အကြိမ် ၅၀ မြောက် အောင်စာရင်းကို ရင်ခုန်စွာ စောင့်မျှော်နေသည့် အသက် ၇၄နှစ်အရွယ် ဖိုးဖိုး

Written by Thi Ha

အကြိမ် ၅၀ မြောက် အောင် စာရင်း ကို ရင်ခုန် စွာ စောင့်မျှော်နေ သည့် အသက် ၇၄နှစ်အရွယ် ဖိုးဖိုး

မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားပါတယ် ဦးသိန်းညွန့် သည်၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတာပါ မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားကြောင်း သိရသည်။

“ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောသည်။….

ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။

Zawgyi

အႀကိမ္ ၅၀ ေျမာက္ ေအာင္ စာရင္း ကို ရင္ခုန္ စြာ ေစာင့္ေမွ်ာ္ေန သည့္ အသက္ ၇၄ႏွစ္အရြယ္ ဖိုးဖိုး

ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မွ အ ဘိုး ဦးသိန္းၫြန႔္(၇၄)ႏွစ္သည္ ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို အက–၃၁၀၅ ျဖင့္ အလက ေတာရေက်ာင္း စာစစ္ဌာနတြင္ ေျဖဆိုထားပါတယ္​ ဦးသိန္းၫြန႔္ သည္၎အတြက္အႀကိမ္ ၅၀ ေျမာက္ျဖစ္သည့္ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ​ေျဖဆိုထားတာပါ ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕ရွိ ေနအိမ္၌ အတြဲ(၂) ဘာသာရပ္မ်ားျဖစ္ေသာ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီဝင္၊ သမိုင္းႏွင့္ ေဘာဂေဗဒဘာသာရပ္တို႔ကို ေျဖဆို ထားေၾကာင္း သိရသည္။

“ကြၽန္ေတာ္က တကၠသိုလ္ဝင္ စာေမးပြဲ မေအာင္မခ်င္း စိတ္ဓာတ္ မက်ပါဘူး။ ဇြဲ၊ လုံ႔လမေလွ်ာ့ဘဲ ဆက္ လက္ႀကိဳးစား ေျဖဆိုသြားမွာပါ။တစ္ႏွစ္ႏွစ္ေတာ့ ေအာင္ျမင္မွာပါ။ ကြၽန္ေတာ္က သခ်ၤာအားနည္းပါတယ္။ဒီႏွစ္ေတာ့ သခ်ၤာေအာင္မွတ္ရဖို႔ ႀကိဳးစားထားပါတယ္​။ ေအာင္မယ္လို႔လည္း ယုံၾကည္ပါတယ္။ လူငယ္ ေတြကို ေျပာခ်င္တာ က ဘာကိုမွ စိတ္ ဓာတ္က်စရာမလိုပါဘူး။ ကြၽန္ေတာ့္ ကို စံနမူနာယူဟု အဘိုးဦးသိန္းၫြန႔္က ေျပာသည္။

ဦးသိန္းၫြန႔္ (၇၄)ႏွစ္သည္ တကၠသိုလ္ဝင္စာေမးပြဲကို ၁၉၇၀ ျပည့္ႏွစ္က စတင္ေျဖဆိုခဲ့ၿပီး ယခုႏွစ္ ဆိုလွ်င္ ႏွစ္ေပါင္ း(၅ ၀ )ရွိ ခဲ့ၿပီျဖစ္ရာ မူလတန္းဆင့္ ကို ၁၄ လမ္း မူလတန္းေက်ာင္း၌ လည္းေကာင္း၊ အလယ္တန္းဆင့္ကို အလက ေညာင္တုန္ းေက်ာင္း၌ လည္းေကာင္း၊ အထက္တန္းဆင့္ကို ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕အထက(၁)၌ လည္းေကာင္း ပညာသင္ယူခဲ့သူ ျဖစ္သည္။အဘိုးတြင္ ဇနီးေဒၚစိန္(ကြယ္လြန္)ႏွင့္ သားသမီး ငါးဦးထြန္းကားခဲ့ၿပီး ယခင္က ေရထမ္း အလုပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳကာ ယခု ေရထမ္းအလုပ္မွ အနားယူခဲ့ေၾကာင္းသိရၿပီး အဘိုးသည္ က်န္းမာေရးေကာင္းမြန္သူတစ္ဦးလည္း ျဖစ္သည္။

Credit

About the author

Thi Ha