အြန္လိုင္းမွသာတင္ဆက္ေတာ့မည့္ ႏွင္းဆီအၿငိမ့္online ေဖ်ာ္ေျဖပြဲ

Written by Thi Ha

ပရိသတ္ေတြခ်စ္တဲ့နာမည္ေက်ာ္မင္းသားေတြရဲ႕ႏွင္းဆီအၿငိမ့္ကေတာ့ ေဖ်ာ္ေျဖလာတာႏွစ္မ်ားစြာၾကာေနၿပီျဖစ္သလို ပရိသတ္ေတြရဲ႕အားေပးမႈကို ပိုင္ဆိုင္ထားဆဲပါ။ ယခုႏွစ္ကေတာ့ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ ပြဲအခမ္းအနားေတာ္ေတာ္မ်ားမ်ားလည္း ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းထားရတာလ ျဖစ္ပါတယ္။ ပရိသတ္ေတြသေဘာက်တဲ့ ႏွင္းဆီေဖ်ာ္ေျဖပြဲကေတာ့ ပုံစံအသစ္နဲ႔ထြက္ေပၚလာဦးမယ့္ပုံပါပဲ။

ဒီေဖ်ာ္ေျဖပြဲေလးကို အြန္လိုင္းမွာသာက်င္းပေတာ့မယ့္အေၾကာင္းကို “တစ္ႏွစ္မွ တစ္ပြဲသာ ျပဳလုပ္သည့္ ႏွင္းဆီေဖ်ာ္ေျဖပြဲေလးကို ဒီႏွစ္မွာေတာ့ ကိုဗစ္ကာလေၾကာင့္ အြန္လိုင္းမွသာ တင္ဆက္ပါေတာ့မည္။ ဒီတခါေတာ့ ေတးသီခ်င္းမ်ားကိုသာ အဓိကထားသည့္ ႏွင္းဆီ Unplugged Show ပြဲအေနျဖင့္ စက္တင္ဘာ(၂)ရက္ေန႔မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဖ်ာ္ေျဖတင္ဆက္ေပးသြားပါမည္ျဖစ္ပါေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္.. ” ဆိုၿပီးေတာ့ ထုတ္လုပ္သူတစ္ေယာက္ျဖစ္တဲ့ ေဝမင္းေမာင္ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပထားတာပါ။

ပရိသတ္ေတြကေတာ့ ႏွစ္တိုင္းက်င္းပေနၾကျဖစ္တဲ့ ႏွင္းဆီအဖြဲ႕သားေတြရဲ႕ေဖ်ာ္ေျဖမႈေတြကို ေမွ်ာ္လင့္လ်က္ရွိေနၾကမွာပါ။ ႏွင္းဆီေဖ်ာ္ေျဖမႈကေတာ့ ဒီတစ္ႏွစ္မွာပုံစံအသစ္နဲ႔ ပရိသတ္ေတြဆီေရာက္လာဦးမွာျဖစ္တာေၾကာင့္ ပရိသတ္ကိုသတင္းေကာင္းေလး ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္….

Celegabar

ပရိသတ်တွေချစ်တဲ့နာမည်ကျော်မင်းသားတွေရဲ့နှင်းဆီအငြိမ့်ကတော့ ဖျော်ဖြေလာတာနှစ်များစွာကြာနေပြီဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုကို ပိုင်ဆိုင်ထားဆဲပါ။ ယခုနှစ်ကတော့ ကပ်ရောဂါဆိုးကြီးကြောင့် ပွဲအခမ်းအနားတော်တော်များများလည်း နောက်ဆုတ်ရွှေ့ဆိုင်းထားရတာလ ဖြစ်ပါတယ်။ ပရိသတ်တွေသဘောကျတဲ့ နှင်းဆီဖျော်ဖြေပွဲကတော့ ပုံစံအသစ်နဲ့ထွက်ပေါ်လာဦးမယ့်ပုံပါပဲ။

ဒီဖျော်ဖြေပွဲလေးကို အွန်လိုင်းမှာသာကျင်းပတော့မယ့်အကြောင်းကို “တစ်နှစ်မှ တစ်ပွဲသာ ပြုလုပ်သည့် နှင်းဆီဖျော်ဖြေပွဲလေးကို ဒီနှစ်မှာတော့ ကိုဗစ်ကာလကြောင့် အွန်လိုင်းမှသာ တင်ဆက်ပါတော့မည်။ ဒီတခါတော့ တေးသီချင်းများကိုသာ အဓိကထားသည့် နှင်းဆီ Unplugged Show ပွဲအနေဖြင့် စက်တင်ဘာ(၂)ရက်နေ့မှာ ပျော်ပျော်ရွှင်ရွှင် ဖျော်ဖြေတင်ဆက်ပေးသွားပါမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်.. ” ဆိုပြီးတော့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ ဝေမင်းမောင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာပါ။

ပရိသတ်တွေကတော့ နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ဖျော်ဖြေမှုတွေကို မျှော်လင့်လျက်ရှိနေကြမှာပါ။ နှင်းဆီဖျော်ဖြေမှုကတော့ ဒီတစ်နှစ်မှာပုံစံအသစ်နဲ့ ပရိသတ်တွေဆီရောက်လာဦးမှာဖြစ်တာကြောင့် ပရိသတ်ကိုသတင်းကောင်းလေး ပြန်လည်မျှဝေလိုက်ပါတယ်နော်….

Celegabar

About the author

Thi Ha