ေတာ့ ့လိုအပ္ေနတယ္လို႔ သိရပါတယ္။ေဝဖုန္းစံ(ျပည္) #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay

Be the first to comment

Leave a Reply

Your email address will not be published.


*