သူဝါသနာပါတဲ့ Special make-up ပညာနဲ့ မင်းသားကြီး ဦးဝင်းဦးနဲ့ တစ်ပုံစံထဲတူအောင်ဖန်တီးထားတဲ့ ပုံလေးတွေတင်လိုက်တဲ့ နေတိုး

သရုပ်ဆောင် မင်းသားချော နေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လတ်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသူပဲ ဖြစ်ပါတယ်။ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီသတဲ့နေတိုးက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲချစ်ခင်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ နေတိုးက တကယ့်ကိုလူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရသလို လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ပြီး အမျိုးသားပရိသတ်တွေကိုပါအခိုင်အမာရရှိထားတဲ့ အကယ်ဒမီနေတိုးဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူးနော်။

အခုလည်း သူဝါသနာပါတဲ့ Special make-up ပညာနဲ့ မင်းသားကြီး ဦးဝင်းဦးနဲ့ တစ်ပုံစံထဲတူအောင်ဖန်တီးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေတွက် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ နေတိုး တစ်ယောက် ဦးဝင်းဦးနဲ့ အရမ်းတူလွန်းနေတာကြောင့် ပရိသတ်တွေချီးကျူးနေကြတာလည်းဖြစ်ပါတယ်။နေတိုးလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.။

Yuan – Cele Zone

Photo – Nay Toe

Zawgyi





Yuan – Cele Zone

Be the first to comment

Leave a Reply

Your email address will not be published.


*